မန်ယူကွင်းလယ်လူ ပေါ့ဘာကတော့ ရီးရဲလ်ဆိုတာ ကမ္ဘာ့ပေါ်က ကစားသမားတိုင်းကစားချင်တဲ့ အိပ်မက်ထဲက ကလပ်အသင်းတစ်သင်းပါလို့ အင်တာဗျုးတစ်ခုမှာပြောဆိုသွားပါတယ်။

Source: Skysports

ရီးရဲအနေနဲ့လည်း ရလာဒ်တွေ မကောင်းတဲ့ ဆိုလာရီကို ထုတ်ပယ်ပြီး ဇီဒန်းကိုပြန်ခေါ်ကာ တောက်ပတဲ့ သမိုင်းကြောင်းကို ပြန်လည်သွေးယူဖို့ အားယူနေတဲ့အချိန်လည်းဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ ပြင်သစ်နည်းပြကို (၂၀၂၂) ဇွန်လအထိ စာချုပ်ချုပ်ထားတာလည်းဖြစ်ပါတယ်။ ပေါ့ဘာဟာ ယခင်မော်ရင်ညိုလက်ထပ်တုန်းက မန်ယူအသင်းကနေ ထွက်ခွာမယ်တကဲကဲဖြစ်နေတာဖြစ်ပြီး ယခုနည်းပြသစ်ဆိုးရှားလက်ထက်မှာတော့ ပုံမှန်ခြေစွမ်းရကာ အကောင်းဆုံးကစားနေတာလည်းဖြစ်ပါတယ်။

Source: Skysports

ရီးရဲလ်ဆိုတာ အခမ်းနာဆုံးကလပ်ပါ။ ဘောလုံးကို ချစ်တဲ့သူတိုင်း ဘာနေဗျုးကွင်းကြီးထဲမှာ ခုန်ပေါက်ပြီး တိုက်ပွဲဝင်ချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ခုတော့ အနီအသင်းယူနိုက်တက်မှာ ပျော်ရွှင်နေပါတယ်။ ယူနိုက်တတ်မှာ အရမ်းကိုပျော်ရွှင်နေပါတယ်လို့ပြောဆိုခဲ့တာပါ။ ဇီဒန်းအနေနဲ့ မန်ယူအသင်းရဲ့ နည်းပြအဖြစ် ရေပန်းစားနေခဲ့တာဖြစ်ပြီး ရီးရဲနည်းပြဖြစ်ချိန်မှာပါ အဆိုပါသတင်းတွေ ချုပ်ငြိမ်းသွားတာပါ။

Source: Skysports

မန်ယူအသင်းရဲ့ ပရိသတ်တွေအနေနဲ့လည်း ပေါ့ဘာစကားကြောင့် ရမက်မအေးဖြစ်နေပြီး တော်တော်လေးလည်း အမုန်းပွားနေတာပါ။ ပေါ့ဘာတစ်ယောက် မန်ချက်စတာမှာအမြဲပျော်သွားနိုင်မလား?