ယခုလက်ရှိ မန်စီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာက ဂျုဗင်တပ်စ်အသင်းရဲ့ နည်းပြထိုင်ခုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီး ရာသီကုန်မှာ မန်ချက်စတာမှ ဂျူဗီသို့ပြောင်းရွေ့လာမယ်လို့ အီတလီ မီဒီယာတွေကပြောဆိုနေကြတာပါ။

Source: Skysports

ဂွာဒီယိုလာအနေနဲ့ ဘာစီလိုနာ၊ ဘိုင်ယန်းမြူးနစ်အစရှိတဲ့ အသင်းတွေမှာလည်း ရွှေထီးဆောင်းခဲ့ဖူးတာဖြစ်ပြီး၊ ယခုလက်ရှိကိုင်တွယ်နေတဲ့ မန်စီတီးအသင်းကိုတော့ (၂၀၁၆) ခုနှစ်ကမှ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒီနှစ်တွေအတွင်းမှာ မန်စီးတီးအသင်းကို အသင်းကြီးပီသတဲ့ကစားဟန်တစ်ခု ဖော်ဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်အပါအ၀င် အဓိက ဆုဖလား လေးခုကိုယူဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Source: Skysports

အီတလီမီဒီယာတွေကတော့ ဂွာဒီယိုလာအနေနဲ့ လေးနှစ်စာချုပ်တောင် ဂျုဗီနဲ့နှုတ်အားဖြင့် ညိုနှိုင်းပြီးပြီဆိုပြီး အခိုင်အမာပြောဆိုနေတာလည်းဖြစ်ပါတယ်။