အားလပ်ရက် ခရီးထွက်ရတာဟာ လူတိုင်းအတွက် ပျော်စရာအချိန်လေးပါ။ ဒါပေမယ့် ခရီးစဉ်တိုင်းက စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာကြပါဘူး။ စားရင်ထဲက နေရာတွေ အကုန်လည်မယ်လို့ စိတ်ကူးထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလည်ဖြစ်လိုက်တာတွေ ရှိတတ်ပါတယ်။ ပြီးတော့ လိုအပ်တာတွေ မယူလာမိတာ စသဖြင့် အနှောက်အယှက်တွေနဲ့ ကြုံရတတ်ကြတယ်။
ဒီနေ့ kwee page က စုံတွဲတွေ ခရီးထွက်ကြတဲ့အခါမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အကြောင်းအရာလေးတွေကို ရုပ်ပုံတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။ တခုရှိတာက စုံတွဲပုံတွေကို လူပုံမသုံးဘဲ ထောပက်သီး ပုံသုံးထားပါတယ်။ ဒီချစ်စရာပုံလေးတွေက ကွီးတို့စုံတွဲတွေဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတွေရဲ့ တစိတ်တပိုင်းကို ထင်ဟပ်စေမှာပါ။
သူမက အဲ့လိုပဲ။ ခရီးထွက်ပြီဆိုရင် အိမ်ပြောင်းမှာ ကျနေတာပဲ
လူတိုင်းနီးပါးမှာ ဒီခံစားချက်မျိုးရှိကြတယ်။ ဒါကြောင့် အိမ်ကနေ မထွက်ခင် သေချာစစ်ပါ။
တစ်ခါတစ်လေ လူတွေရဲ့ အထင်လွဲတာ ခံရသေးတာ
ယောက်ျားမာန တပြားမှ မလျှော့တော့ ခံရပြီလေ
ရောက်လေရာ အစားသောင်းကြမ်းတော့ ဖြစ်တော့တာပေါ့
အလျှောက်ကောင်းမှ အထောင်းသက်သာမယ်နော်
စုံတွဲတွေမှာ ဖြစ်နေကြ ပြသာနာ
ဒေသခံ ဈေးရောင်းသူတွေရန်ကလည်း ကြောက်ရသေးတယ်
အများပြည်သူသုံး ရေကူးကန်မှာ ရေးသွားကူးတာက ရုပ်ရှင်တွေထဲကလို မဟုတ်ဘူး
ကိုယ်တွေ ရိုနေတဲ့အချိန်ဆိုရင် အဖျက်ကောင်တွေ အမြဲပေါ်လာတတ်တယ်
ပြောတော့ ဆင်ဖမ်းမယ်ကျားမယ်နဲ့
အနေအထိုင် မဆင်ခြင်တော့ တစ်ခါတစ်လေ အပြောကခံရသေး
ခရီးကသွားနေတုန်း နောက်ခရီးတခုကို ကြိုဆင်းစားနေပြီလေ
Source: Bright Side