တစ်ချိန်ကဘောလုံးလောကမှာ ရှန်းရှန်းတောက်ကျော်ကြားခဲ့တဲ့ အင်္ဂလန်အသင်းဂန္တဝင်တိုက်စစ်ကစားသမားဟောင်း ပီတာခရော့ခ်ျဟာ ဇူလိုင်လ(၁၂)ရက်နေ့က ဘောလုံးလောကမှအပြီးတိုင်အနားယူသွားပြီဖြစ်ကြောင်း အတည်ပြုကြေငြာခဲ့ပါတယ်။အသက် (၃၈)နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်ကစားသမားပီတာခရော့ခ်ျဟာ စပါးအသင်းအကယ်ဒမီထွက်ကစား သမားတစ်ဦးဖြစ်ပြီး စပါးအသင်း ၊ လီဗာပူးလ်အသင်း ၊ စတုတ်စီးတီးအသင်းနဲ့ ဘန်လေစတဲ့ နာမည်ကြီးကလပ်အသင်းတွေမှာ ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

Source : independent.co.uk

ပီတာခရော့ခ်ျဟာ ဘောလုံးလောကမှအပြီးတိုင်အနားယူမယ့်အကြောင်းကိုတော့ ၎င်းရဲ့တွစ်တာလူမှုကွန်ယက်အကောင့်ကနေတဆင့် ကြေကြာခဲ့တာပဲဖြစ်ပါတယ်။ ” အခုနှစ်နွေရာသီမှာ တော်တော်လေးစဉ်းစားခဲ့ပြီးဘောလုံး လောကမှအနားယူဖို့ကိုဆုံးဖြတ်ခဲ့တာပါ။အရမ်းကောင်းဘောလုံးပွဲစဉ်တွေနဲ့ ပရိသတ်တွေကို ပေးဆပ်နိုင်ခဲ့ပါတယ်။ဒီနေ့လိုအချိန်အထိရောက်အောင် အားပေးခဲ့ကြတဲ့ပရိသတ်တွေ အဘက်ဘက်မှကူညီခဲ့တဲ့လူတွေအားလုံးကိုကျေးဇူးတင်ပါတယ်လို့” ဆိုပါတယ်။

 

Source : thisisanfield.com

ပီတာခရော့ခ်ျဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာတော့ ကစားသမားဘဝရဲ့ နောက်ဆုံးအသင်းအနေနဲ့ ဘန်လေအသင်းမှာကစားခဲ့တာဖြစ်ပါတယ်။လက်ရှိအသက်အရွှယ်အရ အရင်လိုကောင်းကောင်းမကစားနိုင်ဖို့ခက်ခဲသွားပြီဖြစ်တာကြောင့်ဘောလုံးလောကမှအနားယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ပီတာခရော့ခ်ျဟာ ကစားသမားသက်တမ်းတစ်လျောက် ကလပ်အသင်း(၁၂)သင်းခန့်ပြောင်းရွှေ့ကစားခဲ့ပြီး ပွဲပေါင်း(၇၀၀)ကျော်ကစားခဲ့ကာ သွင်းဂိုးစုစုပေါင်း (၂၀၈)ခန့် သွင်းယူပေးထားတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။

Source : Premier League

အင်္ဂလန်လက်ရွေးစင်အသင်းမှာတော့ ပြီးခဲ့တဲ့(၂၀၀၅ -၂၀၁၀)ခုနှစ်အတွင်း ပါဝင်ကစားခဲ့သူဖြစ်ပြီး နိုင်ငံအသင်းအတွက် ပွဲပေါင်း(၄၂)ပွဲကစားခဲ့ကာ သွင်းဂိုးစုစုပေါင်း(၂၂)ဂိုးသွင်းယူ ပေးခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်သွင်းဂိုးပေါင်း (၁၀၀) ထက်သွင်းယူနိုင်တဲ့ ကစား သမားစာရင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။လက်ရှိမှာတော့ပီတာခရော့ခ်ျဟာဘောလုံးလောကအနားယူပြီး ချစ်ရတဲ့ဇနီးသည် အက်ဘီကလန်စီ ၊ သားနှစ်ယောက်၊ သမီးနှစ်ယောက်တို့နဲ့ ပျော်ရွှင် အေးချမ်းတဲ့ မိသားစုဘဝလေးကိုဖြတ်သန်းသွားတော့မှာပဲ ဖြစ်ပါတယ်။ဘောလုံးကစားခဲ့တဲ့သက်တမ်းတစ်လျောက် ပရိသတ်တွေကိုအကောင်းဆုံးပေးဆပ် ခဲ့တဲ့ဂန္တဝင်ကစားသမားကြီးပီတာခရော့ခ်ျကို ပရိသတ်တွေအားလုံးအမှတ်ရနေကြရအုန်းမှာဖြစ်ပါတယ်။