တစ်ခါတစ်လေကျရင် နာမည်ကျော်ကြားတဲ့နေရာတွေဟာ အင်တာနက်ပေါ်မှာ ကြေငြာထားတာနဲ့ အများကြီးကွာဟနေတတ်ပါတယ်။ တစ်ခါတစ်ရံမှာ ခရီးစဉ်တစ်ခုလုံး သွားချင်စိတ်မရှိအောင်ကို စိတ်ပျက်လောက်စရာကောင်းပါတယ်။
ဒီနေ့မှာ kwee page ကနေပြီးတော့ လာလည်တဲ့သူတွေကို စိတ်ပျက်သွားစေတဲ့ နာမည်ကြီးနေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ Statue of Juliet (Verona, Italy)
ဒဏ္ဍရီပုံပြင် တွေအရ Juliet ရဲ့ ညာဖက်ရင်အုံ ဒါမှမဟုတ် လက်ကိုထိတွေ့လိုက်ခြင်းအားဖြင့် အချစ်စစ်ရှာဖွေရာမှာ ကံကောင်းစေတယ်လို့ယူဆထားကြပါတယ်။ တကယ်တော့ဒီနေရာဟာ ရိုမန်တစ်ဆန်နေရမဲ့နေရာပါ။ ဒါပေမဲ့ မနက်လင်းတာနဲ့ညအထိ လူတွေပြည့်ကျပ်နေလေ့ရှိတာကြောင့် သွားလည်တဲ့သူတွေကို စိတ်ပျက်စေပါတယ်။ အချစ်စစ်ရှာဖွေနေတဲ့သူတွေကြောင့်လည်း လက်နဲ့ ရင်အုံတို့ဟာလည်း ပျက်စီးလောက်နီးပါးဖြစ်နေပါပြီ။
၂။ The Little Mermaid (Copenhagen, Denmark)
The Little Mermaid ရုပ်တုကို Edvard Eriksen ဆိုတဲ့သူက ထုလုပ်ခဲ့တာပါ။ ထုလုပ်ပြီး Copenhagen မြို့ဆိပ်ကမ်းနားကကျောက်တုံးပေါ်မှာ တင်ထားခဲ့ပါတယ်။ အရင်တုံးက ခရီးသွားတွေရဲ့စိတ်ဝင်စားမှုကို အတော်လေးရရှိခဲ့ပါတယ်။ ၂၀၀၇ နောက်ပိုင်းမှာ အာဏာပိုင်တွေက ဆိပ်ကမ်းနဲ့ ၇ မီတာအကွာမှာ ရုပ်တုကို ရွေ့ပြောင်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ လက်သရမ်းတဲ့သူတွေနဲ့ ကျောက်တုံးပေါ်တတ် ဓာတ်ပုံရိုက်တဲ့သူတွေရဲ့ရန်ကနေကာကွယ်ဖို့ပါ။
နောက်စိတ်ပျက်စရာတခုကတော့ ရုပ်တုရဲ့အရွယ်အစားပါပဲ။ ဓာတ်ပုံထဲမှာတော့ အတော်အတန်ကြီးတယ်လို့ထင်ရပေမဲ့ တကယ့်အပြင်မှာ ၄.၁ ပေအမြင့်ပဲ ရှိပါတယ်။
၃။ Berlin TV Tower, Germany
တစ်ယောက်ကို ၁၆ ယူရိုလောက် ပေးပြီး ၂ နာကျော်လောက် တန်းစီ စောင့်ပြီးတော့ တတ်ကြည့်ရတဲ့ ဘာလင်မြို့ပေါ်က အမြင့်ဆုံးတာဝါကတော့ ခရီးသည်တွေကို စိတ်ပျက်မိစေမှာအမှန်ပါပဲ။ လူအရမ်းများတာ၊ ပြတင်းပေါက်တွေ ညစ်ပတ်နေတာ၊ စားသောက်စရာတွေဈေးများတာတွေက သွားလည်တဲ့ ခရီးသွားတွေကို စိတ်ပျက်စေပါတယ်။
၄။ The Temple Bar (Dublin, Ireland)
နိူင်ငံခြားသားခရီးသွားတွေအတွက် အိုင်ယာလန်နိူင်ငံ Dublin က Temple Bar ကအရမ်းနာမည်ကျော်ကြားပါတယ်။ ဒါပေမဲ့ ညနေခင်းလိုအချိန်တွေမှာ လူအရမ်းများပြီး ဘားထဲဝင်ထိုင်ဖို့သက်သက်ကိုပဲ နာရီနဲ့ချီပြီး စောင့်ရတတ်ပါတယ်။
ကံကောင်းလို့ခုံရခဲ့ရင်တောင် ဘားအလုပ်သမားအင်အားနဲ့ လာလည်တဲ့သူ အင်အားမမျှတာကြောင့် တခုခုမှာဖို့အတွက်လည်း အချိန်အကြာကြီးစောင့်ရပါတယ်။ စားပွဲခုံတွေကို အချိန်မီ သန့်ရှင်းရေးမလုပ်နိူင်သလို ဈေးလည်းအရမ်းကြီးတာကြောင့် ဒေသခံတွေကတော့ မကြိုက်ကြပါဘူး။
၅။ Ubud rice fields (Bali)
ဘာလီရဲ့ စပါးစိုက်ခြင်း activity က နိူင်ငံခြားခရီးသွားတွေကြားမှာ အရမ်းရေးပန်းစားပါတယ်။ ဝင်းကြေး ၁ ဒေါ်လာ၊ ဓာတ်ပုံရိုက်ဖို့ ၁.၅၀ ဒေါ်လာ နဲ့ ဒန်းစီးမယ်ဆိုရင်တော့ ၇ ဒေါ်လာလောက်ပေးရပါတယ်။
တစ်ခုရှိတာက ဒန်းတွေကအရမ်းနိမ့်ပြီးတော့ ခရီးသွားတွေအရမ်းများတာပါပဲ။ တစ်ခါတစ်လေ လမ်းသွားဖို့တောင် ခက်ခဲပါတယ်။
Source; Bright Side