မန်ချက်စတာယူနိုက်တက်ဂန္တဝင်ကွင်းလယ်ကစားသမားဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းဟာ ယူနိုက်တက်အသင်းဖော်ဟောင်း ဖီးလ်နဗီးကို အင်တာမိုင်ယာမီအသင်းနည်းပြအဖြစ် ခန့်အပ်ဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်တာကြောင့် မကြာခင်မှာ တရားဝင်ကြေညာဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

အင်္ဂလန် အမျိုးသမီးလက်ရွေးစင်အသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ဖီးလ်နဗီးဟာ ဇူလိုင်လမှာ ရာထူးကနေ နုတ်ထွက်ဖို့အတွက် စီစဉ်ထားခဲ့တာဖြစ်ပေမယ့် ဖလော်ရီဒါကို ပြောင်းရွှေ့နိုင်ပြီဆိုတာနဲ့ ၎င်းရဲ့ ထွက်ခွာမှုက မြန်မြန်ဆန်ဆန် အကောင်အထည်ပေါ်လာမှာဖြစ်ပါတယ်။

Photo: Fotmob

ဒေးဗစ်ဘက်ခမ်းဟာ မေဂျာလိဂ်အသင်းသစ်ဖြစ်တဲ့ အင်တာမိုင်ယာမီအသင်းကို ပူးတွဲပိုင်ဆိုင်ထားသူဖြစ်ပြီး လွန်ခဲ့တဲ့အပတ်က ၎င်းရဲ့အသင်းဟာ ဒီယေဂိုအလွန်ဆိုနဲ့ လမ်းခွဲခဲ့ပြီးနောက် ၉၂ မျိုးဆက် ယူနိုက်တက်အသင်းဖော်နဲ့ ချက်ချင်း စကားပြောခဲ့တာဖြစ်ပါတယ်။

နဗီးဟာ ယခုနွေရာသီ အိုလံပစ်ပြိုင်ပွဲမှာ ဂရိတ်ဗြိတိန်အမျိုးသမီးအသင်းကို စီမံခန့်ခွဲဖို့အတွက် စီစဉ်ထားခဲ့တာဖြစ်ပေမယ့် အမေရိကားကို ပြောင်းရွှေ့ရတော့မှာဖြစ်တာကြောင့် တိုကျိုမှာ နည်းပြဖို့ အိပ်မက်ဟာ အဆုံးသတ်တော့မှာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ပြီးခဲ့တဲ့ရာသီ မေဂျာလိဂ် ပွဲဦးထွက်ရာသီအဖြစ် ကစားခဲ့တဲ့ အရှေ့ပိုင်းဇုန်ပြိုင်ပွဲမှာ အဆင့် ၁၀ နေရာနဲ့ ရာသီပြီးဆုံးခဲ့ပြီး ဘက်ခမ်းက ၎င်းရဲ့ ဖလော်ရီဒါ အခြေစိုက်အသင်းအတွက် ကြီးမားတဲ့ အစီအစဉ်တွေ ဆွဲနေတာဖြစ်ပါတယ်။

Photo: metro

ဟီဂူအင်၊ မတွီဒီတို့လို ကစားသမားတွေကို အသင်းအတွက် ခေါ်ယူထားပြီးဖြစ်သလို ဒေးဗစ်ဘက်ခမ်းဟာ လီယွန်နယ်မက်ဆီ၊ ဂရစ်ဇ်မန်းနဲ့ လူးဝစ္စဆွာရက်ဇ်တို့လို ကစားသမားတွေကိုလည်း ရည်မှန်းချက်ကြီးကြီးနဲ့ ပစ်မှတ်ထားနေသေးတာဖြစ်ပါတယ်။ ဖီးလ်နဗီးဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ အင်္ဂလန် အမျိုးသမီးအသင်းကို နည်းပြပေးခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ အင်တာမိုင်ယာမီ နည်းပြသစ်အဖြစ် မကြာမီအချိန်အတွင်း တရားဝင်ကြေညာခြင်းခံရတော့မှာဖြစ်ပါတယ်။