Winter Coat အများစုဟာ စစ်ဝတ်စုံတွေက လာတယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ Bomber Jacket နဲ့ Aviator Jacket တို့ဆိုရင် ၁၉၅၀ နှောင်းပိုင်းက ဥရောပလေတပ်တွေမှာ ဝတ်ပြီး နာမည်ကြီးခဲ့သလို Trench Coats တွေကလည်း ပထမကမ္ဘာစစ်တုန်းက ဗြိတိန်နဲ့ ပြင်သစ်စစ်သားတွေအတွက် ချုပ်လုပ်ရာကနေ စတင်ခဲ့တာပါ။ နောက်ထပ် နာမည်ကြီးတဲ့ Winter Coat တစ်မျိုးက Navy Pea Coat ပါပဲ။

Pea Coat တွေကို ၁၈ ရာစုနှစ်အတွင်းမှာ စတင် ထွက်ပေါ်လာခဲ့တာ ဖြစ်ပြီး ရာစုနှစ်နှစ်ခုကျော်ကြာအောင် သမုဒ္ဓရာရဲ့ အေးခဲတဲ့အခြေအနေတွေမှာ ရေတပ်သားတွေကို အနွေးဓါတ်ပေးခဲ့တာ ဖြစ်ပါတယ်။ Pea Coat တွေဟာ တပ်တွင်းသုံး အဝတ်အစားကနေ ဈေးကွက်ဝင်ဖက်ရှင်အဖြစ်ပါ ရောက်လာပြီဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ Pea Coat တွေကို ဆောင်းတွင်းဘက်မှာ ဖက်ရှင်ကျကျ ဝတ်လို့ရမယ့် နည်းလမ်းလေးတွေ ပြောပြပေးချင်ပါတယ်။

(၁) Suit ပေါ်မှာ ထပ်ဝတ်ခြင်း

how-to-wear-a-peacoat-first-tip

Photo: urban men outfits

Suit နဲ့ အပြင်ထွက်ရမယ့်ကိစ္စပေါ်လာပြီး ရာသီဥတုကလည်း အပြင်မှာ အေးကိုက်နေတယ်ဆိုရင် Suit အပေါ်မှာ ထပ်ဝတ်ဖို့ ပြောချင်ပါတယ်။ Overcoat အနေနဲ့ ဝတ်တာဟာ အနွေးဓါတ်အပြင် ဖက်ရှင်ပါ ပိုကြွလာစေနိုင်ပါတယ်။ Pea Coat  ကို Suit ပေါ်မှာ ထပ်ဝတ်မယ်ဆိုရင် အောက်က Suit Blazer ထက် ခါးပိုရှည်တဲ့ အမျိုးအစားကို ရွေးဖို့ လိုပါတယ်။ Trench Coat ဆိုလည်း ဒီအတိုင်းပါပဲ။ အောက်မှာ ဝတ်ရမယ့် Suit Pant ဟာ အရောင်ရင့်ရင့်ဖြစ်ဖို့ လိုပြီး အပေါ်မှာ ရှပ်ဖြူကို အစက်/Printed Tie ရွေးချယ်သင့်ပါတယ်။ ဖိနပ်အနေနဲ့ အနက်ရောင်နဲ့ အညိုရောင် Leather Oxford Shoes တွေ ဝတ်ဆင်သင့်ပါတယ်။

(၂) Casual Outfit နဲ့ တွဲဝတ်တာ

Peacoat Over Casual Outfits

Photo: urban men outfits

Casual စတိုင်တွေမှာ အကန့်အသတ်မရှိပါဘူး။ Pea Coat အောက်မှာ Casual Fashion ဝတ်တာကို အမျိုးမျိုးအဖုံဖုံ ကြိုက်သလို ဝတ်နိုင်ပါတယ်။ ကိုယ့်စတိုင်နဲ့ လိုက်ပြီး ကိုယ့်ရဲ့ Personality ကို ဖော်ပြနိုင်ဖို့ပဲ လိုပါတယ်။ Casual ဖြစ်တာကြောင့် တချို့တွေက Jeans ပြာနဲ့ ဝတ်ပြီး တချို့က ကြိုက်နှစ်သက်ရာ Chino ကာလာတွေနဲ့ တွဲဝတ်ပါတယ်။ အောက်မှာ ဆွယ်တာလည်ခေါက် Turtleneck ၊ T-Shirt ၊ ရှပ်နှစ်သက်ရာ ဝတ်ဆင်နိုင်ပါတယ်။

(၃) ကော်လာပြားကြီးတွေ ပါတဲ့ Pea Coat ဝတ်တာ

Peacoat with Popped Collar

Photo: urban men outfits

Popped Collar လို့ခေါ်တဲ့ လည်ထောင်ကော်လာပြားကြီးတွေနဲ့ Pea Coat ဝတ်တာကလည်း ဖက်ရှင်ပါပဲ။ ဒီစတိုင်က ဆောင်တွင်း လည်ပင်းပါ နွေးစေသလို စတိုင်ကိုလည်း Sharp ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခုက Casual လိုရော Smart ကျအောင်ပါ ဝတ်လို့ရနိုင်တဲ့ ဒီဇိုင်းဖြစ်ပါတယ်။ မီးခိုးရောင် ဆွယ်တာ ၊ အပြာရောင် Jeans နဲ့ Sneaker / Trainer ဖိနပ်တို့ တွဲစီးသင့်ပါတယ်။

Featured Photo: hiconsumption