အောင်မြင်မှုဆိုတာ အလွန်သိမ်မွေ့နက်နဲတဲ့ အရာတစ်ခုပါ။ အောင်မြင်မှုကို လိုချင်ရင် ဒုက္ခတွေကို ခံနိုင်ရည်ရှိရမယ်။ အကောင်းမြင်စိတ်ရှိရမယ်။ တခြားလူတွေနဲ့ ပေါင်းသင်းဆက်ဆံတက်ရမယ်။

ဒီနေ့ kwee page ကအောင်မြင်တဲ့လူတွေနဲ့မအောင်မြင်တဲ့လူတွေမှာရှိတဲ့ ကွာခြားချက်တွေကို နှိုင်းယှဉ်ပြပေးသွားမှာပါ။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
ကျေးဇူးသိတက်တယ်။ သူတပါးကို ချီးမွမ်းစကားဆိုတယ်။ သူတစ်ပါးအကြောင်း သေချာမသိဘဲ ဝေဖန်တတ်ကြတယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
ဘယ်လိုခွင့်လွှတ်ရမလဲဆိုတာ သိတယ်။ သူတစ်ပါးအပေါ် မလိုမုန်းတီးစိတ်တွေထားတယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
ပစ္စပ္ပုန်မှာ နေထိုင်တယ်။ အတိတ်မှာ ကျန်နေခဲ့တယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
မိမိလုပ်ခဲ့မိတဲ့ အမှားတွေအတွက် တာဝန်အပြည့်အဝ ယူပေးတယ်။ အနားမှာရှိတဲ့ တစ်ပါးသူတွေအပေါ် အပြစ်တွေပုံချတက်တယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
သတင်းအချက်အလတ်တွေ မျှဝေပေးတယ်။ သတင်းအချက်အလတ်တွေကို လျှို့ဝှတ်ထားတယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
အကောင်းမြင်ဝါဒရှိတယ်။ အဆိုးမြင်ဝါဒများတယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
စိတ်ကူးစိတ်သန်းတွေအကြောင်း ပြောတယ်။ တစ်ပါးသူတွေအကြောင်း အတင်းပြောတယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
အောင်မြင်မှုတွေကို အခြားလူတွေနဲ့ မျှဝေခံစားတယ်။ အောင်မြင်မှုတွေကို တစ်ယောက်ထဲ ခံစားတယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
လိုအပ်လာရင် ပြောင်းလဲဖို့ အမြဲတမ်းအသင့်ရှိနေတယ်။ ပြောင်းလဲဖို့ကို ကြောက်ရွှံ့နေတက်တယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
အခြားသူတွေ အောင်မြင်တာကို လိုလားတယ်။ အခြားသူတွေ ကျရှုံးမှာကို တိတ်တဆိတ်မျှော်မှန်းနေတက်တယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
အခြားလူတွေရဲ့ အမြင်ကို လက်ခံစဉ်းစားပေးတယ်။ အခြားလူတွေရဲ့ အမြင်ကို ဂရုမစိုက်တက်ဘူး။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
ရည်မှန်းချက်ထားတယ်။ ရည်မှန်းချက်ပန်းတိုင် မရှိဘူး။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
မိမိဘာလိုချင်လဲဆိုတာကို သိတယ်။ သူတို့ကိုယ်သူတို့ ဘာလိုချင်နေလဲဆိုတာကို မသိဘူး။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
အမြဲတမ်း သင်ယူနေတက်တယ်။ သူတို့တွေက အကုန်သိနေသလို ဟန်ဆောင်တက်ကြတယ်။

အောင်မြင်နေတဲ့လူများ မအောင်မြင်တဲ့လူများ
စာအုပ်တွေဖတ်တယ်။ ရုပ်ရှင်တွေပဲ ထိုင်ကြည့်နေတက်တယ်။

Source: Bright Side