လူကြိုက်များတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ပါဘူး။ ပါဝင်သရုပ်ဆောင်ကြတဲ့ အနုပညာရှင်များရဲ့ ကျွမ်းကျင်တဲ့ သရုပ်ဆောင်မှုသည်လည်း အရေးကြီးသလို၊ ဒါရိုက်တာရဲ့ညွှန်ကြားချက်၊ ရိုက်ကွင်းမန်နေဂျာရဲ့ စွမ်းဆောင်ရည်၊ ဆက်တင်အဖွဲ့သားများ၊ မိတ်ကပ်အဖွဲ့များ၊ အဝတ်အစားအဖွဲ့များ စတဲ့ အဖွဲ့တစ်ခုချင်းစီရဲ့ စည်းလုံးညီညွှတ်စွာ လုပ်ဆောင်နိုင်စွမ်းတို့သည်လည်း အဓိကကျပါတယ်။

လူကြိုက်များတဲ့ Peaky Blinders ဇာတ်ကားသည်လည်း ထိုအချက်များအားလုံး ပြီးပြည့်စုံနေတဲ့အတွက်ကြောင့် ရုပ်ရှင်ကြည့်ပရိသတ်များရဲ့အသည်းနှလုံးကို ဆွဲကိုင်လှုပ်ရှားသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ထိုဇာတ်လမ်းတွဲထဲတွင် သူ့ရဲ့အမာခံပရိသတ်တွေတောင် မသိသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေလည်း ရှိပါသေးတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အတူတူဆက်ဖတ်လိုက်ရအောင်။

Cilian Murphy ရဲ့ ဆံပင်စတိုင်လ်

Peaky Blinders Behind The scenes Facts

ဒီဆံပင်စတိုင်လ်ဖြစ်လာဖို့ရန်အတွက် ဆံပင်နဲ့ မိတ်ကပ်တာဝန်ခံ Loz Schiavo ဆိုသည်သည် ၂၀ ရာစုနှစ်တုန်းက အမျိုးသားတွေရဲ့ ဓာတ်ပုံတွေထောင်ပေါင်းများစွာကို လေ့လာခဲ့ပြီးမှ မင်းသားရဲ့ ဆံပင်ကေနဲ့ အသင့်တော်ဆုံးဖြစ်မယ့် ဆံပင်စတိုင်လ်တစ်ခုကို ရွေးချယ်ခဲ့ရတာဖြစ်တယ်လို့ YouTube အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

မင်းသားအပါအဝင် အခြားသောသူများအားလုံးသည်လည်း ထိုဆံပင်စတိုင်လ်က အဆင်ပြေပါ့မလားဆိုတာကို စိုးရိမ်နေခဲ့ကြတာပါ။ ဒါပေမဲ့ ထိုဇာတ်ကားကို စတင်ထုတ်လွှတ်ပြီးတာနဲ့တစ်ပြိုင်နက် ပရိသတ်များအကြားထိုဆံပင်ကေသာ ရေပန်းစားလာခဲ့တာဖြစ်ပါတယ်။

Cillian Murphy တစ်ယောက် Season တစ်ခုလျှင် စီးကရက်ပေါင်း ၁၀၀၀ ကျော်ခန့် သောက်ခဲ့ရတာပါ

Peaky Blinders Behind The scenes Facts

Murphy တစ်ယောက် ဇာတ်ကားထဲတွင် မီးခိုးခေါင်းတိုင်အလား ထင်မှတ်ရလောက်အောင် စီးကရက်တွေ အများကြီး သောက်ရတာတွေ့မြင်ရပါလိမ့်မယ်။ လူမိုက်ဂန်းစတားပုံစံပေါက်ဖို့ဆိုရင် သူ့ရဲ့ဆံပင်စတိုင်လ်တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ အမိုက်စားဝတ်စုံပြည့်၊ ဦးထုပ်နှင့် စီးကရက်သောက်တဲ့စတိုင်လ်တို့ကိုလည်း ထပ်ပေါင်းထည့်ဖို့လိုအပ်ပါတယ်။

ကံကောင်းတာတစ်ခုကတော့ ထိုစီးကရက်များကို ဆက်တင်အဖွဲ့က ပံ့ပိုးပေးခဲ့တာဖြစ်ပြီး ထိုစီးကရက်သည် သဘာဝဆေးဖက်ဝင်အရွက်များဖြင့် ပြုလုပ်ထားပြီး Carcinogens မပါဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးအတွက် စိတ်ပူစရာမလိုခဲ့ပါဘူး။

Sam Neill သည် သူ့ရဲ့အသံထွက် ပီပြင်ဖို့ရန်အတွက် ဘယ်လိုကြိုးစားခဲ့ရသလဲ

Peaky Blinders Behind The scenes Facts

Peaky Blinder ဆိုတဲ့ဇာတ်ကားလေး ကျော်ကြားဖို့ရန်အတွက် အင်စပက်တာ Campbell ရဲ့ကာရိုက်တာသည်လည်း အရေးပါပါတယ်။ သူသည် နယူးဇီလန်သားတစ်ယောက်ဖြစ်တာကြောင့် သူ့ရဲ့အသံအနေအထားကို အမေရိကန်ပရိသတ်တွေ နားလည်လွယ်ဖို့ရန်အတွက်ဆိုပြီး သူ့ရဲ့သူငယ်ချင်းတွေဖြစ်ကြတဲ့ Jason Nesbitt နဲ့ Liam Neeson တို့ရဲ့ အကူအညီကို ရယူခဲ့ရတာဖြစ်ပါတယ်။

အပိုင်းတိုင်း အပိုင်းတိုင်းသည် Stephen Knight ရဲ့ ကလေးဘဝတုန်းက ကြားသိခဲ့ရတဲ့ဇာတ်လမ်းများထဲမှ အခြေခံထားတာဖြစ်ပါတယ်

Peaky Blinders Behind The scenes Facts

Peaky Blinders ရဲ့ စာရေးဆရာနဲ့ ဖန်တီးသူတစ်ယောက်ဖြစ်တဲ့ Stephen Knight သည် The Blinders ဆိုတဲ့ဂန်းစတားဂိုဏ်းအကြောင်းကို သူ့ရဲ့အိမ်နီးချင်းတွေ၊ မိဘတွေ၊ အဘိုးအဘွားတွေဆီကနေ ကြားသိခဲ့ရတာဖြစ်ပါတယ်။ ဒီဇာတ်ကားသည် ဘယ်လောက်ပဲ စိတ်ကူးယဉ်ဇာတ်ကားပါလို့ဆိုနေပါစေ အချို့ဇာတ်ကွက်များကတော့ ဖြစ်ရပ်မှန်များကို အခြေခံထားတာဖြစ်ပါတယ်။

Jack Rowan က လက်ဝှေ့သမားအစစ်ဖြစ်ပါတယ်

Peaky Blinders Behind The scenes Facts

ဒီစီးရီးထဲမှာ လက်ဝှေ့သမား Bonnie Gold အဖြစ် သရုပ်မဆောင်ခင်ကတည်းက Jack Rowan သည် အပျော်တမ်းလက်ဝှေ့သမားတစ်ဦးဖြစ်ပါတယ်။ သူသည် ပြိုင်ပွဲပေါင်း ၂၇ ပွဲခန့် ဝင်ပြိုင်ခဲ့ဖူးပြီး ပွဲပေါင်း ၁၈ ပွဲ နိုင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အရည်အချင်းအစစ်ကို ဒီဇာတ်ကားထဲမှာ ထုတ်ပြခွင့်ရခဲ့လိမ့်မယ်လို့လည်း မတွေးခဲ့ဖူးဘူးဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့ပါတယ်။

Source: Screenrant.com

Featured Image Source: Screenrant.com