Sunglasses တွေဟာ နွေရာသီဖက်ရှင်အတွက် အကောင်းဆုံး Accessory ထဲမှာ ပါပါတယ်။ နေကာမျက်မှန်ကောင်းတစ်လက်ဟာ မျက်လုံးကျန်းမာရေးအတွက် ကာကွယ်ပေးနိုင်သလို မျက်နှာကျကိုလည်း ပိုမှန်စေလို့ ရုပ်အသွင်အပြင်ကိုပါ ပိုကြည့်ကောင်းစေနိုင်ပါတယ်။ အောက်မှာ ပြောထားတာကတော့ ဘယ်အချိန်မှာ ဘယ်လို နေကာမျက်မှန်ဒီဇိုင်းတွေ ဝတ်သင့်သလဲဆိုတာနဲ့ ပတ်သက်တဲ့ အကြံပြုချက်တစ်ချို့ပဲ ဖြစ်ပါတယ်။

(၁) အားလပ်ရက်အပြင်ထွက်ချိန်

Photo: hespokestyle

အချိန်ရလို့ ကားလေးနဲ့ နီးနီးနားနားပဲ သွားမယ်ဆိုရင် နေကာမျက်မှန်ကိုမှ Black Frames နဲ့ ကာလာပါတဲ့ lens သုံးထားမျိုး တပ်သွားသင့်ပါတယ်။ Aviator Sunglasses စတိုင်တွေက ဒီနေရာမှာ အကောင်းဆုံးပါပဲ။

(၂) ပေါ့ပေါ့ပါးပါး Casualဆို

Photo: hespokestyle

ဒီအတိုင်း အပြင်ထွက်ချိန်မှာ ကွန်ပိုးဆစ်ဖရိန်နဲ့ Classic စတိုင် Sunglasses မျိုး ရွေးသင့်ပါတယ်။ Chino အသားရောင် ၊ တီရှပ်အဖြူ ၊ Sneaker နဲ့ Casual Sunglasses တွဲ ဝတ်သွားပြီဆိုရင် သင့်ရဲ့ Casual Fashion က အတော်လေး လန်းသွားမှာပါ။

(၃) အပန်းပြေခရီးသွားချိန်

Photo: hespokestyle

Vocation မှာ စိတ်ရော လူပါ လွတ်လပ်ပေါ့ပါးနေဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ စတိုင်ဟာလည်း လွတ်လပ်မြူးကြွနေရမှာပါ။ ဒီအတွက် မျက်မှန်ကိုင်းအဝိုင်းနဲ့ ဖက်ရှင်ကို ရွေးသင့်ပါတယ််။