စမတ်ဖုန်း နည်းပညာတွေ တိုးတက်လာနေတဲ့ခေတ်မှာ Phone Standတစ်ခုက မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခုလို့ ပြောရင်မမှားနိုင်ပါဘူး။ Phone Standတွေက Zoom Meeting တွေ တက်တာ ၊ ရုပ်ရှင်ကြည့်တာ ၊ TikTok Recording လုပ်တဲ့အခါတွေမှာ ပိုမိုလွယ်ကူအဆင်ပြေစေဖို့ အများကြီး အထောက်အပံ့ ဖြစ်စေပါတယ်။ ကွီးတို့မှာ Phone Standကောင်းကောင်းတစ်ခု မရှိသေးဘူးဆိုရင်တော့ ငွေကုန်ကြေးကျလည်းမများပဲ လွယ်ကူပြီး ကိုယ်တိုင်ဖန်တီးနိုင်တဲ့ DIY Phone Stand ပြုလုပ်နည်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) သစ်သား Phone Stand

Source : Davids Diy Reviews

Classic ဆန်တဲ့ ဒီဇိုင်းမျိုး ကြိုက်နှစ်သက်သူတွေကတော့ သစ်သားကို အသုံးပြုပြီး ဖန်တီးနိုင်ပါတယ်။ ကွီးတို့ နှစ်သက်တဲ့ သစ်သားအမျိုးအစားကို အသုံးပြုပြီး ဖုန်းရဲ့ဆိုဒ်အရွယ်အစားပေါ် မူတည်ကာ တိုင်းတာဖြတ်တောက်ပါ။ ပြုလုပ်နည်းအသေးစိတ်ကိုတော့ ဗီဒီယိုထဲမှာ လေ့လာနိုင်ပါတယ်။ ကွီးတို့ စိတ်ကူးရှိရင်ရှိသလို ဖန်တီးမှုအသစ်အဆန်းတွေ လုပ်နိုင်ပြီး စိတ်ကြိုက်အရောင်လေးတွေလည်း ခြယ်သနိုင်ပါတယ်။

(၂) ဇွန်းခရင်း Phone Stand

Source : Sweet Works

အိမ်မှာရှိတဲ့ ဇွန်းခရင်းတွေနဲ့ပဲ Phone Standတစ်ခု လွယ်လွယ်ကူကူ ဖန်တီးလို့ရပါတယ်။ ဇွန်း ၃ ချောင်း နဲ့ ခရင်း ၂ ချောင်းပဲ လိုပါတယ်။ ဇွန်းနဲ့ခရင်းတွေကို အပေါက်ဖောက်ချိတ်ဆက်ပြီး ချိန်ဆကွေးညွှတ်ကာ ထူးခြားတဲ့ DIY ဇွန်းခရင်း Phone Standလေး ဖန်းနိုင်မှာပဲ ဖြစ်ပါတယ်။

(၃) Card Phone Stand

Source : Gel DIY

သက်တမ်းကုန်သွားတဲ့ အကြွေးဝယ်ကဒ် ၊ ဘဏ်ကဒ်နဲ့ တခြားသော အသုံးမပြုတော့တဲ့ ကဒ်အဟောင်းတွေကို အသုံးပြုပြီး လွယ်ကူရိုးရှင်းတဲ့ DIY Phone Stand တစ်ခု ဖန်တီးလို့ ရပါတယ်။

(၄) စက္ကူခွက် Phone Stand

Source : Gx Paul’s Craft World

ကော်ဖီသောက်တဲ့ စက္ကူခွက်လေးတွေရှိရင်လည်း Phone Standတစ်ခု လွယ်ကူရိုးရှင်းစွာ ပြုလုပ်နိုင်မှာပါ။ ခွက်ရဲ့တဝက်ခန့်ကို ဖုန်းထည့်ဖို့အံခွက်နေရာ သီးသန့်ချန်ပြီး လှီးထုတ်လိုက်ပါ။ အရမ်းကိုပဲ ရိုးရှင်းတဲ့ စက္ကူခွက် Phone Standလေး ရပါပြီ။

(၅) သစ်သားတုတ် Phone Stand

Source : AK ART IDEAS

ရေခဲချောင်းစားတဲ့အခါ ပါလာတဲ့ သစ်သားတုတ်ချောင်းလေးတွေကို မလွှင့်ပစ်လိုက်ပါနဲ့။ အဆိုပါ သစ်သားတုတ်လေးတွေနဲ့ Phone Standတစ်ခု ဖန်တီးလို့ရပါတယ်။ သစ်သားတုတ်လေးတွေကတော့ များများလိုမှာပါ။ ကွီးတို့ နှစ်သက်သလို မတူညီတဲ့ ဒီဇိုင်းတွေကိုလည်း စိတ်ကြိုက်ဖန်တီးလို့ရပါတယ်။

Featured Photo : Pinterest