ဂီတသံစဉ်များနှင့် မြူးတူးခုန်ပေါက်ကာ ပျော်ပါးချင်သူများအတွက် EDM ဂီတပွဲတော်သည် အကောင်းဆုံးဂီတပွဲတော်တစ်ခုပဲဖြစ်ပါတယ်။ ထိုပွဲတော်တွင် ကမ္ဘာတစ်ဝှမ်းရှိ DJ အကျော်အမော်များ လာရောက်ဖျော်ဖြေပေးကြပြီး ဂီတချစ်သူအများအပြားလည်း ပါဝင်ဆင်နွှဲလေ့ရှိကြပါတယ်။

EDM ပွဲတော်အများအပြားရှိတဲ့အနက် ကမ္ဘာတစ်ဝှမ်းရှိ အကြီးကျယ်ဆုံးသော ပွဲတော်တချို့ကို ဖော်ပြပေးလိုက်ရပါတယ်။

Ostend Beach Festival

EDM Music Festivals

ဒီပွဲတော်သည် ဘယ်လ်ဂျီယံနိုင်ငံရှိ Ostend ကမ်းခြေတွင် ကျင်းပလေ့ရှိပြီး ဇူလိုင်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အတွင်း ကျင်းပလေ့ရှိကြပါတယ်။ DJ အကျော်အမော်များ အယောက် ၈၀ ခန့်အထိ လာရောက်ဖျော်ဖြေပေးကြပါတယ်။

Airbeat-One Festival

EDM Music Festivals

ဒီ EDM ပွဲတော်ကတော့ ဂျာမနီနိုင်ငံရှိ Neustadt-Glewe မြို့တွင် ကျင်းပပြီး လူပေါင်း အယောက် ၄၅၀၀၀ ခန့် ပါဝင်ဆင်နွှဲလေ့ရှိကြပါတယ်။ ထိုဂီတပွဲတော်တွင် Marshmello ၊ Tiesto ၊ Hardwell ၊ Dimitri Vegas တို့အပြင် အခြားသော DJ အကျော်အမော် အယောက် ၁၅၀ ခန့် ဖျော်ဖြေပေးကြပါတယ်။

Tomorrowland

EDM Music Festivals

EDM ဂီတချစ်သူရဲ့အိပ်မက်ကတော့ Tomorrowland ကို တစ်ကြိမ်တစ်ခါလောက် သွားဖူးချင်ကြတာပါပဲ။ ဒီပွဲတော်ကိုတော့ ဘယ်လ်ဂျီယံနိုင်ငံရှိ Boom မြို့တွင် ကျင်းပလေ့ရှိပြီး DJ သမားများ အယောက် ၁၀၀၀ ခန့်နှင့် ပရိသတ်ပေါင်း အယောက် ၄ သိန်းခန့် ပါဝင်ဆင်နွှဲကြပါတယ်။

Untold

EDM Music Festivals

ဒီပွဲတော်ကိုတော့ ရိုမေးနီးယားနိုင်ငံရှိ Cluj-Napoca တွင် ကျင်းပလေ့ရှိပြီး Tomorrowland ကဲ့သို့ပင် စတိတ်အပြင်အဆင်များကို တစ်နှစ်နှင့်တစ်နှစ် မရိုးရအောင် အမြဲတမ်းပြင်ဆင်လေ့ရှိကြပါတယ်။

Cirque Magique

EDM Music Festivals

ဒီပွဲတော်သည်လည်း ဘယ်လ်ဂျီယံနိုင်ငံတွင်ပဲ တည်ရှိတာပါ။ Ledegem မြို့မှာဖြစ်ပါတယ်။ ဒီပွဲတော်မှာတော့ EDM သီချင်းများအပြင် မှော်ဆန်တဲ့ဆပ်ကပ်ဖျော်ဖြေမှုများကိုလည်း ရှုစားနိုင်ပါသေးတယ်။

Creamfields

EDM Music Festivals

အင်္ဂလန်နိုင်ငံရှိ Daresbury တွင် ကျင်းပသော Creamfields EDM ပွဲတော်သည်လည်း EDM ပွဲတော်များအနက် အကြီးများဆုံးသောပွဲတော်တစ်ခုဖြစ်ပါတယ်။ ကမ္ဘာအနှံ့ရှိ လူပေါင်း ၇၀,၀၀၀ ခန့် ပါဝင်ဆင်နွှဲလေ့ရှိကြတဲ့ ဂီတပွဲတော်တစ်ခုဖြစ်ပါတယ်။ ထိုမြို့သည် Liverpool ၊ Manchester မြို့တို့ရဲ့အနီးအနားမှာ တည်ရှိပါတယ်။

Abode In The Park

EDM Music Festivals

အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ကျင်းပလေ့ရှိတဲ့ ဂီတပွဲတော်တစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ကျင်းပျလေ့ရှိပါတယ်။ သင့်အနေနဲ့ ထိုဂီတပွဲကျင်းပပြီးသွားပါက ထိုမြို့အပြင် အခြားသောလည်ပတ်စရာနေရာများသို့လည်း သွားရောက်လည်ပတ်နိုင်ပါတယ်။

Source: Hostelworld.com

Featured Image Source: Wallpaperaccess.com