Justin Bieber ဟာ တစ်ကမ္ဘာလုံးကနှုတ်ခမ်းနီမလေးတွေသာမက လူငယ်လူကြီးမကျန် တစ်ခဲနက်အားပေးကြတဲ့ ကြယ်ပွင့်တစ်ယောက်ဆိုတာ အသေချာပါပဲ။ လက်ရှိမှာ Hailey Bieber နဲ့ နှစ်ကိုယ့်တစ်စိတ်လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲအဖြစ်လည်း အောင်မြင်တဲ့အနုပညာကြယ်ပွင့်အဖြစ်သာမက သာယာလှပတဲ့အိမ်ထောင်ရေးခရီးတစ်ခုကိုပါ လျှောက်လှမ်းနေပါတယ်။

Justin Bieber: Our World' Documentary

Photo : KVUE

အခုနောက်ဆုံးအနုပညာလှုပ်ရှားမှုအနေနဲ့ Covidကြောင့် သုံးနှစ်တာရပ်နားထားရတဲ့ Justin Bieber:Our World 2021 Documentary ဟာ ထွက်ရှိလို့လာပါပြီ။ Beliebers များသာမက အနုပညာကိုမြတ်နိုးသူတိုင်းအတွက် ဒီ Documentary ဟာ လက်လွှတ်မခံသင့်လောက်အောင် ပြောင်မြောက်လဲဆိုတာ မျှဝေလိုက်ပါတယ်။

2020 ဟာဆိုရင် International Stars တို့ရဲ့ Documentary ပေါင်းများစွာထွက်ရှိခဲ့တဲ့နှစ်တစ်နှစ်ပါ။ Beliebers များအတွက် 2021 October 21 မှာထွက်ရှိလာတဲ့ Justin Bieber:Our World ကတော့ New Year’s Eve Concert 2020 အတွက် JBနဲ့ သူ့အဖွဲ့သားတွေရဲ့ အားစိုက်ကြိုးစားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ ဂီတဖြေဖျော်ပွဲကြီးဟာဆိုရင် Beverly Hill Hotel ကြီးရဲ့ Rooftop မှာ ပွဲတက်ရောက်ကြည့်ရှူသူ ၂၄ဝ အပြင် T-mobileနဲ့ Collab ပြီး Onlineကနေပါ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့ပါတယ်။

Justin Bieber ရဲ့ ပထမဆုံး Youtube Originals မှာ ထွက်ရှိထားတဲ့ Series တွဲဖြစ်တဲ့ Justin Bieber:Seasons ရဲ့ပဲ့ကိုင်ရှင် Director Michael D. Ratner ကပဲ ပြောင်မြောက်တဲ့အနုပညာလက်ရာတွေနဲ့ Justin Bieber:Our Worldကို တင်ဆက်ထားတာ ဖြစ်ပါတယ်။ Justin Bieber:Seasons ကို ကြည့်ရှုပြီးသား Beliebers တွေဆိုရင် အထူးပြောပြစရာမလိုအောင် သိပြီးသားဖြစ်မှာပါ။ ၉၄ မိနစ်စာကြာမြင့်တဲ့ Documentary မှာဆိုရင် Stage နောက်ကွယ်ကလှုပ်ရှားမှုတွေနဲ့ ဇာတ်အိမ်စထားတာကြည့်ခြင်းအားဖြင့် JBနဲ့ တဖွဲ့သားလုံးရဲ့ ဟန်ချက်ညီညီ ကြိုးစားအားထုတ်မှုတွေကို အဓိကထားပြီးဖော်ပြချင်တဲ့ ကားတစ်ကားဖြစ်ကြောင်း သိနိုင်ပါတယ်။

 Justin Bieber: Our World' Documentary

Photo : Entertainment Tonight

ဇာတ်ကားစစချင်းကနေမိနစ် ၃ဝလောက်ထိကတော့ ရှိုးပွဲနောက်မှ အဖြစ်အပျက်တွေကို အဓိကရိုက်ပြထားလို့ ပျင်းစရာကောင်းတယ်ထင်ရနိုင်ပေမဲ့ အောင်မြင်တဲ့စတိတ်ရှိုးတစ်ခုဖြစ်ဖို့ ဘယ်လောက်တောင်ကြိုးစားအားထုတ်ရတယ်ဆိုတာကိုတော့ အတွင်းကျကျ သိရှိနားလည်သွားစေမှာဖြစ်ပါတယ်။ ကိုယ့်Idol ရဲ့ ကြိုးစားအားထုတ်မှုတွေကို အနီးကပ်မြင်တွေ့ရမှာဖြစ်လို့ Beliebersတွေအတွက် Covidကြောင့် ဝေးကွာနေတဲ့စတိတ်ရှိုးအရသာတွေကိုလဲ တစ်ဖန်ပြန်ခံစားနိုင်စေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်စေမှာအသေချာပါပဲ။

2009 မှာ ထွက်ရှိထားတဲ့ My Worldကနေ ထွက်သမျှ Albumတိုင်းကို လက်မလွှတ်တမ်းကြည့်ခဲ့တဲ့ Beliebersတွေအတွက် Justin Bieber: Our Worldကတော့ Idolနဲ့တူတူဖြတ်သန်းခဲ့ရတဲ့ Moments တွေကို ပြန်သတိရစေနိုင်မယ့် ဇာတ်ကားဖြစ်ပါတယ်။ ၂၀၁၇ ပြီးကထဲက ပထမဆုံးပြန်လုပ်တဲ့ပွဲကြီးဖြစ်လို့ ပါဝင်အားဖြည့်မယ့်အနုပညာရှင်တွေအားလုံးအတွက်သာမက ပရိသတ်များအတွက်ပါ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ရင်ခုန်စရာကောင်းတဲ့ပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ထုတ်လုပ်ရေးအဖွဲ့ရဲ့ ပြင်ဆင်မှုတွေက ရင်သပ်ရှုမောဖွယ်ကောင်းလှတဲ့ သံစဥ်များနဲ့အညီ ဝေဟင်မှာပျံဝဲနေသော Dronesများ၊ မီးရှူးမီးပန်းများ၊ ရှုမငြီးတဲ့ Lighting များနဲ့ အင်မတန်ပြောင်မြောက်တဲ့တင်ဆက်မှုတွေကို ခံစားရမှာအသေချာပါပဲ။

နောက်ထပ်အရေးပါတဲ့အချက်တစ်ခုကတော့ ဒီဇာတ်ကားကနေတစ်ဆင့် Justin Bieberရဲ့ အနုပညာသက်တမ်း ၁ဝ နှစ်တာတစ်လျောက်မှာ ရင့်ကျက်ပြောင်းလဲလာမှုတွေကို သိရှိနားလည်လာစေမယ့် အချက်ပဲဖြစ်ပါတယ်။ အဲ့အချက်ကတော့ Album Title တွေမှာ My World ကနေ Our World အဖြစ်ပြောင်းလဲလာတဲ့ အချက်ပဲဖြစ်ပါတယ်။ Justin Bieber ရဲ့ရင့်ကျက်ပြောင်းလဲလာတဲ့ အမြင်သဘောထားတွေကို ပါးပါးလေးလှစ်ဟပ်ပြသွားတာကလဲ အနှစ်သာရရှိလှပါတယ်။ ပွဲစဥ်တစ်လျောက်လုံးမှာလဲ Holy သီချင်းကို Haileyအတွက် သီဆိုပြီးနှစ်ယောက်သားချစ်ကြည်နူးစွာ မိသားစုမောင်နှမများနဲ့ သွားလာလှုပ်ရှားမှုတွေကို တင်ဆက်ထားပါတယ်။ JB ရဲ့ ရင့်ကျက်တည်ငြိမ်လာမှုကို မိသားစုအပေါ်အလေးအနက်ထားတတ်လာတဲ့ အပြုအမူကနေ အထင်းသားမြင်တွေ့ ခံစားရစေပါတယ်။ ငယ်ဘဝရဲ့ အထီးကျန်ဆန်မှုတွေကိုလဲ Lonely ဆိုတဲ့သီချင်းနဲ့ ပရိသတ်ရင်ထဲရောက်အောင် သီဆိုတင်ဆက်ခဲ့ပါသေးတယ်။

 Justin Bieber: Our World' Documentary

Photo : Rolling Stone

ဒါကြောင့် Justin Bieber: Our World Documentaryဟာ New Year’s Eve Concert တစ်ခုအဖြစ်သာမက Justin Bieber ရဲ့ ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံတွေနဲ့ နောက်ထပ်ရင့်ကျက်ပြောင်းလဲလာတဲ့ Bieber ရဲ့ ဘဝစာမျက်နှာအသစ်ကိုလဲ တွေ့မြင်ခံစားနိုင်စေမယ့် ဇာတ်ကားကောင်းတစ်ခုဖြစ်တာကြောင့် Beliebers တွေသာမက JB ကိုချစ်တဲ့ပရိသတ်တွေ အားလုံးကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားလို့ ညွန်းဆိုပေးချင်ပါတယ်ခင်ဗျာ။

Source : Amazon Prime Video

Featured Photo : TV Insider