မိသားစုနဲ့ အချိန်ပေးဖို့ အကောင်းဆုံးစိတ်ကူးတွေထဲမှာ အားလပ်ရက် ပျော်ပွဲစားထွက်တာလည်း ပါပါတယ်။ မိသားစုအပျော်ခရီးတွေဟာ အမြဲတမ်း အမှတ်တရဖြစ် ကျန်ခဲ့တဲ့ခရီးတွေပဲ မဟုတ်လား။ မှတ်မှတ်ရရ နဲ့ ပျော်စရာကောင်းတဲ့ Picnic လေးတစ်ခု ဖြစ်ဖို့အတွက်ဆိုရင် ကြိုပြီးစဉ်းစားရမယ့် အချက်တချို့လည်း မျှဝေပေးချင်ပါတယ်။

(၁) နေရာကြိုရွေးထားပါ

Happy people at the beach

Photo: Thrillist

မြက်ခင်းစိမ်းစိမ်းနဲ့ ငြိမ်းအေးတဲ့နေရာကျယ်ကျယ် ဖြစ်ဖို့က ပျော်ပွဲစားနေရာတွေရဲ့ အခြေခံအချက်တစ်ခုဖြစ်ပါတယ်။ အကောင်းဆုံးက ပြည်နယ်ပန်းခြံတို့ ၊ ဇီဝပျိုးဥယျာဉ် ၊ အမျိုးသားအထိမ်းအမှတ်ဆိုင်ရာ နေရာတွေ ၊ မြစ်ကမ်းခြေ နေရာဖြူးဖြူးနဲ့ မြို့ပြင်က တောစိမ်းစိမ်း တောင်ရိပ်တောခြေနဲ့ ရှုခင်းလှတဲ့ သစ်ပင်ရိပ်ကောင်းကောင်း တောင်ယာခင်းတွေကိုလည်း ပျော်ပွဲစားနေရာအဖြစ် ရွေးနိုင်ပါတယ်။ အရေးကြီးတာ မိသားစု ငြိမ်းငြိမ်းချမ်းချမ်း အပန်းဖြေနိုင်မယ့် Green Spaces တွေ ဖြစ်ဖို့ပါပဲ။

(၂) ကရိကထ သိပ်မများစေပါနဲ့

Keep the setup simple

Photo: Thrillist

သွားရမယ့်နေရာဟာ ကိုယ့်ကားနဲ့ကိုယ်ဆို အလွန်ဆုံး ၃ နာရီထက် ပိုမမောင်းရတဲ့နေရာဖြစ်ဖို့ လိုပါတယ်။ ပျော်ပွဲစားဆိုတာ အစကတည်းက အလုပ်သွားလုပ်တာမျိုး မဟုတ်ပါဘူး။ ပျော်စရာကောင်းဖို့ နဲ့ အားလုံး သက်တောင့်သက်သာ ပေါ့ပေါ့ပါးပါး ရှိဖို့က အရေးကြီးပါတယ်။ အစားအသောက်ဆိုရင်လည်း အသစ်အဆန်း ချက်ပြုတ်စားလို့ ရပေမယ့် အထူးတလည် အမယ်စုံ ပစ္စည်းစုံလိုတဲ့ အစားအသောက်တွေ မချက်တာ ကောင်းပါတယ်။

ကိုယ့်ကားပေါ်မှာ တင်သွားမယ့် ထိုင်ခုံ ၊ စားပွဲ ၊ စားစရာခြင်းတွေနဲ့ စောင်စတဲ့ ပစ္စည်းတွေကိုလည်း မပါမဖြစ်တော့ ပါဖို့ ထည့်သွားပြီး မလိုအပ်တာတွေ သယ်မသွားဖို့လည်း သတိထားဖို့ လိုပါတယ်။ ပျော်ပွဲစားလုပ်ရမယ့် နေရာရောက်ရင်လည်း အလွယ်တကူ ကင်ကြော်ချက်ပြုတ်စားသောက်လို့ရအောင် ဝက်ပေါင်ခြောက် ၊ အသားကြပ်တိုက် ၊ ဝက်အူချောင်း ၊ အမဲသားလွှာ ၊ ကြက်ပေါင် ၊ အသီးအရွက် ၊ ဆန်းဒွပ်ချ်မုန့်တွေနဲ့ ဖျော်ရည်တွေလည်း ပါရမှာပါ။

(၃) Picnic Hacks လေးတွေ သိပါစေ

Know the Picnic Hacks

Photo: Thrillist

အပျော်ခရီးသွားတော့မယ်ဆိုရင် ကိုယ်ထိုင်မယ့် မြေပြင်က စိုနေတာမျိုးလည်း ဖြစ်နိုင်လို့ စောင်အောက်မှာ ခံခင်းနိုင်မယ့် Shower Curtain ရေစိုခံ ပလတ်စတစ်စ တစ်ခု ယူသွားပါ။ ကြက်ဥတွေ ယူသွားရင် မကွဲအောင် ကာတွန်ကဒ်နဲ့ သယ်သွားပါ။ ရေခဲထုပ်သယ်မယ့်အစား ရေခဲဗူးတွေ ယူသွားပါ။ အလွယ်တကူ သယ်နိုင်မယ့် လက်ဆွဲမီးဖိုလေးတစ်လုံးနဲ့ လိုရမယ်ရ မီးဖိုဖို့ မီးခြစ်နဲ့ ဖယောင်းတိုင်လေးတွေလည်း ဆောင်သွားသင့်ပါတယ်။
အဝတ်အစားတွေနဲ့ တစ်ကိုယ်ရည် အသုံးအဆောင်တွေကို ခြင်းထဲ ထည့်လာမယ့်အစား တစ်ယောက်စာစီ ကျောပိုးအိတ်နဲ့ သယ်လာခိုင်းပါ။ Picnic မထွက်ခင်ကတည်းက ကိုယ့်အသုံးအဆောင်ပစ္စည်းတွေ ကိုယ့်ကျောပိုးအိတ်ထဲမှာ ရှိနေဖို့လည်း သတိပေးထားပါ။ Hiking လို တောတိုးရတဲ့ ပျော်ပွဲစားတွေမှာ ကိုယ့်ဝန်စည်စလယ်ကိုယ် ပြန်တာဝန်ယူစေတာက ပိုပြီး ထိရောက်မှု ရှိပါတယ်။
Picnic မှာ အပျော်ဆော့မယ့်ဂိမ်းလေးတွေ ကြိုစဉ်းစားထားပါ။ ကိုယ်သွားမယ့်နေရာမှာ ရေကူးလို့ ရသလား ၊ ငါးဖမ်းလို့ ရသလား ၊ တဲထိုးလို့ ရသလား ကြိုကြည့်ထားပါ။ ပျော်ပျော်ပါးပါး သောက်စရာလေးတွေ သယ်သွားမယ်ဆိုရင်လည်း ကြိုပြီး တိုင်ပင်ထားပါ။ ဒါဆိုရင်တော့ ရိုးရိုးလေးနဲ့ အမှတ်တရဖြစ်စေမယ့် ပျော်ပွဲစားနေ့တစ်နေ့ကို ဖန်တီးဖို့ ခက်တော့မှာ မဟုတ်ပါဘူး။