ကျွန်တော်တို့တစ်တွေ ကြီးပြင်းလာကြတဲ့အချိန်မှာ အတိတ်က အဖြစ်အပျက်တွေကို သတိရပြီး ကြည်နူးတတ်ကြတယ်။ ကျောင်းသားဘဝ အများစုက ပျော်ရွှင်စရာတွေနဲ့ပြည့်နှက်နေခဲ့ကြမယ်ထင်ပါတယ်။ ကျောင်းသားဘဝဟာ အလွတ်လပ် အပျော်ရွှင်ဆုံးအချိန်လို့ ပြောရင်မှားမယ်မထင်ပါဘူး။ သူငယ်ချင်း ဘော်ဒါတွေနဲ့ အတူတူဆိုးမိုက်ခဲ့ကြဖူးသလို ပျော်စရာအမှတ်ရစရာတွေ အများကြီးဖန်တီးခဲ့ကြဖူးတယ်။

ဒီနေ့ kwee page ကနေ ငယ်စဉ်ကျောင်းသားဘဝကို ပြန်ပြီးလွမ်းဆွတ်သတိရစေမည့် ရုပ်ပုံတွေကိုဖော်ပြပေးလိုက်ပါတယ်။

သင်္ချာကို ဒီလိုမျိုးလက်ချိုးရေပြီးတွတ်ခဲ့ရသလို၊ ကိုယ့်စိတ်ကြိုက်သတ္တဝါတွေပုံကို မြင်ယောင်ပြီးလည်း တွတ်ခဲ့ရတယ်။

လွယ်အိတ်ကို ပုံစံအမျိုးမျိုးနဲ့ လွယ်ခဲ့ကြတယ်။ တစ်ချို့ကလေးတွေကြတော့ ဘီးပါတဲ့လွယ်အိတ်တွေ အသုံးပြုခဲ့ကြတယ်။

မွေးနေ့ပါတီကို သူငယ်ချင်းတွေစုံစုံလင်လင်နဲ့ကျင်းပခဲ့ဖူးကြတယ်။

ကျောင်းပြန်မဖွင့်ခင် တစ်ရက်ကတော့ စိန်ခေါ်မူတွေနဲ့ရင်ဆိုင်ရတဲ့နေပဲ။

အတန်းခေါင်းဆောင်ခန့်ခံရလို့ ဂုဏ်ယူခဲ့ရဖူးတယ်။

အတန်းထဲ ဆရာမစာသင်နေချိန် သူငယ်ချင်းတွေနဲ့ မုန့်ခိုးစားရတဲ့ အရသာက ဘာနဲ့မှမလဲနိူင်ဘူး။

ကျောက်သင်ပုန်းဖျတ်ရတဲ့ အလုပ်က ပျော်စရာကောင်းတဲ့ အလုပ်တစ်ခုဖြစ်ခဲ့ဖူးတယ်။

ဖက်စာအုပ်မပါလာလို့ တစ်ခြားလူတွေနဲ့ ပေါင်းကြည့်ရတာလဲ အမှတ်ရစရာတစ်မျိုးပဲ။

စာတော်တဲ့ သူငယ်ချင်းတွေနဲ့ အပေါင်းအသင်းလုပ်ရတာက အလွန်အကျိုးရှိခဲ့ဖူးတယ်။

ကျောင်းချိန်တွင်း ကာတွန်းစာအုပ်တွေ ခိုးဖက်ဖူးကြတယ်။

ကွန်ပျူတာခန်းထဲမှာ လျှောက်ကလိဖူးကြတယ်။

ငယ်ငယ်က အတန်းထဲမှာ သူငယ်ချင်းတွေနဲ့ အိပ်ခဲ့ရဖူးတယ်။

Source: Bright Side