မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမား ပေါလ်စခိုးဟာ ယူနိုက်တက်နည်းပြဆိုးလ်ရှားကို မန်ချက်စတာယူနိုက်တက်အသင်းအတွက် လက်စတာစီးတီးဗဟိုခံစစ် ကစားသမား ဝက်စ်လေ ဖိုဖာနာကို ခေါ်ယူဖို့ တောင်းဆိုခဲ့ပါတယ်။

ဟယ်ရီမက်ဂွိုင်းယားနဲ့ အဲရစ်ဘိုင်လီတို့ ခံစစ်အတွဲဟာ လင်ဒီလော့ဖ် နောက်ကျောဒဏ်ရာကြောင့် ရာသီရဲ့ အဓိကအချိန်တော်တော်များများကို လွဲချော်နေချိန်မှာ မန်ချက်စတာယူနိုက်တက်အတွက် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ တောင့်တင်းကျစ်လစ်တဲ့ ခံစစ်တံတိုင်းဖြစ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပေါလ်စခိုးက ယူနိုက်တက်အနေနဲ့ အဲရစ်ဘိုင်လီဟာ ဒဏ်ရာပြဿနာ မှတ်တမ်းတွေရှိတာကြောင့် အားမကိုးသင့်ဘူးလို့ ယုံကြည်နေပြီး လင်ဒီလော့ဖ်ကလည်း ယူနိုက်တက်အတွက် လုံးလုံးစိတ်ချရတဲ့သူမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: Football 365

ပေါလ်စခိုးက ပြီးခဲ့တဲ့နွေရာသီမှာ စိန့်အက်တီယန်အသင်းကနေ လက်စတာစီးတီးကို ပေါင် ၃၆.၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဖိုဖာနာဟာ ယူနိုက်တက်ခံစစ်က ပြဿနာအတွက် အဖြေဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော်တို့ ဆုဖလားတွေ အနိုင်ရရှိခဲ့တဲ့ အချိန်တုန်းက လီဗာပူးလ်ကို အနိုင်ရရှိခဲ့တဲ့ ပွဲစဉ် အများစုက မိနစ် ၈၀ လောက် ထိုးဖောက်ခဲ့ပြီးမှ ၁-၀ ဒါမှမဟုတ် ၂-၁ နဲ့ အနိုင်ရခဲ့တာပါ”

“ထိပ်တန်းအသင်းတွေနဲ့ ယှဉ်ပြိုင်ကစားရတဲ့အခါမှာ အဲဒီလို နေ့တွေ ရှိမယ်ဆိုတာ ခင်ဗျား လက်ခံရမှာပါ။ ခင်ဗျား ပွဲကို လွှမ်းမိုးမထားနိုင်တဲ့အခါမှာ ဂိုးမပေးရအောင် တိုက်ပွဲဝင်ရမှာပါ။ ခင်ဗျား ကောင်းကောင်း ခုခံကာကွယ်နိုင်ရမှာဖြစ်ပြီး ပြိုင်ဘက်တွေရဲ့ တိုက်စစ်ကို ချေဖျက်ပစ်ရမှာပါ။ ဒါပေမယ့် အဲဒါကို ယူနိုက်တက်က လုပ်နိုင်တယ်လို့ ကျွန်တော် ယုံကြည်နေဆဲပါ”

“နောက်တန်း လေးယောက်ကစားကွက်နဲ့ဆိုရင် သူတို့တွေ တကယ် ဘယ်လောက်ကောင်းနိုင်မလဲဆိုတာကို ကျွန်တော် စိတ်ပူပါတယ်။ နောက်ခံနေရာမှာ အာရွန်ဝမ်ဘစ်စ်ကာက လီဗာပူးလ်နဲ့ပွဲအတွက် ခုခံတဲ့အပိုင်းကိုပဲ လုပ်ရုံပဲဆိုတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် လုခ်ရှောက အသင်းကို ဘာတွေ ယူဆောင်ပေးနိုင်မလဲဆိုတာတော့ ကျွန်တော် မသေချာပါဘူး”

“အလယ်မှာဆိုရင် အိုလေက မက်ဂွိုင်းယားရဲ့အကောင်းဆုံးတွဲဘက်ကို ရှာနေရတုန်းပဲ။ အဲရစ်ဘိုင်လီက မြန်နှုန်းရှိပေမယ့် သူက နည်းနည်း နမော်နမဲ့နိုင်ပြီး ဒဏ်ရာ ခဏခဏရတတ်တယ်”

Photo: Metro

“လင်ဒီလော့ဖ်ကတော့ နေရာယူကစားတာမှာ ပိုကောင်းမွန်ပြီး အိုလေရဲ့ ပိုပြီးရွေးချယ်ချင်စရာဖြစ်နေတဲ့ပုံပါပဲ။ ဒါပေမယ့် သူက လုံးလုံးတော့ စိတ်ချယုံကြည်ရတာမဟုတ်ပါဘူး။ ကျွန်တော်သာ အိုလေနေရာမှာဆိုရင် ဒီလ နောက်ခံကစားသမားတစ်ဦးခေါ်မှာပါ။ ကျွန်တော် လက်စတာက ဖိုဖာနာကို ခေါ်မယ်”

“သူက အသက် ၂၀ ပဲရှိသေးပေမယ့် အရမ်းထူးချွန်းနေခဲ့ပြီး သူ ဖြစ်ချင်တာ ဘာမဆိုဖြစ်လာနိုင်တဲ့ အလားအလာတွေရှိနေပါတယ်။ ယူနိုက်တက်က ဒီရာသီ နောက်တန်းမှာ အဆင်ပြေပြေလုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် သူတို့တွေ အသင်းကြီးတွေနဲ့ ကစားရတဲ့အချိန်ကျရင် နောက်တန်းက ဖွင့်သွားပြီး အဲဒါက သူတို့တွေ ဖြေရှင်းဖို့လိုနေတဲ့ နောက်ထပ်ပြဿနာတစ်ခုပါ”လို့ ပြောကြားခဲ့ပါတယ်။