အသက်ကြီးလာလေလေ ခန္ဓာကိုယ်ယိုးယွင်းပျက်စီးလာလေလေဖြစ်တာက သဘာဝပါ။ ကမ္ဘာပေါ်မှာ ဒီသဘာကိုဆန့်ကျင်ပြီးတော့ အသက်အရွယ်နဲ့မလိုက်အောင် နုပျိုနေကြသူတွေ ရှိပါတယ်။ဒီလူတွေကအသက် ၅၀ ကျော်နေပေမဲ့ ၂၀ ကျော်အရွယ်လို့ပဲ ထင်ရလောက်အောင် မယုံနိုင်ဖွယ်နုပျိုနေကြတာပါ။ကဲဘယ်သူတွေလဲ ဆက်ဖက်ကြည့်လိုက်ပါအုံး။

Chuando Tan (၅၃ နှစ်)

Source: Today Online

အသက် ၅၃ နှစ်ရှိပြီဖြစ်တဲ့ စင်ကာပူနိုင်ငံသား Chuando Tan ဟာ ဓာက်ပုံဆရာတယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့သူပါ။ မော်ဒယ်လ်လောကမှာလည်း နာမည်ရှိတဲ့သူတယောက်ပါ။ Chuando ဟာ အသက် ၅၃ နှစ်ရှိပြီဖြစ်ပေမဲ့ ၂၀ ကျော်လူငယ်လေးလို့ပဲထင်ရအောင် ငယ်ရွယ်နုပျိုနေတုန်းပါ။သူ့ရဲ့ လျှိုဝတ်ချက်တွေကတော့ တစ်ပက်ကို Gym (၄) ရက်ဆော့ပါတယ်။ မနတ်တိုင်း ရေကူးလေ့ရှိပြီးတော့ အစားအစာကိုအာဟာရမျှတအောင်စားပါတယ်။ သူ့ရဲ့ နောက်ဆုံးလျှို့ဝတ်ချက်ကတော့ အိပ်ရေးဝအောင်အိပ်တာပါပဲ။

Debbie Plumbley (၅၂ နှစ်)

Source: @Debbie Lane

Debbie Plumbley ဟာ အင်္ဂလန်နိုင်ငံသူတယောက်ဖြစ်ပါတယ်။ လူတွေကသူ့သားသမီးတွေနဲ့ အတူတွဲပြီး သွားလာနေတာကိုမြင်ရင် မောင်နှမလိုပဲအထင်မှားတတ်ကြတဲ့အထိ ငယ်ရွှယ်နေတုံးပါ။Debbie Plumbley ရဲ့ပြောစကားအရ သူမအခုလိုမျိုးအရွယ်နဲ့မလိုက်အောင် နုပျိုနေရတာဟာသူများတွေလိုအားကစားလုပ်လို့မဟုတ်ပါဘူး။ သူမအသက် ၂၀ ကတည်းက တနေ့ကို ရေ ၂ လီတာနေ့စဉ်သောက်ပါတယ်။ သူမဟာအချိုစားသုံးခြင်းကို ရှောင်တဲ့အပြင်၊ ဆိုဒါ လက်ဖက်ရည်နဲ့ ကော်ဖီ သောက်သုံးခြင်းတို့ကို ရှောင်ကျဉ်လေ့ရှိပါတယ်။

Pamela Jacobs (၅၆ နှစ်)

Source: Jersey’s Best Home Inspection

Pamela Jacobs ဟာ Yorkshire နိုင်ငံသူဖြစ်ပါတယ်။ သူ့ရဲ့အရွယ်နဲ့ မလိုက်အောင် ငယ်ရွယ်နုပျိုမှုဟာ Internet Social Media တခုလုံးကိုတုန်လှုပ်စေခဲ့ပါတယ်။ သူမရဲ့အသက်အရွယ်နဲ့အခုလောက်နုပျိုနေတာကိုတခြားလူတွေကမယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။Pamela ဟာယောဂ လေ့ကျင့်ခန်းကို ပုံမှန်လုပ်လေ့ရှိပြီးတော့ အစားအသောက်ကိုလည်း ကျန်းမာရေးနဲ့အညီစားသောက်လေ့ရှိပါတယ်။အသားအရေစိုပြေနေဖို့အတွက် အုန်းဆီကိုအသုံးပြုလေ့ရှိပါတယ်။

Masako Mizutani (၅၁ နှစ်)

Source: IBTimes Singapore

ဂျပန်မော်ဒယ်လ်ဟောင်း Masako Mizutani ဟာ ထာဝရနေတဲ့သူလို့ခေါ်ရလောက်အောင် လက်ရှိအသက်အရွယ်နဲ့အလိုက်အောင်ကို ငယ်ရွယ်တဲ့သူတယောက်ပါ။လက်ရှိကလေး ၂ ယောက်အမ အသက် ၅၁ နှစ်အရွယ် Masako Mizutani ဟာအသက် ၂၀ ကျော် မိန်းမပျိုတယောက်အလားထင်ရလောက်အောင် နုပျိုနေတဲ့သူပါ။သူမရဲ့လျှို့ဝှတ်ချက်တွေကတော့ အိပ်ရေးဝအောင်အိပ်တယ်။ အစားအသောက်ကိုအာဟာရဖြစ်အောင်စားတယ်။ပြီးတော့ facial message ကိုရံဖန်ရံခါလုပ်လေ့ရှိပါတယ်။