မြို့ကြီးတွေမှာရေတွေကြီးနေပြီ။ ရေခဲတွေက အရေပျော်ကုန်ကြပြီ။ ပင်လယ်ရေမျက်နှပြင်တွေ မြင့်တတ်လာကုန်ကြပြီ။ ဒါတွေက လူတွေရဲ့ နေ့စဉ်လုပ်ဆောင် မူတွေကြောင့် အဓိကဖြစ်လာတာတွေပါ။
လူတွေကသာ အခုလို ဆက်လတ်လုပ်ဆောင်နေမယ်ဆိုရင် မကြာခင်ကာလအတွင်းမှာ စိမ်းလန်းတဲ့ ကမ္ဘာကြီးကို ဆုံးရှုုံးရနိူင်ပါတယ်။ ပညာရှင်တွေကတော့ ကမ္ဘာ (၂) ဆိုတာရှိလာနိူင်မှာ မဟုတ်ပဲ အခုလက်ရှိ လူသားတွေနေနေတဲ့ ကမ္ဘာကြီးကိုပဲ အတူတကွ ကယ်တင် သင့်တယ်လို့ ပြောဆိုထားပါတယ်။ အခုတောင် အချိန်တော်တော်နှောင်းနေပြီလို့ပြောရပါမယ်။ ကမ္ဘာကြီးက တဖြည်းဖြည်း ပျက်စီးလာနေပါပြီ။
လူသားတွေ နေထိုင်နေတဲ့ ကမ္ဘာမြေကြီးဟာ ဘယ်လောက်ထိတောင် အပြောင်းအလဲမြန်နေလဲဆိုတာ ဒီနေ့ kwee ကဓာတ်ပုံတွေနဲ့တကွ ဖော်ပြပေးသွားမှာပါ။
Pedersen ရေခဲပြင် (Alaska), လွန်ခဲ့သော နှစ် ၁၀၀ – ယနေ့ခေတ်
Gorgeous Victoria ရေတံခွန်များ
သစ်တောကြီးတွေက တဖြည်းဖြည်းပြုန်းတီးလာနေပါပြီ။
ကမ္ဘာ့မြို့ကြီးတွေတော်တော်များများ ရေဖုံးလွှမ်းခံနေရပြီ
ဩဂုတ်လ ၂၀၁၉ ခုနှစ်၊ အိုက်စ်လန် နိူင်ငံက Okjokull ရေခဲပြင်ကြီးရဲ့ အခြေအနေပါ။
ရာသီဥတုပြောင်းလဲမှုကြောင့် ပင်လယ်နေသတ္တဝါတွေအတွက် အရေးကြီးတဲ့ သန္တာကျောက်တန်းအသစ်ဖြစ်ပေါ်လာမူဟာ ၈၉% ခန့်ကျဆင်းသွားပါတယ်။
ရေခဲမြစ်တွေဟာ ရေပြင်ကြီးတွေ ဖြစ်ကုန်ကြပြီ
၆ နှစ်ဆိုတဲ့ အချိန်လေးအတွင်းမှာ Aculeo ရေကန်ဟာ ပျောက်ကွယ်သွားခဲ့ရပါတယ်။
တောင်အာဖရိကမှ ရှိတဲ့ Theewaterskloof ဆည်ကြီးကလည်း ရေတွေခန်းကုန်ပြီ
အိန္ဒိယ၊ Allahabad မှာရှိတဲ့ Ganges ရေကြီးမူက လူထောင်ပေါင်းများစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပါတယ်။
အီရန်နိူင်ငံမှာရှိတဲ့ Urmia ကန်ကြီးဟာလည်း ရာသီဥတု ပူပြင်းလာတာကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပါပြီ။
ကမ္ဘာ့နိူင်ငံရဲ့ သစ်တောကြီးတွေ တော်တော်များများ မီးတွေလောင်ကျွမ်းနေပါတယ်။ အောက်က ပုံကတော့ မီးလောင်ကျွမ်းထားတဲ့ အမေဇုန်သစ်တောကြီးပါ။
Mississippi မြစ်ကြီး ရေကြီးတုံးက တစ်မြို့လုံးနီးပါး ရေအောက်ရောက်သွားခဲ့ရတယ်။
Grinnell ရေခဲပြင်ကြီးက ရေခဲလို့တောင် ခေါ်ဖို့ မဖြစ်နိူင်တော့ဘူး။
Source: Bright Side