ပြင်သစ်အရှေ့ပိုင်း ဒေသတွင်းအမှတ်ပေးပြိုင်ပွဲတစ်ခုတွင် ပြိုင်ဘက်ကစားသမား၏ငယ်ပါကို ကိုက်ခဲ့သည့် ဘောလုံးသမားတစ်ဦးကို ဘောလုံးကစားခွင့် (၅) နှစ်ပိတ်ပင်သည့်ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ SC Terville နဲ့ AS Soetrich အသင်းတို့ပြိုင်ပွဲအပြီးတွင် ကစားသမားအချင်းချင်း ရန်ဖြစ်ကြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ နှစ်ဖက်အသင်းရန်ဖြစ်နေတဲ့အချိန်မှာ Terville အသင်းဖက်မှကစားသမားတစ်ဦးက ဝင်ရောက်ဖျန်ဖြေချိန်တွင် Soetrich အသင်းကစားသမားမှာ ဖျန်ဖြေပေးသူ၏ ငယ်ပါကို ကိုက်ခဲ့ခြင်းဖြစ်ပါတယ်။

Source: Nambia – Global News

အကိုက်ခံရသူကို ဆေးရုံတင်လိုက်ရပြီး (၁၂) ချက်ခန့် ချုပ်လိုက်ရပြီး (၄) ရက်ခန့် အနားယူရမယ်လို့ သိရပါတယ်။Moselle အာဏာပိုင်တွေဟာ အဆိုပါကစားသမားကိုတော့ ဘောလုံးကစားခွင့် (၅) နှစ်ပိတ်ပင်တဲ့အပြင် ဒဏ်ကြေးအနေနဲ့ ယူရိုငွေ ၂၀၀ ပေးဆောင်စေခဲ့ပါတယ်။ ငယ်ပါအကိုက်ခံရတဲ့ကစားသမားကိုလည်း အဝတ်လဲခန်းနှင့်ကားပါကင်တို့မှာ ဥပဒေပြင်ပ လုပ်ရပ်တွေကြောင့် ရာသီကုန်အထိ ဘောလုံးကစားခွင့်ပိတ်ပင်ခဲ့ပါသေးတယ်။

Source: T.co

ဒီပွဲကို Terville အိမ်ကွင်းတွင် ကစားခြင်းဖြစ်ပြီး ဇယားအောက်ဆုံးရောက်နေသည့် Terville အသင်းမှာ ပထမဆုံးရမှတ်ရရှိခဲ့သော်လည်း (၂) မှတ်လျှော့ပြစ်ဒဏ်နှင့် ဒဏ်ငွေ ယူရို (၂၀၀) တပ်ရိုက်ခဲ့သောကြောင့် (-၁) မှတ်ဖြင့်သာ ဇယားအောက်ဆုံးတွင်သာ ရပ်တည်လျက်ရှိနေပါတယ်။

Source: ronaldo.com

ဒီငယ်ပါကိုက်ခံရတဲ့ဖြစ်ရပ်ကို ပြင်သစ်ကစားသမားအပြုအမူ စောင့်ကြည့်ရေး အဖွဲ့က မှတ်တမ်းထားရှိမှာဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ ဒီအဖွဲ့ကို ၂၀၀၆ ခုနှစ်မှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး ပြင်သစ်နိူင်ငံ ဘောလုံးအားကစားကို မြင့်တင်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တာပါ။