မန်ယူအသင်းအတွက် ကိုးရီးယားလူမျိုး ကွင်းလယ်ကစားသမား ပက်ဂျီဆန်ဟာ ရော်နယ်ဒိုလိုပဲ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦိးဖြစ်ခဲ့တယ်လို့ ရွန်းနီက ဖွင့်ဟလာပါတယ်။ ပက်ဂျီဆန်ဟာ အနစ်နာခံတတ်တဲ့ ကစားသမားတစ်ဦးဖြစ်တယ်လို့လည်း သူကပြောပါသေးတယ်။

Source: Internewscast

ပက်ဂျီဆန်နဲ့ရော်နယ်ဒိုတို့ဟာ အိုထရက်ဖို့ ကွင်းမှာ (၄) နှစ်တာအတူကစားခဲ့ပြီး (၂၀၀၉) ခုနှစ်ရော်နယ်ဒို ရီးရဲလ်အသင်းကိုမပြောင်းရွှေ့သွားခင်အထိ ပရီးယားလိဂ်ဖလား (၃) ကြိမ်၊ လိဂ် ဖလား နဲ့ ချန်ပီယံလိဂ်ဖလား တို့ကို ဆွတ်ခူးရရှိခဲ့ပါတယ်။

Source: Zimbio

မန်ယူရဲ့အောင်မြင်မူမှာ ရော်နယ်ဒိုရဲ့ စွမ်းဆောင်ရည်နဲ့ သွင်းဂိုးတွေက အဓိကကျခဲ့ပေမယ့် ဝိန်းရွန်းနီကတော့ ပက်ဂျီဆန်ဟာလည်း ရော်နယ်ဒိုလည်းပဲ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။

Source: Sport Bible

“အခုခေတ် (၁၂) နှစ်သားတွေက ရော်နယ်ဒိုကိုတော့ သိကြတယ်။ ဒါပေမယ့် ပက်ဂျီဆန်ဆိုရင် သူတို့တွေ တော်တော်များများ မသိကြတော့ဘူး။ ပက်ဂျီဆန်နဲ့ ကစားဖူးတဲ့သူတိုင်း သူအသင်းအတွက် ဘယ်လောက်ထိ အရေးပါလဲဆိုတာ သိကြတယ်။ သူက အသင်းအတွက် ပေးဆပ်တတ်တဲ့ ကစားသမားမျိုး။ ပြီးတော့ စည်းစည်းလုံးလုံး ကစားတတ်တယ်။

Source: SportBible

ဘောလုံးအားကစားမှာ အရေးကြီးတာက နာမည်ကြီးနေဖို့မဟုတ်ဘူး။ အသင်းအတွက် အရေးကြီးတာကို သိနေဖို့ပဲလိုအပ်တာပါ။ အသင်းလိုက် စုစုစည်းစည်းကစားတတ်ဖို့နဲ့ ရမှတ်တွေရယူပေးနိူင်ဖို့ နဲ့ အသင်းသားတွေရဲ့စိတ်ဓာတ်ကို လှုံဆော်ပေးနိူင်ဖို့က အဓိကကျပါတယ်။ ပြီးတော့ မန်နေဂျာရဲ့ နည်းစနစ်ညွှန်ကြားမူကို သေချာလိုက်နာတတ်ဖို့လည်းလိုပါတယ်။ ပက်ဂျီဆန်က အဲ့လို အရည်အချင်းနဲ့ ပြည့်စုံတဲ့ ကစားသမားတစ်ယောက်ပါ။” ဆိုပြီး ရွန်းနီက ပက်ဂျီဆန်ရဲ့ အရေးပါမူကို ထောက်ပြသွားခဲ့ပါတယ်။

ပက်ဂျီဆန်ဟာ အိုထရက်ဖို့ဒ်တွင် ၂၀၀၅ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ပွဲပေါင်း ၂၀၅ ပွဲအထိ ကစားပေးခဲ့ပါတယ်။