အချိန်ဆိုတာ နုပျိုမှုကို တိုက်စားပြီး ရင့်ကျက်မှုတွေ ယူဆောင်ပေးတဲ့ သဘောရှိပါတယ်။ ကိုယ်ငယ်ငယ်တုန်းက ပုံတွေကို ပြန်ကြည့်မိတိုင်း စိတ်ထဲမှာ အတွေးတစ်ခုခုတော့ ကျန်နေတတ်စမြဲ ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက် ဖော်ပြသွားမှာကတော့ အခုချိန် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေ နေရာရောက်လာတဲ့ ပုဂ္ဂိုလ်တွေရဲ့ ငယ်ဘဝပုံရိပ်တွေအကြောင်း ဖြစ်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေ အခုလို ချမ်းသာအောင် ကြိုးပမ်းခဲ့ချိန်က ရုပ်ရည်နဲ့ အရွယ်ကို ကြည့်လိုက်ရင်လည်း စာဖတ်သူတွေအတွက် စဉ်းစားမိတာလေးတွေ ဖြစ်လာနိုင်ပါတယ်။
ဂျက်ဖ်ဘီဇော့စ်

Photo: sarcasm
Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ပါ။ ဒီနှစ်ထဲ Forbes မဂ္ဂဇင်းရဲ့ ထုတ်ပြန်ချက်မှာကို သူ့ရဲ့ ချမ်းသာမှုဟာ ဒေါ်လာ ၁၇၅.၃ ဘီလျံရှိတယ်လို့ ဆိုပါတယ်။ အခုတော့ သူ့အသက်ဟာ ၅၆ နှစ်ထဲ ရောက်ပြီ ဖြစ်ပါတယ်။
ဘီလ်ဂိတ်စ်

Photo: sarcasm
ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ကြီးလည်း ဖြစ် ကမ္ဘာ့အကြီးဆုံး ပရဟိတလုပ်သူကြီးလည်း ဖြစ်တဲ့ ဘီလ်ဂိတ်စ်ဟာ ငယ်ငယ်က အတော်လေး ညှက်တဲ့အထဲမှာ ပါပါတယ်။ အသက် ၆၄ နှစ် ရှိပြီ ဖြစ်တဲ့ Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ရဲ့ မျက်နှာဟာ အခုတော့ ပညာဉာဏ်နဲ့ ရက်ရောကြင်နာမှုအပြည့်နဲ့ ဖြစ်နေပါပြီ။
အီလွန်မတ်စ်

Photo: sarcasm
သူကတော့ Tesla ကားကုမ္ပဏီနဲ့ SpaceX အာကာသယာဉ်ကုမ္ပဏီတွေကို တည်ထောင်ခဲ့တဲ့ ဘီလျံနာပါ။ သူကတော့ ဘီဇော့စ်နဲ့ ပြောင်းပြန်ပါ။ ငယ်တုန်းက နဖူးပြောင်ချင်တဲ့သူဟာ အခုတော့ ဆံပင်ကောင်းကောင်း ရုပ်သန့်သန့်နဲ့ ဖြစ်နေပါပြီ။
ဂျက်မား

Photo: sarcasm
တရုတ်ဘီလျံနာကြီး ဂျက်မားကို အားလုံးသိကြမှာပါ။ သူတည်ထောင်ခဲ့တဲ့ Alibaba ဟာ ကမ္ဘာ့အကြီးဆုံး e-Commerce ကုမ္ပဏီကြီးတွေထဲမှာ ပါဝင်ပါတယ်။ ဘီဇော့စ်နဲ့ တစ်ရွယ်တည်း ဖြစ်ပေမယ့် အခုထိလည်း သူဟာ ပိန်သေးသေး ပုပျပ်ပျပ်လေးပါပဲ။
ရစ်ချတ်ဘရန်ဆန်

Photo: sarcasm
သူ့ကို စီးပွားရေးသမားတစ်ယောက်အနေနဲ့ရော အောင်မြင်ရေး စာရေးဆရာအနေနဲ့ပါ လူသိများပါတယ်။ ရစ်ချတ်ဘရန်ဆန်ကတော့ ငယ်ငယ်ကတည်းက ခပ်ဟော့ဟော့ဒီဇိုင်းနဲ့ ဖက်ရှင်ခပ်လန်းလန်း နေထိုင်သူ ဖြစ်ပါတယ်။
