အခုခေတ်က လူတိုင်းလက်ထဲမှာ ဖုန်းကိုယ်စီနဲ့ ဖြစ်နေပါပြီ။ စမတ်ဖုန်းတွေ အသုံးများလာပေမယ့် လူအများစုဟာ အခုပြောမယ့် ဖုန်းစည်းမျဉ်းတွေကို ချိုးဖောက်မိတတ်ကြပါတယ်။

(၁) ချိန်းတွေ့တိုင်း ဖုန်းမသုံးပါနဲ့

Photo: Freepik

ရည်းစားမှ မဟုတ်ပါဘူး။ သူငယ်ချင်းတွေနဲ့ တွေ့ချိန်မှာလည်း ဖုန်းမပွတ်ပါနဲ့။ ဒါဟာ ယဉ်ကျေးမှု မရှိတဲ့ အပြုအမူတစ်ခုလည်း ဖြစ်ပါတယ်။

(၂) လူကြားထဲ ဖုန်းအကျယ်ကြီး မပြောပါနဲ့

Photo: Freepik

လူထဲသူထဲမှာ ဖုန်းကို စပီကာဖွင့်ပြီး ပြောတာတို့ ဖုန်းပြောရင် အော်ကြီးဟစ်ကျယ်ပြောတာတို့ကလည်း မဖြစ်မနေ ရှောင်ရမယ့် ဖုန်းစည်းမျဉ်းပါပဲ။

(၃) နားမခံသာတဲ့ Ringtone မထားပါနဲ့

Photo: Freepik

သင့်ဖုန်းက ဘယ်အချိန် Incoming Call ဝင်လာမလဲ မသိပါဘူး။ကိုယ့် ဖုန်း Ringtone သံကြောင့် ဘေးလူတွေ စိတ်အနှောင့်အယှက်ဖြစ်သွားတာဟာ လူမှုရေး မသိတတ်တဲ့ အပြုအမူဖြစ်လို့ Ringtone ရွေးချယ်မှု သတိပြုသင့်ပါတယ်။

(၄) ဖုန်းကို လုံခြုံရေးသော့လို မထားပါနဲ့

Photo: Freepik

ဖုန်းဆိုတာ အင်တာနက်ချိတ်ဆက်မှု လုပ်တိုင်း ခြေရာခံနိုင် ၊ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ လျှပ်စစ်ပစ္စည်းပါ။ ဖုန်းထဲမှာ သင့်ရဲ့ အရေးပါလှတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ ပုံတွေ ၊ ဗွီဒီယိုတွေ ထည့်ထားတာမျိုး မလုပ်သင့်ပါဘူး။ မတော်လို့ ဖုန်းပျက်သွား/ပျောက်သွားရင်တောင် ဘာအချက်အလက်မှ ကိုယ့်ဆီ ကျန်မနေခဲ့တာမျိုး မဖြစ်ပါစေနဲ့။

(၅) ဖုန်းစွဲလမ်းမှု မဖြစ်ပါစေနဲ့

Photo: Freepik

ဘာကြောင့်ပဲ ဖုန်းသုံးသုံး ဖုန်းပေါ် အရူးအမူးစွဲလမ်းသွားတာမျိုး မဖြစ်ပါစေနဲ့။ နေ့စဉ် ဖုန်းသုံးစွဲတဲ့ အချိန်ကာလကိုလည်း ကန့်သတ်ထားပါ။ ညဘက်အိပ်ရာထဲ ဖုန်းမယူလာပါနဲ့။ ဖုန်းကြောင့် ကျန်းမာရေး မထိခိုက်ပါစေနဲ့။ ဒါတွေကတော့ ဖုန်းနဲ့ ပတ်သက်တဲ့ အခြေခံစည်းမျဉ်းတစ်ချို့ပဲ ဖြစ်ပါတယ်။