ဆောင်းရာသီဟာ လူကြိုက်များတဲ့ ရာသီတစ်ခုပါ။ နွေရာသီလို ပူလောင်ခြောက်ခမ်းပြီးလည်း မနေ ၊ မိုးရာသီလို စိတ်ပျက်ဖို့ကောင်းအောင် စိုစွတ်နေတာလည်း မဟုတ်ဘဲ အေးစိမ့်စိမ့် မြောက်ပြန်လေနဲ့အတူ နေသာထိုင်သာရှိတဲ့ရာသီလည်း ဖြစ်ပါတယ်။

ဒီရာသီမှာ လူတွေဟာ ပုံမှန်ထက်အပြင် ပိုထွက်ကြပါတယ်။ ဒါကလည်း မဆန်းပါဘူး။ ရာသီဥတုလေးကလည်းကောင်း ၊ အားလပ်ရက်ရာသီလည်း ဖြစ်တော့ ဟိုနားဒီနားဆိုသလို ခရီးလေးတွေလည်း သွားဖြစ်ကြပါတယ်။ ဆောင်းရာသီမှာ ခရီးထွက်ဖြစ်မယ်ဆိုတဲ့ ဘော်ဒါတွေအတွက် ဖက်ရှင်အိုင်ဒီယာလေး မျှဝေချင်ပါတယ်။

(၁) ဖိနပ်

Photo: Unsplash

အရင်ဆုံး အောက်ကနေ စပြောချင်ပါတယ်။ မြန်မာနိုင်ငံလို နိုင်ငံမျိုးမှာ Shoes တို့ Sneaker တို့ စီးဖို့ အကောင်းဆုံး အချိန်က ဆောင်းရာသီပါ။ ခရီးသွားတာ မဟုတ်ရင်တော့ ပေါ့ပေါ့ပါးပါး Sporty စီးနိုင်ပါတယ်။ ဖက်ရှင်ကျချင်တယ် ဆိုရင် Boot စီးသင့်ပြီး ပုံမှန် ခရီးမှာတော့ Sneaker နဲ့ ဆို သားနားနေမှာပါ။

(၂) ဘောင်းဘီ

Photo: Unsplash

ဆောင်းရာသီမှာ ချည်သားဘောင်းဘီနဲ့ Jean Pant ဝတ်လို့ ပိုကောင်းပါတယ်။ Jean ကတော့ ရိုးတယ်လို့ မရှိသလို ဖက်ရှင်ကိုလည်း အတွဲအစပ် မျှစေပါတယ်။ သိပ်အပွကြီးတွေ မဝတ်ဖို့ကတော့ ဖက်ရှင်ရဲ့ အခြေခံစည်းမျဉ်းပါ။

(၃) အင်္ကျီ

Photo: Pixabay

အနွေးထည် ဝတ်ရလောက်အောင် မအေးဘူးဆိုရင် ဖလန်နယ်လက်ရှည်နဲ့ ဂျင်းဘောင်းဘီဆို အဆင်ပြေပါတယ်။ ဒါမှမဟုတ်လည်း Long-sleeve ရှပ်လက်ရှည်ဖက်ရှင်မျိုးပေါ့။ နည်းနည်း အေးတယ်ဆိုရင် တီရှပ်ကိုမှ ကုတ်အပါးနဲ့ တွဲဝတ်နိုင်သလို ဆွယ်တာဖက်ရှင် ၊ ဂျာကင်နဲ့ Jean ဖက်ရှင်ဟာ ပေါ့ပါးသလောက် ဝတ်လို့ ပြုလို့ ကောင်းပါတယ်။

(၄) အရောင်

Source: Pexels

ဆောင်းရာသီဟာ နှင်းတွေနဲ့ မှိုင်းတဲ့ ရာသီပါ။ ဒီရာသီမှာ ကိုယ်ဝတ်လိုက်တဲ့ အရောင်ဟာ ဥတုနဲ့ လိုက်ဖက်ညီညွတ်နေဖို့ လိုပါတယ်။ များသောအားဖြင့် ဆောင်းတွင်း ဝတ်သင့်တဲ့ အရောင်တွေကတော့ မရမ်း ၊ နက်ပြာ ၊ စိမ်းရင့်ရောင် နဲ့ ရွှေအိုဆန်ဆန် ကာလာရင့်တွေ ပါပဲ။