အာဆင်နယ်အသင်းတိုက်စစ်မှူး အူဘာမီယန်းဟာ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွေ့ ကြေးနဲ့ အပြီးသတ်ပြောင်းရွေ့သွားခဲ့ပြီးနောက် အမ်းမရိတ်က ထွက်ခဲ့ရတာဟာ သူ့အတွက် နာကျင်ခံစားရပြီး ဝမ်းနည်းကြေကွဲရကြောင်း ဖွင့်ဟဝန်ခံခဲ့ပါတယ်။

Pierre-Emerick Aubameyang ALREADY training with Barcelona after leaving Arsenal

Photo : Daily Mail

အသက် ၃၂ နှစ်အရွယ် ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးဟာ အသင်းရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အကြိမ်ကြိမ် ချိုးဖောက်ခဲ့တဲ့အတွက် အသင်းခေါင်းဆောင်ရာထူးကနေ ဖယ်ရှားခံခဲ့ရသလို အသင်းနဲ့ ပွဲကစားခွင့်လည်း မရရှိတော့တာကြောင့် စပိန်ကို ထွက်ခွာဖို့ဆုံးဖြတ်ခဲ့ပြီး ကတ္တလန်အသင်းမှာ လုပ်ခလစာ လျှော့ချဖို့ သဘောတူညီမှုရရှိခဲ့တာ ဖြစ်ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းပြီး အမ်းမရိတ်မှာ ၎င်းရဲ့ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီးတဲ့နောက် ဆိုရှယ်မီဒီယာပေါ်ကနေ ပရိသတ်တွေအတွက် သူရဲ့ ခံစားချက်တွေ ထည့်သွင်းရေးသားဖော်ပြထားတဲ့ မက်ဆေ့ချ်တစ်စောင် ပေးပို့ခဲ့ပါတယ်။

” ကျွန်တော်နဲ့ ကျွန်တော့်မိသားစုအတွက် ၄ နှစ်တာ ကာလအတွင်း လန်ဒန်မြို့ကို အိမ်လို ခံစားရစေခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ ကျွန် တော်တို့အတူတူ အတက်အကျတွေ များစွာကြုံခဲ့ရပြီး ခင်ဗျားတို့ရဲ့ ပံ့ပိုးကူညီမှုတွေက ကျွန်တော့်အတွက် အရာရာကို အဓိပ္ပါယ်ရှိစေခဲ့ပါတယ် ၊ အသင်းနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးခဲ့တာ ၊ ဒီကလပ်ရဲ့ အသင်းခေါင်းဆောင် အဖြစ်တာဝန်ယူခဲ့ရတဲ့ ဂုဏ်ယူစရာအခိုက်အတန့်တွေဟာ ကျွန်တော့်နှလုံးသားထဲမှာ ထာဝရတည်ရှိနေမယ့် အရာတွေပါ”

Pierre-Emerick Aubameyang ALREADY training with Barcelona after leaving Arsenal

Photo : Daily Mail

” ကျွန်တော် ဒီအသင်းအတွက် စွမ်းဆောင်နိုင်သမျှ ရာနှုန်းပြည့်အာရုံစိုက်ပြီး အားထုတ်ခဲ့တာကြောင့် အခုလို နှုတ်မဆက်ပဲ ထွက်ခွာခဲ့ရတာဟာ တကယ့်ကို နာကျင်ရပါတယ် ၊ ဒါပေမယ့် ဘောလုံးဆိုတာ ဒီလိုပါပဲ ”

” ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း အသင်းဖော်တွေကို ကူညီဖို့ အခွင့်အရေးမရခဲ့တာလည်း စိတ်မကောင်းပါဘူး ၊ ဒါပေမယ့် ဒီအသင်းကို လေးစားရုံကလွဲရင် ကျွန်တော်မှာ ဘာမှမရှိပါဘူး ၊ ကျွန်တော့်ရဲ့ အသင်းဖော်ကစားသမားတွေနဲ့ ပရိသတ်တွေအားလုံးကို အနာဂတ်မှာ အကောင်းဆုံးနဲ့ အောင်မြင်တဲ့နှစ်များစွာ ပိုင်ဆိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်” လို့ အာဆင်နယ်ပရိသတ်တွေအတွက် ဆိုတဲ့ခေါင်းစဉ်နဲ့ သူရဲ့အင်စတာဂရမ်လူမှုကွန်ယက်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

Pierre-Emerick Aubameyang ALREADY training with Barcelona after leaving Arsenal
Photo : Daily Mail

အူဘာမီယန်းဟာ အာဆင်နယ်အသင်းကို အက်ဖ်အေဖလား ဆွတ်ခူးနိုင်ဖို့ အဓိကကူညီပေးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ ၁၈ လက အာဆင်နယ်အသင်းနဲ့ ကြေးမြင့်တဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဝင်ငွေအကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်လာခဲ့တာပါ။

ဒါပေမဲ့ ကြိုတင်သဘောတူထားတဲ့ ခရီးတစ်ခုကနေ နောက်ကျမှ ပြန်ရောက်လာခဲ့တဲ့အတွက် အသင်းနဲ့ ဆက်ဆံရေးဟာ ဆိုးရွားလာခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် ၃၅၀၀၀၀ ရနေတဲ့ တိုက်စစ်မှူး အူဘာမီယန်းဟာ စာချုပ်ဖျက်သိမ်းပြီး ဘာစီလိုနာကို အလွှတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့လာခဲ့တာဖြစ်ပြီး အသင်းအသစ်မှာ လေ့ကျင့်ရေးဆင်းနေတဲ့ ဓာတ်ပုံတချို့ထွက်ပေါ်လာခဲ့ပေမယ့် လာလီဂါကလပ်က သူရောက်ရှိလာမှုနဲ့ ပတ်သတ်ပြီး တရားဝင်ကြေညာခြင်းတော့ မရှိသေးပါဘူး။