ယနေ့ခေတ်မှာ စမတ်ဖုန်းတွေရဲ့ အခန်းကဏ္ဍ ဟာလူတွေရဲ့ နေစဉ်ဘဝမှာ အလွန်အရေးပါနေပါတယ်။ လူတွေက စမတ်ဖုန်းကို နာရီပေါင်းများစွာ အသုံးပြုကြတယ်။ ဒါကြောင့် ဖုန်းဟာ ဘဝအပေါ်သက်ရောကမူ များစွာရှသလို relationship တခုအပေါ်မှာလည်း ကြီးမားစွာသက်ရောက်မူရှိနေတာလည်း ဖြစ်ပါတယ်။

တစ်ချို့ဖုန်းအသုံးပြုခြင်းအလေ့အကျင့်တွေ relationship တခုကို ပျက်စီးစေနိူင်တယ်ဆိုတာ သင်သိပါသလား။ မသိသေးဘူးဆိုရင်တော့ ဒီနေ့ kwee page ကပြောပြပေးသွားမှာပါ။

ကိုယ်ပြုံးနေတဲ့အရာကို မိမိပါတနာကို မပြတာ

သင်နဲ့သင့်ရဲ့ပါတနာ အတူတူရှိနေတဲ့အချိန်မှာ ဖုန်းကြည့်ပြီး ပြုံးနေတာကို မြင်ရင် သင့်ပါတနာ ကတမျိုးထင်ကောင်းထင်သွားနိူင်ပါတယ်။ နားလည်မူတွေ လွဲသွားနိူင်ပါတယ်။ တခြားမိန်းကလေးတွေနဲ့ စကားပြောနေတာလာ စသဖြင့် သံသယတွေ မနာလိုမူတွေ ဖြစ်ကောင်းဖြစ်သွားနိူင်ပါတယ်။ ဒီအခြေအနေကို ကျော်လွှားနိူင်ဖို့အတွက် ရယ်စရာတွေကို ကိုယ့်ရဲ့ပါတနာနဲ့ အတူဝေမျှသင့်ပါတယ်။

လေ့လာမူတွေအရ အတူတူ ရယ်မောတတ်ကြတဲ့ စုံတွဲတွေဟာ ပိုပြီးမြဲကြကြောင်း တွေ့ရှိထားပါတယ

ဘယ်သွားသွားဖုန်းကို ယူသွားတာ

အိမ်သာပဲသွားသွား အိမ်ထဲကနေအိမ်ရှေ့ပဲ သွားသွား ဖုန်းယူသွားတတ်တဲ့ အကျင့်က အခုဆိုရင် လူတိုင်းနီးပါးမှာ ရှိနေပါပြီ။ စုံတွဲတွေ ကြားထဲမှာဆိုရင်တော့ ဒီကိစ္စ ဟာ အကျိုးဆက်တွေ အများကြီးရှိနေပါတယ်။

အခုလို သွားလေရာဖုန်းယူသွားတာက တခုခုကို ဖုန်းကွယ်ထားသလို ထင်မြင်စေပါတယ်။နောက်ပြီးရင် သင့်ရဲ့ပါတနာက ငါ့ကိုယုံကြည်မူမရှိတော့၊ သံသယဝင်တာ၊ မနာလိုတာတွေ ဖြစ်လာပါလိမ့်မယ်။

ဒုတိယအနေနဲ့ကတော့ ဖုန်းနဲ့တချိန်လုံးရှိနေတဲ့အတွက် noti တတ်လာရင် ချက်ခြင်းကြည့်မယ်၊ မက်ဆေ့ဝင်လာရင် ချက်ခြင်းပြန်တာတွေ ပြုလုပ်လာပါလိမ့်မယ်။ ကိုယ့်ဘေးနာမှာရှိတဲ့ ချစ်သူရည်းစားကို မေ့ထားပြီး ဒီလိုတွေ လုပ်နေတာက ရေရှည်အတွက်ရောက် လောလောဆယ်အတွက်ပါ ကောင်းတဲ့အရာမဟုတ်ပါဘူး။

ညစာစားတဲ့အချိန်မှာ ဖုန်းကြည့်တာ

ဒီနေ့ခေတ်မှာ လူတွေအတွက် အနားယူရတဲ့ အချိန်ဟာ တဖြည်းဖြည်း နည်းလာနေပါတယ်။ မနက်မိုးလင်းတာနဲ့ အလုပ်သွားဖို့ပြင်ရတယ်။ ညနေမိုးချုပ်အလုပ်က ပြန်လာရင်လည်း ပင်ပန်းလို့နားချင်ကြတယ်။ ဒါကြောင့် ညစာစားတဲ့အချိန်ဟာ အတူတကွ စကားပြောဖို့ ရယ်မောဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ ဖုန်းတွေကို အဝေးမှာ ထားတာက အကောင်းဆုံးပါပဲ။

တမိုးအောက်မှာ အတူတူနေနေပေမယ့် အချင်းချင်း ဆက်သွယ်ပြောဆိုမူ မရှိတာကြောင့် တစိမ်းလိုတွေ ဖြစ်နေကြတာက အဓိပ္ပာယ်မရှိပါဘူး။ ကိုယ့်ချစ်သူရည်းစားနဲ့ တွေ့ရတဲ့ အချိန်ခဏလေးကို ရယ်မောပျော်ရွှင်စွာ ဖြတ်သန်းနိူင်ကြဖို့ လိုအပ်ပါတယ်။ ဖုန်းကိုပဲ တချိန်လုံး အသုံးပြုနေတာမျိုး မလုပ်ဖို့ အကြံပေးပါရစေ။

Source: Bright Side