ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ် မာဆန်က စနေနေ့ညနေမှာ ယှဉ်ပြိုင်ကစားမယ့် တော့တင်ဟမ်ဟော့စပါးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲစဉ်အတွက် ဟောကိန်းထုတ်ခဲ့ပါတယ်။

Manchester United against Liverpool

Photo: The Guardian

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်အသင်းကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ၅-၀ နဲ့ အရှက်ရဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးက ချဲလ်ဆီးအသင်းနဲ့ ၈ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ နောက်ဆုံးပရီးမီးယားလိဂ် ၄ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့တဲ့အတွက် ဖိအားတွေ ပိုမို မြင့်တက်လာနေတာဖြစ်ပြီး ယူနိုက်တက်ဘုတ်အဖွဲ့က နည်းပြသစ်ခန့်အပ်ဖို့ လုပ်ဆောင်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါလ် မာဆန်က မန်ချက်စတာယူနိုက်တက်အသင်းဟာ အမြဲတမ်း ရလဒ်ဆိုးတွေနဲ့ ဆက်သွားနေလို့မရဘဲ နိုဝင်ဘာလတောင် ဖြစ်နေပြီဖြစ်တာကြောင့် စပါးနဲ့ပွဲစဉ်မှာ ရလဒ်ကောင်း ရအောင် လုပ်သွားမှာ သေချာတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

Paul Merson

Photo: Metro

“မန်ချက်စတာယူနိုက်တက်မှာ ဒီလိုပွဲစဉ်မျိုးကနေ ရလဒ်ကောင်းတွေ ရှာဖွေဖို့ နည်းလမ်းရှိမှာပါ။ ဒါပေမယ့် သူတို့တွေ စပါးကို ရှုံးနိမ့်ခဲ့ပြီး ဆိုးလ်ရှားကလည်း နည်းပြအလုပ်မှာ ဆက်ရှိနေမယ်ဆိုရင် သူတို့တွေ ဘယ်ကိုမှ မရောက်နိုင်တော့ပါဘူး။ သူတို့တွေ ရောက်နိုင်ပါ့မလား။ သူတို့တွေအနေနဲ့ ဒီလိုပုံစံကြီးနဲ့ ဆက်သွားနေလို့ မရနိုင်ပါဘူး။ နိုဝင်ဘာလတောင် ဖြစ်နေပါပြီ”

“အဲဒါက ရော်နယ်လ်ဒိုရဲ့ အမှားလည်း မဟုတ်ပါဘူး။ သူက ဘောလုံးမရခဲ့တာပါ။ သူက အဲဒီအချိန်မှာ မတည်ရှိခဲ့ပါဘူး။ သူက ဘောလုံးကို ထိတွေ့နေတာမဟုတ်ပါဘူး။ ခင်ဗျား သူ့ကို အသင်းမှာ ဆက်ထားချင်တယ်ဆိုရင် သူ့ကို နောက်ဆုတ်ခိုင်းပြီး ကာဗာနီ ဒါမှမဟုတ် ဂရင်းဝုဒ်တို့လို တစ်စုံတယောက်ကို ရှေ့တန်းမှာ ကစားခိုင်းလိုက်ပါ။ ရော်နယ်လ်ဒိုကို ဘောလုံးပေးပြီး သူ့နားမှာ ပြေးလွှားနေတဲ့လူတွေ ထားပေးလိုက်ပါ။ ကျွန်တော်ကတော့ အသင်းထဲမှာ ကာဗာနီကို ထည့်ပြီး ရော်နယ်လ်ဒိုကို အလွတ်ပဲ ကစားခိုင်းမှာပါ”

Ole Gunnar Solskjaer & Ronaldo

Photo: The Sun

“မန်ချက်စတာယူနိုက်တက်အတွက် မဖြစ်မနေအနိုင်ရရမယ့် ပွဲပါ။ သူတို့တွေ ခက်ခဲတဲ့အခြေအနေမှာ ရလဒ်ကောင်းရှာဖွေမယ့် ပုံပေါ်နေပြီး အဲဒီလိုပဲ ဖြစ်ပျက်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်က ဒီပွဲမှာ အနိုင်ရသွားမှာဖြစ်ပြီး နောက်ထပ်တစ်ကြိမ် ပြဿနာတွေကို ဖုံးကွယ်နိုင်ပါသေးတယ်”

“သူတို့တွေ ချန်ပီယံလိဂ်မှာ အတ္တလန္တာကို အနိုင်ရအောင် ကစားနိုင်ခဲ့ပြီး ဒီအပတ်မှာလည်း အဲဒီလိုမျိုး တစ်စုံတရာကို သူတို့ လုပ်ပြသွားမယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Thieunien