Eric Lafforgue လို့အမည်ရတဲ့လူဟာ ကမ္ဘာပတ်ပြီး ဓာတ်ပုံရိုက်နေတဲ့ ဓာတ်ပုံဆရာ တစ်ယောက်ပါ။ သူဟာ မြောက်ကိုရီးယားနိုင်ငံကို (၂၀၀၈) ခုနှစ်နဲ့ (၂၀၁၂) ခုနှစ်ကြားမှာ (၆) ကြိမ်ခန့် သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒီလို လည်ပတ်ခွင့်ရခဲ့တဲ့အချိန်မှာ Eric မြောက်ကိုရီးယားနိုင်ငံအခြေအနေအမှန်တွေကို ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ကံမကောင်း စွာနဲ့ပဲ (၆) ကြိမ်မြောက်ဟာ သူ့ရဲ့မြောက်ကိုရီးယားနိုင်ငံကို နောက်ဆုံးသွားလည်ခဲ့တဲ့ အချိန်ဖြစ်ခဲ့ပါတယ်။ (၇) ကြိမ်မြောက်သွားလည်ဖို့ ကြိုးစားတဲ့အချိန်မှာတော့ မြောက်ကိုရီးယားအစိုးရက သူ့ကို ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပါတော့တယ်။ ဘာကြောင့်လဲဆိုတော့ သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကြောင့်ပဲဖြစ်ပါတယ်။ မြောက်ကိုရီးယားအစိုးရက အင်တာနက်ပေါ်မှာ တင်ထားတဲ့ ဓာတ်ပုံတွေကို ဖျက်ခိုင်းပေမယ့် Eric တစ်ယောက်ကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပြည်ဝင်ခွင့်ပိတ်ပင်ခံခဲ့ရတာပါ။

Eric တစ်ယောက် ကံကောင်းတယ်လို့ပြောရမှာပါ။ တကယ်လိုသာ သူရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို နယ်ခြားစောင့်တပ်က တစ်ယောက်ယောက်တွေ့သွားခဲ့ရင် ထောင်ကျသွားနိုင်ပါတယ်။ ဒီနေ့တော့ kwee page ကမြောက်ကိုရီးယားနိူင်ငံရဲ့ အခြေအနေအမှန်ကို ထင်ဟပ်စေတဲ့ Eric ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးသွားမှာပါ။

ဈေးရောင်းနေကြသော  လမ်းဘေးဈေးသည်များ (ဟန်ဟွန်၊ ၂၀၁၂)

မြောက်ကိုရီးယားနိုင်ငံမှာလည်း အခြားအာရှနိုင်ငံတွေလိုပဲ လမ်းဘေးဈေးသည်တွေရှိကြတယ်။ ဒါပေမယ့် ရောင်းတဲ့အရာတွေကတော့ နည်းနည်းလေးပါ။ ကင်ချီတွေကိုပဲ အဓိကထားရောင်းကြလေ့ရှိတယ်။ ထုံးစံအတိုင်း ကင်ချီဟာ ချဉ်ပြီးအရမ်းစပ်တာကြောင့် ကမ္ဘာလှည့်ခရီးသည်တွေစားဖို့ အဆင်မပြေပါဘူး။

နိုင်ငံ့ခေါင်းဆောင်ကြီး နှစ်ဦးရဲ့ ရုပ်တု (ပြုံးယမ်း၊ ၂၀၁၂)

နိုင်ငံ့ခေါင်းဆောင်ကြီး နှစ်ဦးရဲ့ ရုပ်တုကို ဓာတ်ပုံရိုက်မယ်ဆိုရင် ကန့်သက်ချက်တွေအများကြီးရှိပါတယ်။ ဒီဓာတ်ပုံဟာ ဘေးဖက်ကနေ ရိုက်ကူးထားတာကြောင့် တားမြစ်ချက်နဲ့ မလွတ်ကင်းတဲ့ ပုံပါပဲ။ ရုပ်တုရဲ့ အနောက်ဖက်ကနေလည်း ရိုက်ကူးခွင့်မရှိပါဘူး။ ပြီးတော့ ဓာတ်ပုံထဲမှာ ရုပ်တုပုံတွေကို ခေါင်း၊ ခြေထောက် စသဖြင့် ဖြတ်တောက်ပြီး ရိုက်ခွင့်လည်းမရှိပါဘူး။ ရုပ်တုအပေါ် အရိုက်ကျနေတဲ့အချိန်မှာလည်း ရိုက်ကူးခွင့်ကို တားမြစ်ထားပါတယ်။

လျှပ်စစ်ရထား (ပြုံးယမ်း၊ ၂၀၁၂)

ဒီဓာတ်ပုံကလည်း တားမြစ်ထားတဲ့အထဲမှာပါဝင်ပါတယ်။ ဘာကြောင့်လဲဆိုတာကိုတော့ လျှပ်စစ်ရထား သေချာကြည့်လိုက်ပါ။ ရထားကဟောင်းနွမ်းနေပြီး မှန်တွေလည်း ကွဲနေပါတယ်။ ဒီပုံကို မြောက်ကိုးရီးယားနိုင်ငံရဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ထင်ဟပ်စေပါတယ်။ ပြီးတော့ နိုင်ငံရဲ့ နေရာဒေသ တော်တော်များများမှာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးတွေ မရှိပါဘူး။ ပြည်သူတွေက ရှေးခေတ်ကလိုမျိုး မြင်းလှည်းတွေ ရထားလုံးတွေကို အသုံးပြုကြရပါတယ်။

အလုပ်သွားဖို့ ပြင်နေကြတဲ့ ကလေးအုပ်စု (ပြုံးယမ်း၊ ၂၀၁၀)

မြောက်ကိုရီးယားမှာ ပြည်သူတိုင်း (လူကြီး၊ကလေး) တိုင်းပြည်ကောင်းကျိုးအတွက် တာဝန်ထမ်းဆောင်ရပါတယ်။ လယ်ယာလုပ်ငန်းဟာ ကလေးတွေအတွက် မလုပ်မနေရ အလုပ်တခုပါ။ မြောက်ကိုရီးယားမှာ ကလေးတွေကို လွတ်လပ်တဲ့ အလုပ်သမားအနေနဲ့ အသုံးပြုကြပါတယ်။ ဒါပေမယ့် မြောက်ကိုရီးယားနိုင်ငံမှာ တခုကောင်းတာက ပညာရေးပါပဲ။ တိုင်းပြည် လူဦးရေရဲ့ (၉၉) ရာခိုင်နှုန်းဟာ စာရေးတတ်ဖတ်တတ်ကြတယ်။

ချီလ်ဘို ပင်လယ်ဒေသမှာ ရွာတရွာ (၂၀၁၀)

Eric ရဲ့ပြေားကြားချက်အရ သူဒီပုံကို ရိုက်ပြီးတဲ့အချိန်မှာ ဂိုက်ဖြစ်တဲ့သူက ကင်မရာကို ယူဆောင်သွားတယ်လို့ သိရပါတယ်။ အကြောင်းပြချက်ကတော့ မြောက်ကိုရီးယားအစိုးရဟာ သူတို့နိုင်ငံရဲ့ ဆင်းရဲတဲ့အပိုင်းကို လူတွေမသိစေချင်လို့ပါပဲ။

ပင်လယ် ကမ်းခြေတစ်လျှောက် ကာရံထားတဲ့ သံဆူးကြိုးများ (၂၀၀၈)

မြောက်ကိုရီးယားအစိုးကတော့ ဒီသံဆူးကြိုးတွေဟာ ပြည်သူတွေကို အန္တရာယ်တွေကနေ ကာကွယ်ဖို့လို့ ပြောထားပါတယ်။ ဒါပေမယ့် ပြည်သူတွေကို နိုင်ငံအတွင်းမထွက်သွားနိုင်အောင် ပြုလုပ်ထားတာလည်းဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ မြောက်ကိုရီးယားနိုင်ငံက ပြည်သူတော်တော်များများဟာ နိုင်ငံတွင်းကနေ ထွက်သွားနိုင်ဖို့ ကြိုးစားနေကြလို့ပါပဲ။

Source: Bright Side