စတိုင်ကျပြီး ကြည့်ကောင်းတဲ့ အမျိုးသားတွေဟာ ကိုယ့်ရဲ့ Hairstyling ပေါ်လည်း အလေးအနက်ထားတတ်ကြစမြဲပါ။ ဆံပင်ပုံစံကောင်းတစ်ခု ထွက်ဖို့ ဆံပင်ညှပ်ဆိုင် ကောင်းကောင်းမှာ ညှပ်ဖို့အပြင် ဆံသားကျန်းမာရေးအတွက်ပါ ဂရုစိုက်ဖို့ အရေးကြီးပါတယ်။ Hairstyling ကောင်းချင်သူတွေအနေနဲ့ အခုပြောမယ့် အမှားတွေလည်း ရှောင်ရှားဖို့ လိုပါတယ်။

(၁) ဆံပင် အရှည်ကြီး ထားခြင်း

long-hair

Photo : dmarge

ဆံပင်အရှည်စတိုင် ထားမယ်ဆိုရင် ပိုပြီး ဂရုစိုက်ရပါတယ်။ ဆံပင်အရှည် Long Hair သမားတွေက ဆံပင်အတိုစတိုင်ထားသူတွေထက် စာရင် ဆံပင်ထိန်းသိမ်းမှု ၊ ပုံသွင်းအလှပြင်မှုနဲ့ သန့်ရှင်းရေးအတွက် အများကြီး အချိန်ပေးရပါတယ်။ ဆံပင်အရှည်ကြီး ထားပြီး သန့်ရှင်းရေး နဲ့ ထိန်းသိမ်းမှု မလုပ်တတ်ရင် နဖူးပြောင်တာ ၊ ဆံပင်ကွက်ကျွတ်တာတွေ အဖြစ်များပါတယ်။

(၂) Hair Product အသုံးလွန်ခြင်း

hair-gel

Photo : dmarge

Wax ၊ Pomade နဲ့ Gel စတဲ့ Hair Products တွေ အလွန်အကျွံ သုံးရင်လည်း ဆံပင်ပျက်စီးတတ်ပါတယ်။ Hair Products အသုံးများခြင်းဟာ ဦးရေပြားတွေ တင်းပြီး နာကျင်တတ်သလို ဆံပင်လည်း ပိုပျက်စီးနိုင်ပါတယ်။ ဆံပင်အတွက် Hair Products တွေ သုံးမယ်ဆိုရင် နည်းနည်းပဲ သုံးပါ။ တစ်ခေါင်းလုံး နှံ့အောင် Hair Products ကို လက်မှာ သေချာပွတ်ပြီးမှ သုံးပါ။

(၃) အိမ်မှာတင် ကိုယ့်ဘာသာ ဆံပင်ညှပ် ၊ ဆေးဆိုးခြင်း

blonde

Photo : dmarge

ဆံပင်အဖြူတွေ ပေါက်လာလို့ Hair Coloring တင်မယ်ဆိုရင် ကျွမ်းကျင်တဲ့ Hairstylist ဆီ သွားပြီး ဆေးဆိုးဖို့ တိုက်တွန်းချင်ပါတယ်။ ဆံပင်မဖြူဘဲနဲ့ အဝါရောင် ၊ အနီရောင် ၊ အဖြူရောင် Bleaching လုပ်တာမျိုးက လူတိုင်းနဲ့ လိုက်ဖက်တာ မဟုတ်သလို ဓါတုပစ္စည်းတွေကြောင့် ဆံပင်ပျက်စီးဖို့ အလားအလာ ပိုများပါတယ်။ မိန်းကလေးတွေအနေနဲ့လည်း သဘာဝဆံပင်ကာလာနဲ့ ယောင်္ကျားလေးတွေကို ပိုသဘောကျတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဒီအတိုင်းပါပဲ။ ကိုယ့်ဘာသာ အိမ်မှာ မှန်ကြည့်ပြီး ဆံပင်ညှပ်တာ ၊ တိ,တာတွေကလည်း ကိုယ့်ဆံပင်ပုံစံကို ပျက်စီးစေနိုင်ပါတယ်။

(၄) 2-In-1 Products တွေ သုံးခြင်း

hair-wash

Photo : dmarge

ဆံပင်ကျန်းမာရေးအတွက် Hair Products တွေ သုံးတဲ့အခါ တစ်ခုတည်းနဲ့ နှစ်မျိုးသုံးနိုင်တဲ့ 2-In-1 Shampoo တို့ Conditioners တွေ သုံးတာမျိုးက အဆင်ပြေပုံ ပေါက်ပေမယ့် တကယ်တမ်းတော့ ဆံပင်အတွက် ထင်သလောက် အကျိုးမရှိတဲ့ အပြင် ပျက်စီးတဲ့အထိ ဖြစ်နိုင်ပါတယ်။ 2-In-1 Shampoo Conditioners တွေရဲ့ ပြဿနာက ရေရှည်မှာ ဆံသားခြောက်တာ ဗောက်ထပြီး ဆံပင်အဖျားပြတ်တာတွေ နှစ်ခွဖြစ်တာတွေ ကြုံနိုင်လို့ ဖြစ်ပါတယ်။

Featured Photo : divinemagazine