ပီအက်စ်ဂျီအသင်းဟာ ဘာစီလိုနာကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီ ရောက်ရှိလာနိုင်ခြေရှိတဲ့အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ တပ်လှန့်ထားတယ်လို့ သိရပါတယ်။

အာဂျင်တီးနားတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ နူးကမ့်ကနေ ထွက်ခွာဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းဟာ ၎င်းရဲ့ နောက်ထပ်သွားရောက်မယ့်နေရာဖြစ်နိုင်ဖွယ်အရှိဆုံးဖြစ်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းက ခေါ်ယူနိုင်ဖို့ ယုံကြည်ချက်တွေ ကြီးထွားလာနေပုံရပါတယ်။

Photo: Joe.co

Football Transfers ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ ၎င်းတို့ရဲ့ တရားဝင်စတိုးတွေအားလုံးကို မက်ဆီရောက်ရှိလာနိုင်ခြေရှိနေတဲ့အတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ ဈေးကွက်မြှင့်တင်ရေးဌာနဟာ ပြင်သစ်မှာရှိနေတဲ့ အသင်းရဲ့တရားဝင်စတိုးဆိုင်တွေဆီကို ဆက်သွယ်ခဲ့ပြီး မက်ဆီရဲ့အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ရင် ရောင်းချဖို့ပစ္စည်းတွေ သေချာပြင်ဆင်ထားဖို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ဘဏ္ဍာရေးအကြပ်အတည်းကလည်း မက်ဆီကို ထိန်းသိမ်းဖို့အတွက် ရှုပ်ထွေးလာမှာဖြစ်ပြီး သတင်းတွေအရ အာဂျင်တီးနားကြယ်ပွင့်အနေနဲ့ နူးကမ့်မှာဆက်နေချင်ရင်တောင် လစာတော့ လျှော့ယူမှရမယ်လို့ သိရပါတယ်။

Photo : The Scottish Sun

မက်ဆီရဲ့အနာဂတ်က လာမယ့် ဇန်နဝါရီလ ၂၄ ရက်နေ့ မနက် ၉ နာရီကနေ ည ၉ နာရီအထိ ကျင်းပပြုလုပ်မယ့် ဘာစီလိုနာအသင်းဥက္ကဌသစ် ရွေးကောက်ပွဲအပြီးမှာ ပိုပြီးရှင်းလင်းလာဖွယ်ရှိနေပါတယ်။