Rip ရေစီးကြောင်းနဲ့ ကြုံရင်ဘာလုပ်ရမလဲ သင်သိပါသလား။ သင့်အနားက တစ်ယောက်တစ်ယောက် လည်ပင်းမှာအစာတစ်နေရင် ဘာလုပ်မရ။ ဒီလိုအရာတွေကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတွေ သိထားဖို့လိုအပ်ပါတယ်။ ဒါကြောင့် kwee page ကဘယ်လိုအန္တရာယ်မျိုးတွေနဲ့ကြုံလာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။
Rip ရေစီးကြောင်း
Rip ရေစီးကြောင်းဆိုတာက ကမ်းခြေမှ အဝေးသို့ အရှိန်ပြင်းစွာစီးဆင်းနေတဲ့ ရေစီးကြောင်းကိုဆိုလိုခြင်းဖြစ်ပါတယ်။ ရေကူးသန်ပါတယ်ဆိုတဲ့ လူတွေကိုတောင် ပင်လယ်ထဲခေါ်ဆောင်သွားနိူင်တဲ့အထိ အားပြင်းကြတယ်။ ဒီလို ရေစီးကြောင်းတွေနဲ့ ကြုံရပြီဆိုရင် ဘယ်လို လွတ်အောင်ပြုလုပ်ကြမလဲ။
- အဓိကကတော့ ရေစီးကြောင်းကနေ အဝေးကိုလွတ်အောင်ရုန်းဖို့ပါပဲ။ ပုံမှန်အားဖြင့် ရေစီးကြောင်းတွေက ပေ (၃၀) ထက်ပိုမကျယ်ပါဘူး။ ရေစီးကြောင်းတွေထဲ ပါသွားပြီလို ခံစားမိရင် ဘယ်တော့မှာ သူတို့နဲ့ဆန့်ကျင်ဖက်ကို မကူးမိပါစေနဲ့။ ကမ်းခြေနဲ့ ပြိုင်ပြီးကူးပါ။ ရေစီးကြောင်းကနေလွတ်ပြီဆိုကာမှ ကမ်းခြေဖက်ကိုဦးတည်ပြီးကူးပါ။ တကယ်လို့ ရေစီးကြောင်းတွေနဲ့ ပြိုင်ပြီးကူးမယ်ဆိုရင် ခြေကုန်လက်ပန်းကျပြီး မျှောပါသွားနိုင်ပါတယ်။
လည်ပင်းမှာအစာဆို့နေခြင်း
ပုံမှန်အားဖြင့် တစ်ယောက်ယောက်က လည်ပင်းမှာအစာဆို့နေပြီဆိုရင် နောက်ကျောကိုထုပေးတာများပါတယ်။ ဒါပေမယ့် တစ်ခြားအသုံးဝင်တဲ့ နည်းတွေရှိပါသေးတယ်။
- လည်ပင်းမှာ အစာဆို့နေတဲ့လူရဲ့နောက်မှာရပ်နေပါ။
- သင့်ရဲ့လက်တွေနဲ့ သူ့ကိုသိုင်းးဖက်လိုက်ပါ။ လက်မတွေကို ရင်ဘက်အောက်မှာထားပါ။ ဒါပေမယ့် ချက်အထက်နားမှာဖြစ်ပါ။ လက်မတစ်ချောင်းက ပုံမှာပြထားတဲ့အတိုင်းဖြစ်နေရပါမယ်။
- ဝဗ်းဗိုက်ကို မြန်မြန် တွန်းပေးပါ။ အပေါ်ကို ဦးတည်ပြီးတွန်းဖို့ လိုအပ်ပါတယ်။
- လည်းပင်းမှာ ဆို့နေတဲ့အရာ မထွက်မချင်း ပြုလုပ်ပေးပါ။
ဓာတ်လိုက်ခြင်း
သင့်အနီးအနားက တစ်ယောက်ယောက်ဓာတ်လိုက်နေရင် သွားကိုမထိမကိုင်မိပါစေနဲ့။ သင့်အတွက်ပါ အန္တရာယ်ရှိစေပါတယ်။
- လျှပ်စစ်ပလပ်တွေကို လိုက်ပြီးဖြုတ်ပါ။
- လျှပ်စစ်မစီးနိုင်သေားပစ္စည်း ဥပမာ ပလက်စတစ်၊ သစ်သားချောင်းတွေကို အသုံးပြုပြီး ဓာတ်လိုက်နေတဲ့လူကို မီးပလက်ပေါက်ကနေ အဝေးကိုတွန်းထုတ်လိုက်ပါ။
- အန္တရာယ်မရှိတော့ဘူးဆိုရင်တောင် ဓာတ်လိုက်ထားတဲ့သူကို မကိုင်ပါနဲ့။ ambulance ကိုဖုန်းခေါ်ပါ။
သတိလစ်မေ့မြောသွားခြင်း
လူတစ်ယောက် သတိလစ်မေ့မြောသွားတယ်လို့ သံသယရှိရင် အောက်ပါအတိုင်းပြုစုနိုင်ပါတယ်
- လူနာတင်ကားခေါ်ပါ။
- ဆေးအကူအညီရောက်မလာသေးခင် လူနာကိုတစ်ဝက်ထိုင်လျက်အနေအထား အိပ်ခိုင်းထားပါ။ ခါးပက်တွေဝတ်ထားတယ်ဆိုရင် ဖြုတ်ပေးပါ။
- အကယ်၍ လူနာကရေဆာနေတယ်ဆိုရင် ရေ (သို့) လက်ဖက်ရည်အချိုကို တိုက်သင့်ပါတယ်။
- ခေါင်းကိုက်ခြင်းအတွက် အကိုက်အခဲပျောက်ဆေးတွေ မတိုက်ပါနဲ့။
နှာခေါင်းသွေးယိုခြင်း
နှာခေါင်းသွေးယိုနေတဲ့အချိန်မှာ ခေါင်းမော့မထားသင့်ပါဘူး။ နှာခေါင်းသွေးယိုနေတာကို ရပ်တန့်စေဖို့အတွက် နှာခေါင်းသွေးယိုနေတဲ့ နှာခေါင်းပေါက်ကို (၁၀-၁၅) ခန့်ညစ်ပြီးပိတ်ထားရင် ရပါတယ်။
တစ်ချို့တွေကတော့ နှားခေါင်းပေါက်တွေကို ဝါဂွမ်းတွေနဲ့ ဆို့ထားကြတယ်။ ဒါကလည်း အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ခေါင်းကိုတော့ နောက်ကိုလှည်ပြီးမော့မထားသင့်ပါဘူး။ အကယ်၍ နှာခေါင်းသွေးယိုတာ နာရီဝက်ကျော်သွားရင်တော့ ဆေးဝါးအကူအညီယူတာ အကောင်းဆုံးပါ။
Source: Bright Side