စတိုင်ကျကျနဲ့ ခပ်မိုက်မိုက် ဆယ်ကျော်သက်ပုံစံမျိုးဖြစ်ချင်တယ်ဆိုရင် ဝတ်စားဆင်ယင်မှုစတိုင်တွေနဲ့ လုပ်ယူဖန်တီးလို့ရပါတယ်။ ကိုယ့်ကိုယ်ကို နုပျိုပြီး ဆယ်ကျော်သက်ပုံစံမျိုးပေါက်သွားအောင် ဘယ်လိုဝတ်စားဆင်ယင်မှုတွေ ပြုလုပ်သင့်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။

ရိုးရှင်းပြီးဆွဲဆောင်မှုရှိတဲ့ စတိုင်

Source: Pinterest

ရိုးရှင်းတဲ့စတိုင်ဟာ အထူးခြားဆုံးပါပဲ။ ဒီတော့ ထူးထူးထွေထွေတွေ စဉ်းစားမနေပါနဲ့။ ရိုးရှင်းပြီး သေသပ်ကျနတဲ့ တီရှပ်တစ်ထည်၊ စတိုင်ပင်ဘောင်းဘီနဲ့ ဘွတ်ဖိနပ်တစ်ရံရှိရင်ကို ဆယ်ကျော်သက်အသွင် ဖန်တီးယူလို့ရပါပြီ။

Hoodie Boy

Source: Pinterest

Hoodie Boy ပုံစံကလည်း ယနေ့ခေတ်ရဲ့ ဆယ်ကျော်သက် လူငယ်ပုံစံပါပဲ။ Hoodie Boy ဖြစ်ဖို့အတွက်ကတော့ Hoodie အင်္ကျီတစ်ထည်၊ စတိုင်ပင်ဘောင်းဘီနဲ့ လည်သာဖိနပ်တစ်ရံ၊ ဖန်စီပစ္စည်းနည်းနည်း ဝတ်ဆင်လိုက်ရင်ပဲ လုံလောက်နေပါပြီ။ ဖက်ရှင်ပစ္စည်းဆိုတာက နာရီပဲ ဝတ်ဆင်မယ်ဆိုရင်တောင် အတော်အဆင်ပြေနေပါပြီ။ ခြေအိတ်စွပ်ဖို့တော့ မမေ့ပါနဲ့နော်။

ဆယ်ကျော်သက်ပုံစံဆိုပေမယ့်လည်း ကိုကိုခန့်လိုနေလို့ရပါသေးတယ်

Source: Fashion Hombre

အကွက်စိပ်အင်္ကျီနဲ့ စတိုင်ပင်န်အင်္ကျီကို ဝတ်ဆင်လို့ရပါသေးတယ်။ ဒီစတိုင်ကတော့ ခုလတ်တလောမှာ အတော်ကို ခေတ်စားနေတဲ့ ဖက်ရှင်စတိုင်ပဲ ဖြစ်ပါတယ်။ ယောကျာ်းလေးတွေလည်း ကြိုက်နှစ်သက်ကြသလို မိန်းကလေးတွေလည်း အထူးအထူး ကြိုက်နှစ်သက်နေတဲ့ ဖက်ရှင်စတိုင်ပါ။

အရမ်းမိုက်တဲ့ ဂေါ်စတိုင်

Source: www.gecj.ac.in

ဆယ်ကျော်သက်စတိုင်တွေထဲက အရမ်းဂေါ်တဲ့ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်ပုံစံလည်း ဝတ်ဆင်လို့ရပါသေးတယ်။ ဒီစတိုင်မှာတော့ ရိုးရှင်းတဲ့ တီရှပ်တစ်ထည်နဲ့ အပေါ်က အနက်ဂျာကင်တစ်ထည်တော့ လိုပါမယ်။

တီရှပ်အမည်း

Source: Pinterest

အနက်ရောင်ဟာ လူကြားထဲ ထင်းကနဲပေါ်လွင်စေတဲ့ အရောင်ဖြစ်ပါတယ်။ ဘာတွေဝတ်ဆင်ရမလဲ ခေါင်းအိုက်နေ၊ ခေါင်းခြောက်နေမယ်ဆိုရင်တော့ ဘာမှစဉ်းစားမနေပါနဲ့တော့။ တီရှပ်အမည်းတစ်ထည်နဲ့ စတိုင်ပင်န်ကိုသာ ကောက်စွပ်လိုက်ပါ။ အရမ်းမိုက်သွားပါလိမ့်မယ်။