ကမ္ဘာ့အကောင်းဆုံး ဒိုင်လူကြီးဆုကို Pierluigi Collina (၁၉၉၈-၂၀၀၃)၊ Roberto Rosetti (၂၀၀၈) နဲ့ Nicola Rizzoli (၂၀၁၄-၂၀၁၅) နောက်ပိုင်းတွင် အော်ဆာတိုဟာ လေးယောက်မြောက် ဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီလူမျိုးဒိုင်လူကြီးဖြစ်လာပါတယ်။

Source: CalcioMercato

ဒီဆုကို နိုင်ငံတကာဘောလုံးသမိုင်းနှင့် စာရင်းပြုစုရေးအဖွဲ့ (IFFHS) ကရွေးချယ်ပေးအပ်ခြင်းဖြစ်ပါတယ်။ IFFHS ကို (၁၉၈၇) ခုနှစ်မှစတင်ခဲ့ကာတစ်နှစ်တာအကောင်းဆုံးဆုများ ရွေးချယ်ချီးမြှင့်နေပြီး နိုင်ငံပေါင်း (၁၅၀) မှ နာမည်ကျော်ဘောလုံးဂျာနယ်လစ်များနှင့် သမိုင်းပညာရှင်များက ရွေးချယ်ပေးနေခြင်းဖြစ်ပါတယ်။

အောဆာတိုဟာ စီးရီးအေမှာ (၂၃၂) ပွဲအထိ ကိုင်တွယ်ထားပြီး ဥရောပပြိုင်ပွဲတွေမှာလည်း ပွဲပေါင်း (၆၀) အထိကိုင်တွယ်ထားကြောင်းသိရပါတယ်။ အဆိုပါ ဒိုင်လူကြီးဟာ (၂၀၁၇) ခုနှစ်မှာ Germany’s IFFHS Award Winner လည်းရရှိခဲ့ဖူးပါတယ်။

Source: FC Barcelona Noticias

အော်ဆာတိုသည် မန်ယူနှင့် PSG အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်ယူအသင်းကွင်းလယ်လူ ဖရက်ဒ်က PSG အသင်းမှ ပါရေဒက်စ်ကို ခေါင်းဖြင့်တိုက်ခဲ့သော်လည်း အဝါကတ်သာပြသခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။ ဖရက်ဒ်နှင့် ပါရေဒက်စ်တို့၏ဖြစ်ရပ်ကို အော်ဆာတိုက VAR  ဖြင့် ပြန်လည်ကြည့်ရှုခဲ့သော်လည်း အငြင်းပွားဖွယ်ရာဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်ပြီး သူ၏ ဆုံးဖြတ်ချက်အပေါ်  PSG အသင်းပရိသတ်များ စိတ်ပျက်ဒေါသထွက်ခဲ့သလို၊ ကျွမ်းကျင်သူများကလည်း ဝေဖန်ခဲ့ကြပါတယ်။

Source: Daily-Mail

အော်ဆာတိုသည် ဒုတိယပိုင်းပွဲချိန်အတွင်း ဖရက်ဒ်ကို (၂) ဝါ (၁)နီဖြင့် ထုတ်ပယ်ခဲ့ပြီး အဆိုပါဖြစ်ရပ်တွင်လည်း ဖရက်ဒ်အား ထုတ်ပယ်ခံခြင်းမှာ မှားယွင်းကြောင်း ဝေဖန်မှုတွေနဲ့ ကြုံခဲ့ရပါသေးတယ်။ အော်ဆာတိုဟာ (၂၀၁၉-၂၀၂၀) တွင် လစ်စ်ဘွန်းမှာ ကျင်းပခဲ့သော ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်ဖြစ်တဲ့ ဘေယန်မြူးနစ်နဲ့ PSG အသင်းတို့ရဲ့ ပွဲကိုလည်းကိုင်တွယ်ခွင့်ရခဲ့ပါတယ်။

၂၀၂၀ ခုနှစ် IFFHS ကရွေးချယ်ထားတဲ့ အကောင်းဆုံး ဒိုင်လူကြီးများစာရင်း

  1. Daniele Orsato (ITA) 170 p
  2. Felix Brych (GER) 90 p
  3. Björn Kuipers (NED) 45 p
  4. Damir Skomina (SVN) 40 p
  5. Antonio Mateu Lahoz (ESP) 15 p
  6. Nestor Pitana (ARG) 10 p
  7. Anthony Taylor (ENG) 10 p
  8. Cüneyt Cakir (TUR) 5 p
  9. Mike Dean (ENG) 5 p
  10. Ovidiu Hategan (ROU) 5 p
  11. Danny Makkelie (NED) 5 p
  12. Jose Sanchez Martinez (ESP) 5 p
  13. Clement Turpin (FRA) 5 p
  14. Slavko Vincic (SVN) 5