ကမ္ဘာ့ Unique အဖြစ်ဆုံး ကြယ် ၇ ပွင့် ဟိုတယ်ကြီးတွေ ၊ ဒီဇိုင်နာထုတ် Branded တွေ၊ အဆင့်မြင့်ဇိမ်ခံသင်္ဘောကြီးတွေကနေ ကမ္ဘာ့အမြင့်ဆုံးအဆောက်အအုံတွေအထိ ပိုင်ဆိုင်ထားတဲ့နိုင်ငံလို့ ပြောရင် ဘယ်နိုင်ငံကိုများ ပြေးမြင်မိမလဲကွီးတို့ရေ။ ဟုတ်ပါတယ် ကမ္ဘာ့အံ့ဖွယ်တွေအားလုံး စုဝေးနေတဲ့ Paradise များလား ထင်ရလောက်အောင် ကြီးကျယ်ခမ်းနားနိုင်လွန်းတဲ့ Dubai ပဲဖြစ်ပါတယ်။

Dubai နိုင်ငံရဲ့ ကြီးကျယ်ခမ်းနားမှုတွေက ရုပ်ဝတ္ထုပစ္စည်းများနဲ့တင် အဆုံးသတ်မသွားပဲ အစားအသောက်အထိပါ လွမ်းမိုးထားနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကမ္ဘာ့နေရာအနှံ့မှ တမူထူးခြားဆန်းပြားပြီး စျေးအကြီးဆုံးကုန်ကြမ်းများနဲ့ ချက်လုပ်ထားတဲ့ ဟင်းပွဲတွေက ဘာတွေများဖြစ်မလဲ ကျွန်တော်နဲ့အတူ လေ့လာကြည့်ရအောင်ခင်ဗျာ။

(၁) Kobe Tenderloin

Kobe tenderloin, Dh985

Photo : The Culture Trip

Japan နိုင်ငံရဲ့ ကမ္ဘာ့အကောင်းဆုံးအမဲသားဖြစ်တဲ့ Kobe အမဲသားဟင်းပွဲဖြစ်ပြီး ၃၅ဝ ဂရမ်ကို £217 (မြန်မာငွေကျပ်၄သိန်းကျော်) ကျမယ့်ဟင်းပွဲတစ်ခု ဖြစ်ပါတယ်။ Kobe အမဲသားဟာ လျှာပေါ်တင်လိုက်တာနဲ့ အရည်ပျော်သွားလောက်အောင် တမူထူးခြားတဲ့နူးညံ့မှုတွေနဲ့ ပြည့်စုံနေပါတယ်။ အဆိုပါအမဲသားရဖို့ မွေးမြူရေးခြံများတွင် ဂန္တဝင်တေးဂီတများဖွင့်ပေးခြင်း၊ ဘီယာတိုက်ခြင်းနဲ့ ဆန်အရက်နဲ့နေ့စဥ်နှိပ်နယ်ပေးခြင်းတို့ပြုလုပ်ထားပေးလို့လဲ ဖြစ်ပါတယ်။

(၂) Spider King Crab

Spider king crab

Photo : The Culture Trip

နော်ဝေးနိုင်ငံမှထွက်ရှိပြီး ဂဏန်းတို့ရဲ့ဘုရင်လို့ တင်စားရလောက်တဲ့ Spider Crab အကြီးကြီးတွေဖြစ်ပြီး 2.5 kg ကို £630 (မြန်မာငွေကျပ် ၁၂သိန်းခွဲခန့်) ကျသင့်မှာ ဖြစ်ပါတယ်။ ကမ္ဘာကျော်ဂဏန်းလို့ဆိုရလောက်အောင်လဲ ဘာအရသာမှုန့်မှထည့်စရာမလိုအောင်ကို အနံ့အရသာနဲ့ပြည့်စုံလှတဲ့ ဂဏန်းသားတွေပဲဖြစ်လို့ စျေးကြီးတာလဲမဆန်းလှပါဘူး။

(၃) Black Diamond Ice Ccream

Black diamond ice cream, Dh2,999

Photo : The Culture Trip

ကမ္ဘာ့စျေးအကြီးဆုံးရေခဲမုန့်အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ Scoopi Cafeမှ ရွှေမှုန်ကြဲထားပြီး Versace ဇွန်းနဲ့စားရမယ့် ရေခဲမုန့်ပဲဖြစ်ပါတယ်။ အဆိုပါ sundae မှာဆိုရင် Madagascarမှ ဗနီလာပဲရေခဲမုန့်၊ Iranရဲ့ ရွှေဝါရောင်ပန်းခြောက်များစသည်တို့အပြင် စားလို့ရတဲ့ 23ct ရှိရွှေမှုန်လွှာလေးတွေ ကြဲထားတာပဲ ဖြစ်ပါတယ်။ ရွှေမှုန်ကြဲရေခဲမုန့်တစ်ပွဲကို £658 (မြန်မာငွေ၁၃သိန်းကျော်) ကျသင့်မှာပဲ ဖြစ်ပါတယ်။

(၄) 27.321 Cocktail

27.321 cocktail, Dh27,321

Photo : The Culture Trip

သူ့လောက်စျေးကြီးတာတောင် သူ့ထပ်စျေးမကြီးနိုင်မယ့် ၂ဝဝ၉ ခုနှစ်ဂရင်းနစ်စံချိန်ဝင် ကမ္ဘာ့စျေးအကြီးဆုံး ကော့တေးလ်ဖြစ်ပါတယ်။ ၂၇လွှာရှိပြီး ၃၂၁ မီတာမြင့်တဲ့ Burj AI Arab မှာ ဖန်တီးခဲ့တာကိုအမှူးပြုပြီး 27.321 cocktail ဆိုတဲ့ အမည်ဖြစ်လာရခြင်းပဲ ဖြစ်ပါတယ်။ အရေအ တွက်အားဖြင့် ၁ဝခွက်သာ ဖော်စပ်မယ့် Limited edition cocktail မှာဆိုရင် ကမ္ဘာကျော်စကော့တစ်ချ် မုယောသီးသန့် ဝီစကီ Brand Macallan ရဲ့  ၅၅ နှစ်သက်တမ်းချို့ ဝီစကီ၊ သစ်သီးစစ်မှထုတ်တဲ့အဆီနှစ်များနဲ့ ပင်မှည့်အနံ့ရတဲ့ သကြားအချိုဓာတ်ကို ပေါင်းစပ်ပြီး ၁၈ကာရက်ရွှေခွက်နဲ့ သုံးဆောင်ရမှာဖြစ်ပါတယ်။ ရွှေခွက်ကိုအမှတ်တရအဖြစ် သားရေအိတ်၊ ဂုဏ်ပြုမှတ်တမ်းများဖြင့် စားသုံးသူမှ သိမ်းဆည်းထားနိုင်မှာဖြစ်ပြီး Cocktail တစ်ခွက်ကို £5963 (မြန်မာငွေသိန်း၁၂ဝခန့်) ကျသင့်မှာ ဖြစ်ပါတယ်။

(၅) Royal Pizza


Photo : The Culture Trip
Dubai တော်ဝင်မျိုးနွယ်များအတွက် စတင်ဖန်တီးပေးဖြစ်ခဲ့တဲ့ ကမ္ဘာ့စျေးအကြီးတကာ့ အကြီးဆုံး ဂန္တဝင်တော်ဝင်ပီဇာပဲ ဖြစ်ပါတယ်။ ပီဇာတစ်ချပ်ကို £169,452 (မြန်မာငွေသိန်း၃၄ဝဝခန့်)ကျသင့်မှာဖြစ်ပါတယ်။ ကမ္ဘာ့နေရာအနှံ့မှ ထူးခြားရှားပါးတဲ့ ပါဝင်ပစ္စည်းများသာမက စားလို့ရတဲ့ရွှေချိန်၂အောင်စခန့်ပါ Topping အဖြစ် ထည့်သွင်းဖန်တီးထားတဲ့အချက်က သူမတူအောင်စျေးကြီးတဲ့ပီဇာဖြစ်နေရခြင်းရဲ့ အဓိကအကြောင်းရင်းဖြစ်မှာ အသေချာပါပဲ။
Featured Photo : The Culture Trip