လျှို့ဝှက်ဆန်းကြယ်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေက စိတ်ဝင်စားဖို့ကောင်းသလို တစ်ခါတစ်လေမှာ လက်ခံရလည်း ခက်ပါတယ်။ တချို့က ဒီလိုသဘာဝလွန်ဖြစ်ရပ်တွေကို ယုံကြည်ကြပေမယ့် တချို့ကတော့ လုံးဝအယုံအကြည်မရှိတာမျိုးလည်း ရှိပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာ တချို့သော ဓာတ်ပုံတွေက ရှင်းပြရခက်ပြီး အဖြေရှာလို့မရတဲ့ အံ့အားသင့်ဖွယ် အဖြစ်အပျက်တွေ ပုံရိပ်တွေကို ဖမ်းယူထားမိတက်တယ်ဆိုတာ အောက်ကပုံတွေက သက်သေပြနေပါတယ်။

(၁) ဒီပုံဟာ Cooper မိသားစုရဲ့ တက္ကဆက်ပြည်နယ်က အိမ်သစ်တက်ပွဲကျင်းပနေတဲ့ ပုံပါ။ ဓာတ်ပုံရိုက်နေစဉ်မှာ မိသားစုဝင်တွေအနေနဲ့ ထူးထူးခြားခြား ဘားမှမမြင်ခဲ့ရပါဘူး။ ဒါပေမယ့် ပုံထွက်လာချိန်မှာတော့ မျက်နှာကျက်ကနေ ဇောက်ထိုးဆင်းလာတဲ့ တစ်စုံတစ်ယောက်ရဲ့ပုံဓာတ်ပုံထဲမှာ ပါလာတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ အခုထိတိုင် အဖြေရှာလို့ မရသေးပါဘူး။

(၂) ပုံပါ CCTV မှတ်တမ်း ဗီဒီယိုတစ်ခုဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ခဲ့ကာ ကြည့်ရှု့သူသန်းနဲ့ချီရှိခဲ့ပြီး အပြင်းအထန် ငြင်းခုံဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။ တချို့က ငလျင်ရှုပ်တာလို့ပြောကြသလို တချို့ကလည်း ပုဏ္ဏကတိုက်တာလို့ ငြင်းခုန်တုန့်ပြန့်မှုတွေ ဖြစ်ခဲ့ပါတယ်။

(၃) ဒီပုံကတော့ တစ္ဆေဓာတ်ပုံတွေထဲက အကျော်ကြားဆုံးနှင့် အငြင်းပွားဖွယ်ဖြစ်ဆုံး ပုံတစ်ပုံဖြစ်ပါတယ်။ ဒီဓာတ်ပုံပါအမျိုးသမီးဟာ “Brown lady” လို့လူသိများတဲ့ ဒေါ်ရသီဝေါ်လ်ပိုလ် ပုံဖြစ်တယ်လို့ လူအများစု ယုံကြည်ထားကြပါတယ်။ သူမရဲ့ခင်ပွန်းက သူမကိုဖောက်ပြန်တယ်လို့ သံသရရှိခဲ့တာကြောင့် သူမတစ်ဘဝလုံးကို Raynham Hall ထောင်ချအပြစ်ပေးခဲ့တာပါ။ ဒေါ်ရသီ သေဆုံးပြီးနောက်မှာ သူမရဲ့ ဝိဉာဉ်ကို လူတော်တော်များများမြင်တွေ့ခဲ့ ကြကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

(၄) ဒီပုံကို ၁၉၂၄ က ရေနံတင်သင်္ဘော SS Watertown ပေါ်မှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရေထဲမှာ ဝိဉာဉ်တစ်ကောင်ရဲ့ မျက်နှာပုံရိပ်တွေ ရိုက်ကူးမိတာနဲ့ ပတ်သတ်လို့ သီအိုရီတွေအများကြီးရှိပေမယ့် တိကျတဲ့ သက်သေအထောက်အထား တစ်ခုမှမရှိခဲ့ပါဘူး။ အများစုပြောကြတာက ဓာတ်ပုံထဲက မျက်နှာနှစ်ခုဟာ accident ဖြစ်ပြီး သေဆုံးသွားခဲ့တဲ့သင်္ဘောသား James Courtney နဲ့ Michael Meehan တို့ရဲ့မျက်နှာတွေဖြစ်တယ်လို့ ပြောကြပါတယ်။

(၅) ဒီဓာတ်ပုံဟာ ၁၉၅၉ ခုနှစ်က Mabel Chinnery လို့အမည်ရတဲ့အမျိုးသမီးက ရိုက်ကူးခဲ့တာဖြစ်ပြီး သူမအမေရဲ့ နောက်ဆုံးခရီးကိုလိုက်ပို့စဉ် သင်္ချိုင်းမှာ ရိုက်ခဲ့တာပါ။ ကားပေါ်မှာထိုင်နေတဲ့ သူမခင်ပွန်းကို ဓာတ်ပုံရိုက်လိုက်ရာ ကားနောက်ခန်းမှာထိုင်နေတဲ့ သူမအမေရဲ့ ပုံရိပ်ပါပေါ်လာတာဖြစ်ပါတယ်။

(၆) ဒီဓာတ်ပုံကတော့ ၁၉၈၇ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ၊ Somerset ရှိ စစ်တပ်အခြေစိုက်စခန်းမှာ ရိုက်ကူးခဲ့တဲ့ ပုံပါ။ ဓာတ်ပုံထဲမှာ အမျိုးသမီးနဲ့အတူ ဘေးကလူတစ်ယောက်ကိုပါ မြင်တွေ့ကြမယ်ထင်ပါတယ်။ တကယ်တော့ ပုံထဲကအမျိုးသမီးဟာ အဲ့ဒီအချိန်မှာ တစ်ယောက်တည်းရှိနေခဲ့တာပါ။ ဘေးကအဖြူရောင်က အရိပ်လား ဝိဉာဉ်လားဆိုတာ အခုထိအဖြေရှာရခက်နေဆဲဖြစ်ပါတယ်။

Source : Brightside