မန်ချက်စတာယူနိုက်တက်ဂန္တဝင် ပေါလ် စခိုးက ဆိုးလ်ရှားရဲ့ ယူနိုက်တက်ကွင်းလယ်မှာ ဟန်ချက်ကင်းမဲ့နေမှုက ၎င်းတို့ကို ပရီးမီးယားလိဂ်ဖလား မရရှိနိုင်အောင် ပြုလုပ်နိုင်တယ်လို့ ယုံကြည်နေပြီး မက်တော်မီနေးကို ကွင်းလယ်ခံစစ်အဖြစ် ကစားဖို့ ထောက်ခံခဲ့ပါတယ်။

Manchester United, ManU v Aston Villa - Premier League - Old Trafford Aston Villa s Kortney Hause (third right) celebra

Photo: Mad About EPL

မန်ချက်စတာယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် ၇ ပွဲကနေ ၁၄ မှတ် ရယူနိုင်ခဲ့ပေမယ့် ဆိုးလ်ရှားဟာ အက်စ်တွန်ဗီလာကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်နဲ့ အဲဗာတန်နဲ့ သရေကျခဲ့တဲ့ပွဲစဉ်တွေမှာ ကွင်းလယ်ခံစစ် ၂ ဦးထားဖို့ ရွေးချယ်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပေါလ် စခိုးက မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ကစားဟန် ပိုမိုပြင်းထန်တဲ့ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးအသင်းတို့နောက်မှာပဲ ကျန်နေခဲ့လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ခင်ဗျား မက်တော်မီနေးလို့ ပြောလိုက်တယ်နော်။ သူက ယူနိုက်တက်ကွင်းလယ်ခံစစ်နေရာက ၄ ယောက်ထဲမှာ အကောင်းဆုံးတစ်ယောက်ပဲလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်ကတော့ သူ့ကိုပဲ ရွေးချယ်မှာပါ”

“သူ့မှာ အရာအားလုံး ရှိနေတယ်လို့ ထင်ပါတယ်။ သူက အားကစားသမားပီသတယ်။ သူက ကွင်းတစ်ကွင်းလုံး လှည့်ပတ်သွားနိုင်တယ်။ သူက တကယ့်ကို အရမ်းကောင်းတဲ့အရည်အချင်းလည်း ရှိနေပါတယ်။ သူက အဲဒီနေရာမှာ အထိုင်ကစားနိုင်စွမ်း ရှိပါတယ်”

Scott-McTominay

Photo: Manchestereveningnews

“အိုလေက အသင်းမှာ ဟန်ချက်ကောင်းရအောင် လုပ်နိုင်တဲ့ပုံ မပေါ်ပါဘူး။ သူက ကွင်းလယ်ခံစစ်နားမှာ ကျန်တဲ့လူတွေ ဝိုင်းပြီး ခံစစ်ပိုင်းမှာ မယုံကြည်ရတဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ပေ့ါဂ်ဘာကို အဲဒီနေရာရဲ့ ရှေ့မှာထားပြီး ကစားသွားမှာလား။ ဒါမှမဟုတ် သူက ကွင်းလယ်ခံစစ်ကို ၂ ယောက်ထားပြီး ကစားသွားမှာလား”

“အဲဒါက ယူနိုက်တက်နဲ့ လီဗာပူးလ်၊ စီးတီးတို့ကြားက ကွဲပြားခြားနားမှုပဲ။ သူတို့တွေက တိုက်စစ်ပိုအားသန်ပြီး ကစားပုံပိုကြမ်းတယ်။ ခင်ဗျား ချဲလ်ဆီးအသင်းအိမ်ကွင်းကို မန်စီးတီး သွားကစားတယ်လို့ တွေးလိုက်။ သူတို့တွေ ကွင်းလယ်ခံစစ်တစ်ယောက်နဲ့ တိုက်စစ်ကစားသမား ၆ ယောက် ဒါမှမဟုတ် ၇ ယောက်လောက်အထိ ထားပြီး ကစားလိမ့်မယ်။ အဲဒါက စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ကွဲပြားခြားမှုပဲ”

“အိုလေက အသင်းမှာ အဲဒီလို ဟန်ချက်မျိုးနဲ့ မှန်ကန်အောင် လုပ်နိုင်မယ်ဆိုရင် တိုက်စစ်ဆင်ဖို့က ပြသနာလို့ ကျွန်တော် တွေးတော့မှာမဟုတ်ဘူးလို့ ထင်ပါတယ်။ တိုက်စစ်ဆင်ဖို့က ခရစ္စတီယာနို ရောက်ရှိလာမှုနဲ့အတူ ကျွန်တော်တို့မှာ စိတ်လှုပ်ရှားစရာ ကစားသမားတွေ အများကြီး ရှိနေပါတယ်”

Raphael-Varane

Photo: Football365

“ခံစစ်ပိုင်းမှာ ကျွန်တော်တို့ နောက်ထပ်တစ်ကြိမ် ကောင်းနေပုံရပါတယ်။ မက်ဂွိုင်းယားက ဒဏ်ရာကြောင့် နားနေခဲ့ရတယ်ဆိုတာ ကျွန်တော် သိပေမယ့် နိုင်ငံတကာအားလပ်ရက်အပြီးမှာတော့ သူ ပြန်လာနိုင်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။ ခံစစ်ပိုင်းမှာတော့ ကျွန်တော်တို့ အရမ်းကောင်းနေပုံရပါတယ်”

“အသင်းကို ဟန်ချက်ညီသွားအောင် ကွင်းလယ်မှာ မှန်မှန်ကန်ကန် လူတစ်ယောက် ထားနိုင်ရင် ရမယ့်ပုံပေါ်ပါတယ်။ အဲဒီ လူကို သူ ရပြီဆိုတာနဲ့ ကျွန်တော်တို့ အဆင်ပြေသွားလိမ့်မယ်လို့ ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Ace Football