လေ့လာမှုတွေအရ အမျိုးသားတွေဟာ အမျိုးသမီးတွေထက် တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အခြေခံစည်းမျဉ်းတွေကို ချိုးဖောက်လေ့ရှိပါတယ်။ တကယ်တော့ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုတာ ကျန်းမာရေးအရ ကြည့်ရင်လည်းအရေးကြီးသလို နေ့စဉ်ဘဝဖြတ်သန်းမှုအတွက်လည်း လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ အမျိုးသားတွေမှန်မှန်ပြုလုပ်သင့်တဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုဆိုင်ရာ အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။
(၁) နှာခေါင်းမွှေးညှပ်ပါ
Photo : Men’s Health
နှာခေါင်းအဝမှာ အမွှေးတသီသီထွက်နေတာက ကြည့်ရဆိုးစေတာအမှန်ပါပဲ။ အမျိုးသားတစ်ယောက်ရဲ့တည်ကြည်ခန့်ညားမှုဟာ နှာခေါင်းမွှေးတွေကြောင့် ရုပ်ပျက်သွားစေနိုင်ပါတယ်။ နှာခေါင်းမွှေးကို waxing လုပ်တာ ၊ နှုတ်တာထက် ကပ်ကြေးနဲ့ ညှိပေး တိပေးတာမျိုးလုပ်တာ ပို ကောင်းပါတယ်။
(၂) အတွင်းခံဘောင်းဘီ အလဲလှယ်လုပ်ဝတ်ပါ
Photo : Men’s Venture
အတွင်းခံဘောင်းဘီတွေဟာ များသောအားဖြင့် တစ်ရက်ကို တစ်ထည်သာ ဝတ်သင့်ပါတယ်။ မလျော်ပဲ နောက်ရက်ပြန်ဝတ်တာမျိုး ၊ တစ်ထည်တည်းကိုပဲ ထပ်တလဲလဲပြန်ဝတ်နေတာ မျိုးမလုပ်သင့်ပါဘူး။ ဝတ်ထားတဲ့ အတွင်းခံတွေကို သေချာလျော်ဖွတ်လှန်းထားပြီး တခြားတစ်ထည်နဲ့ အစားထိုး အလဲလှယ်လုပ်ဝတ်ဖို့ လိုအပ်ပါတယ်။
(၃) ခြေသည်း/လက်သည်း ပုံမှန်ညှပ်ပါ
Photo : StyleCheer
ခြေသည်း/လက်သည်းတွေဟာ တစ်ကိုယ်ရည်သန့်ရှင်းမှုနဲ့ ကျန်းမာရေးအရပါ ပုံမှန်ညှပ်ဖို့ လိုပါတယ်။ များသောအားဖြင့် တစ်ကြိမ်ညှပ်ပြီး ၁၀ ရက်ကနေ ၂ ပတ်အတွင်း ပြန်ရှည်လာတက်တာကြောင့် သတိတရနဲ့ မှန်မှန် ညှပ်သွားဖို့ အကြံပြုချင်ပါတယ်။
(၃) ဘလိတ်ဓားတွေလဲပေးပါ
Photo : Men’s Health
မုတ်ဆိတ်ရိတ်တဲ့အခါ Razor တွေမှာသုံးတဲ့ ဘလိတ်ဓားတွေကို တစ်ကြိမ်ထက်ပိုမသုံးသင့်ပါဘူး။ တစ်ကြိမ်အသုံးပြုပြီးတိုင်းမှာ Razor ကိုသေချာသန့်ရှင်းဆေးကြောဖို့လိုအပ်ပြီး ဘလိတ်ဓားတွေကိုလည်း လွှင့်ပစ်လိုက်သင့်ပါတယ်။ နောက်ကြိမ်ပြန်သုံးတဲ့အခါ ဘလိတ်ဓားအသစ် ကိုသာ အသုံးပြုပါ။
(၅) သွားပွတ်ကြိုးသုံးပါ
Photo : iStock
တစ်ကိုယ်ရည်သန့်ရှင်းမှုအကြောင်းပြောရင် ခံတွင်းကျန်းမာရေးက မေ့ထားလို့မရပါဘူး။ တစ်ရက်ကို သွားနှစ်ကြိမ်ပုံမှန်တိုက်တာအပြင် သွားပွတ်ကြိုးတွေသုံးပေးပြီး နေ့စဉ်ပုံမှန် သန့်ရှင်းရေးလုပ်ပေးခြင်းအားဖြင့် ခံတွင်းရနံ့ဆိုးထွက်ခြင်းကို သက်သာစေမှာဖြစ်ပါတယ်။
Photo : Crello