ပြင်သစ်အသင်းရဲ့ကြယ်ပွင့်ကစားသမား မန်ယူအသင်းရဲ့ ကွင်းလယ်သွေးကြော ပေါ့ဘာကတော့ ဆိုးရှားကို ယာယီနည်းပြအစား အမြဲတမ်းနည်းပြတစ်ယောက်အနေနဲ့သာ မြင်တွေ့ချင်ပါတယ်ဆိုပြီး အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားတာဖြစ်ပါတယ်။

Source: Skysports

မန်ယူအသင်းရဲ့ယာယီနည်းပြဆိုရှားဟာ အံသြဖွယ်ရာ ခြေစွမ်းနဲ့ ချန်ပီယံလိဂ်ကွာတာဖိုင်နယ်အဆင့်ကို အသင်းကို မြင့်တင်ပေးနိုင်ခဲ့ပြီး ထိပ်သီးအသင်းလေးသင်းရဲ့အောက် နှစ်မှတ်အကွာထိရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။သူဟာ မော်ရင်ညိုရေးခဲ့တဲ့ (၂၈) နှစ်အတွင်း ရာသီအစအဆိုးဆုံး အခြေအနေကို မန်ယူပရိသတ်တွေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေနဲ့ လင်းလက်အောင်ကူညီပေးခဲ့သူလည်းဖြစ်ပါတယ်။

Source: Skysports

ပေါ့ဘာဟာ နည်းပြသစ်ဆိုးရှားလက်ထက်မှာတော့ ယုံကြည်မှုတွေနဲ့အတူဂျူဗီက ပေါ့ဘာဆိုတဲ့ ခြေစွမ်းကိုပြသနိုင်တာဖြစ်ပါတယ်။ မော်ရင်ညိုအသင်းမှာကိုင်တွယ်စဉ်တုန်းက ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရသလို နည်းပြနဲ့လည်း ဆက်ဆံရေးမပြေလည်ခဲ့တာဖြစ်ပါတယ်။ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရတဲ့ ဇာတ်လမ်းတွေက အိုးထရဒ်ဖို့မှာ တကယ်ဖြစ်ပျက်ခဲ့တာပါ။

Source: Skysports

သူကိုအသင်းမှာ ဆက်ရှိနေစြေခင်ပါတယ်။ သူလုပ်ပြခဲ့တဲ့ ရလာဒ်တွေက တော်တော်လေးကို အံသြမှင်သက်ဖို့ကောင်းပါတယ်။ ကျတော်နဲ့သူကလည်း ဆက်ဆံရေးကောင်းတစ်ခုတည်ဆောက်နိုင်နေပါပြီ။ တခြားကစားသမားတွေနဲ့လည်းဆိုးရှားက အဆင်ပြေပါတယ်” လို့ပေါ့ဘာက အင်တာဗျုးမှာဖြေကြားခဲ့တာပါ။

Source: Skysports

သူဟာကစားသမားတွေကို အမြဲယုံကြည်မှုပေးလို့ ကစားသမားတိုင်းကလည်းသူကို ခင်ကြပါတယ်။ သူဟာ ကလပ်မှာဘာတွေဖြစ်နေလဲ အလုံးစုံကိုပါသိတဲ့သူတစ်ယောက်ပါ”ဆိုပြီး အမွှန်းတင်ပြောဆိုခဲ့တာပါ။

Source: Skysports

“ခံစစ်ကိုသိပ်မကူရတော့ဘဲ ပေါ့ပေါ့ပါးပါကစားနိုင်ခဲ့လို့ ကျွန်တော်တို့လည်း ပိုခြေစွမ်းပြနိုင်ပါတယ်”လို့ ပေါ့ဘာက သူ့ယုံကြည်ချက်ကိုပြောဆိုခဲ့တာပါ။ ဆိုးရှားရော မန်ယူအသင်းရဲ့ အမြဲနည်းပြဖြစ်လာနိုင်မလားဆိုတာကတော့ ရလာဒ်တွေကို ဆက်လက်ကြည့်ရှုရမှာပါ။