ဘဝတစ်လျှောက်လုံး တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ သင်ယူခဲ့တဲ့သင်ခန်းစာတွေက ပျော်ရွှင်မူကိုရှာဖွေဖို့ အထောက်အကူဖြစ်စေပါတယ်။ ပြီးတော့ ဘဝမှာဘယ်အရာက အရေးပါလဲမပါဘူးလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း သိလာစေပါတယ်။ ဒီနေ့တော့ kwee page ကဘဝအတွေ့အကြုံများစွာ ရှိခဲ့တဲ့လူကြီးသူမတွေရဲ့ ဘဝအတွက်အရေးပါတဲ့ မှတ်သားစရာစကားတွေကို ပြန်လည်ဝေမျှပေးသွားမှာပါ။ အခုဖော်ပြပေးမယ့်စကားတွေကတော့ လူငယ်တစ်ယောက်က အသက် (၁၀၁) နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့အဖွားဖြစ်သူကို မေးထားခြင်းဖြစ်ပါတယ်။

အသက် (၂၀) ပြည့်သွားပြီဖြစ်တဲ့သူတွေအတွက် ဘယ်လိုအကြံအဉာဏ်တွေပေးချင်သလဲ

-အရှူံးမပေးနဲ့။ မင်းတို့က ငယ်သေးတယ်။ ခက်ခဲကြမ်းတမ်းတဲ့ အတွေ့အကြုံသစ်တွေ အများကြီးမင်းတို့ကို စောင့်မျှော်နေလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့အခါမှ အရှူံးမပေးနဲ့။

Source: YouTube

အဖွားသင်ယူခဲ့တဲ့ အကောင်းဆုံးသင်ခန်းစာက ဘာဖြစ်မလဲ

-အရိုးသားဆုံးပြောရမယ်ဆိုရင် အဖွားကရိုးသားတယ်။ တော်ရုံလိမ်လည်ပြောဆိုခြင်းမရှိဘူး။ မင်းကလူတွေအပေါ်ရိုးသားမယ်ဆိုရင် သူတို့ကလည်းမင်းအပေါ်ရိုးသားပါလိမ့်မယ်။ လိမ်လည်ဖို့ဆိုတာ အရမ်းပင်ပန်းတယ်။ ကိုယ့်ကိုကို နှိမ့်စက်နေတာနဲ့တူတယ်။

Source: TaleKAS

လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) အတွင်းက လူတွေနဲ့ပက်သက် ဘာတွေများပြောချင်သေးလဲ

-တခြားလူတွေပြောတာကို အမြဲတမ်းနားထောင်ပေးလိုက်ပါ။ ကိုယ်သိထားတာတွေ သူတို့ကိုပြောတာထက် သူတို့ပြောတာတွေကို ကိုယ်ကနားထောင်ပေးလိုက်။ သူတို့ဆီကနေ အများကြီးသင်ယူတတ်မြောက်လိမ့်မယ်။

အသက်ရှည်ကျန်းမာနေရခြင်းရဲ့ လျှို့ဝှတ်ချက်ကို ပြောပြပေးပါလာ။

– နေ့တိုင်း အိပ်ရေးဝဝ အိပ်ပါ။

အခြားအကြံပြုစကားများ

Source: Huffpost

  • သွားလာနိုင်တုန်းမှာ ခရီးတွေသွားပါ။ ပိုက်ဆံအတွက် စိတ်မပူပါနဲ့။ ဖြစ်အောင်လုပ်ပါ။ အတွေ့အကြုံတွေက ပိုက်ဆံထက်ပိုပြီးတန်ဖိုးရှိတယ်။
  • မင်းဘာလုပ်ချင်တာလဲဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမယ့် မင်းလုပ်ချင်တာကို လုပ်နေရပြီဆိုရင်တော့ မင်းကအသက်ရှင်နေတဲ့သူတစ်ယောက်ပဲ။
  • လောကမှာ မပြောင်းလဲပဲ တည်မြဲတာဆိုလို့ ပြောင်းလဲခြင်းပဲ ရှိတာပါ။ ဒါကြောင့် ပြောင်းလဲခြင်းကို လက်ခံနိုင်အောင် ကြိုးစားပါ။