တောင်ကိုရီးယား ရုပ်ရှင် Parasite ဟာ အင်္ဂလိပ်စကားပြော မဟုတ်တဲ့ ရုပ်ရှင်တွေထဲမှာ ပထမဆုံး Best Picture အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု ရခဲ့တဲ့ ရုပ်ရှင် ဖြစ်လာပါတယ်။

Photo: NY Times

လူချမ်းသာ မိသားစုထဲကို ရောက်လာခဲ့တဲ့ လမ်းဘေးနေ မိသားစုအကြောင်း ဒါရိုက်တာ ဘွန်ဂျွန်ဟိုး ရိုက်ကူးခဲ့တဲ့ ဒီကားဟာ ၂၀၂၀ အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု ၊ အကောင်းဆုံး ဒါရိုက်တာဆု (ဒါရိုက်တာ ဘွန်ဂျွန်ဟိုး) ၊ နိုင်ငံတကာ ရုပ်ရှင်ကားဆု ၊ အကောင်းဆုံး မူရင်း ဇာတ်ညွှန်းဆု များ ပိုင်ဆိုင်ခဲ့တာပါ။

Source : CNN.com

အင်္ဂလိပ်စကားပြောမဟုတ်ဘဲ အော်စကာ ဆန်ကာတင်စာရင်းမှာ Best Picture အတွက် ပါလာတဲ့ ရုပ်ရှင် ၁၁ ကားပဲ ရှိခဲ့ပါတယ်။ အဲဒီထဲမှာRoma ၊ Babel Crouching Tiger, Hidden Dragon တို့လည်း ပါဝင်ခဲ့ပါတယ်။ Parasite ရုပ်ရှင်ဟာ အော်စကာအကယ်ဒမီရဲ့ အကြီးဆုံး ဆုကြီးတွေထဲမှာ ပထမဆုံး အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်တာက ထူးခြားပါတယ်။

Source : The Nation

နှစ် ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်တဲ့ တောင်ကိုရီးယား ရုပ်ရှင်သမိုင်းမှာလည်း Parasite ဟာ မှတ်တမ်းသစ် စိုက်ထူနိုင်ခဲ့သလို တောင်ကိုရီးယားနိုင်ငံသားတွေအတွက်လည်း ဂုဏ်ယူစရာ ဖြစ်ခဲ့ပါတယ်။ ၂၀၂၀ အော်စကာဆုရွေးချယ်ပွဲမှာ နောက်ထပ် ထူးခြားတာက မင်းသားကြီး ဘရက်ဒ်ပစ်ဟာ Once Upon A Time in Hollywood ကားနဲ့ ဇာတ်ပို့ဆု ရခဲ့တာ ဖြစ်ပါတယ်။