အာဆင်နယ်ကြယ်ပွင့် အိုဇေးလ်ကတော့ တကယ့်ကိုအမွန်အမြတ်ဆုံး အလှူတစ်ခုကို မြန်မာနိုင်ငံမှာ ထပ်မံပြုလုပ်သွားနိုင်ခဲ့ပြန်ပါပြီ။
ပရဟိတစိတ်ထားအပြည့်ရှိတဲ့ အာဆင်နယ်အသင်း ကွင်းလယ်ကစားသမား မီဆွတ်အိုဇေးလ်ဟာ Big Shoe ပရဟိတအဖွဲ့ နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံမှာရှိတဲ့ ခွဲစိတ်ကုသဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးအယောက် (၄၀) ကိုကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Source : Eurosport
ဒီအကြောင်းနဲ့ ပတ်သတ်ပြီး သူရဲ့ တွစ်တာ လူမှုကွန်ယက်အကောင့်မှာတော့ ” တကယ့်ကို အားသင့်စရာ လုပ်ရပ်တစ်ခု ထပ်မံပြုလုပ်နိုင်ခဲ့တဲ့ Big Shoe ကိုကျေးဇူးအထူးတင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ မြန်မာနိုင်ငံက အကူ အညီလိုအပ်နေတဲ့ ကလေးအယောက်(၄၀)ကို ကူညီပေးနိုင်ခဲ့ပြီ” လို့ ဂုဏ်ယူဝမ်းမြောက်စွာ တင်ထားခဲ့တာဖြစ်ပါတယ်။
Big Shoe အဖွဲ့ဟာဆိုရင် ပြီးခဲ့တဲ့ စနေနေ့က Dr. Herbert Bauer ဦးဆောင်တဲ့အဖွဲ့နဲ့ အတူ မြန်မာနိုင်ငံ လွိုင်ကော်မြို့သို့ရောက်ရှိလာခဲ့ပြီး ခွဲစိတ်ကုသမှု လိုအပ်နေတဲ့ ကလေးငယ် အယောက် (၄၀) ကိုကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။
Source : Mesut Özil
Big Shoe ဟာဂျာမနီနှင့် ဆွစ်ဇာလန်နိုင်ငံမှဆရာဝန်များပူပေါင်းဖွဲ့စည်းထားတဲ့ ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၀၆ ခုနှစ်က ဂျာမနီကမ္ဘာဖလားမှာ စတင်ထူထောင်ခဲ့ကာ ကမ္ဘာတစ်လွှားမှ ဆင်းရဲနွမ်းပါးပြီး ခွဲစိတ်ကုသမှုဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ်တွေကို ကူညီထောက့်ပံ့မှုတွေပြုလုပ်ပေးနေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။
Source : Complex