တစ်ခါတစ်လေ ပတ်ဝန်းကျင်က အနှောင့်အယှက်တွေကြောင့် အလုပ်ပြီးမြောက်အောင်လုပ်ဖို့အတွက် ခက်ခဲတက်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ တခြားကိစ္စ တစ်ခုခုက ခေါင်းထဲရောက်နေတာ (သို့) အာရုံစိုက်လို့မရတဲ့ အဖြစ်မျိုးကြုံဖူးကြမယ် ထင်ပါတယ်။ ပထမဆုံးအနေနဲ့ ဒီလိုအချိန်မျိုးမှာ စိတ်ရှုပ်စရာတွေအားလုံးကိုဘေးချိတ် ထားပြီး လွတ်လွတ်လပ်လပ် အလုပ်လုပ်လို့ရမယ့်နေရာ (သို့) စာလေ့လာလို့ရမယ့် နေရာရှာဖို့လိုအပ်ပါတယ်။ ဒီနေ့ kwee page က စာလေ့လာလို့ ကောင်းတဲ့နေရာလေးတွေကို ဖော်ပြပေးသွားမှာပါ။

စာကြည့်တိုက်

Source: US Embassy and Consulates in Japan

စာကြည့်တိုက်ကတော့ စာလေ့လာလို့ကောင်းတဲ့ နေရာထဲမှာ ထိပ်ဆုံးက ပါဝင်ပါတယ်။ ဒီလို ထိပ်ဆုံးရောက်နေရတဲ့ အကြောင်းပြချက်နှစ်ခုရှိပါတယ်။ ပထမတစ်ချက်ကတော့ လုံးဝတိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ပါ။ စာကြည့်တိုက် အားလုံးနီးပါးဟာ ဆူညံသံတွေ ခွင့်မပြုထားပါဘူး။ ဒုတိယတချက်ကတော့ စာကြည့် တိုက်မှာ မိမိလိုအပ်တဲ့ အကြောင်းအရာတွေ တော်တော်များများကို ရှာယူကိုးကားလို့ရပါတယ်။ ကျောင်းစာကြည့်တိုက်ပဲဖြစ်ဖြစ် ပြည်သူ့စာကြည့်တိုက်ပဲဖြစ်ဖြစ် သင့်အတွက် စာလေ့လာဖို့အကောင်းဆုံးဖြစ်မယ်ဆိုတာ သေချာပါတယ်။

ကော်ဖီဆိုင်

Source: Communicaffe International

ယနေ့ခေတ်လူငယ်တွေ တော်တော်များများ ကော်ဖီဆိုင်တွေမှာထိုင်ပြီး စာလေ့လာတာမျိုးတွေ လုပ်လာနေကြပါပြီ။ ကော်ဖီဆိုင်မှာ ဘာလို့စာလေ့လာလို့ ကောင်းလဲဆိုရင်တော့ အိပ်မငိုက်စေဖို့ ကော်ဖီတစ်ခွက်လွယ်လွယ်လေး ဝယ်သောက်လို့ရတဲ့အပြင် ဗိုက်ဆာတဲ့အခါ စားဖို့အတွက်လည်း စိတ်ပူစရာမလိုတော့လို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကော်ဖီဆိုင်တော်တော်များများမှာ အခမဲ့အင်တာနက်လည်း ရရှိနိုင်ပါသေးတယ်။

ပန်းခြံ

Source: Born Realist

ပန်းခြံလိုနေရာမျိုးကလည်း စာလေ့လာဖို့ ကောင်းတဲ့နေရာတစ်ခုဖြစ်ပါတယ်။ ပန်းခြံမှာ လတ်ဆက်တဲ့ လေကိုရှုရှိုက်ခြင်း စိတ်ဖိစီးမှုကင်းစွာ စာလေ့လာလို့ရပါတယ်။ လူများတဲ့ ပန်းခြံကိုတော့ မရွေးချယ်ဖို့ အကြံပေးပါရစေ။

ကိုယ်ပိုင်အခန်း

Source: University of Sussex

ကိုယ်ပိုင်အခန်းထဲမှာ စာလေ့လာတော့မယ်ဆိုရင်တော့ မိမိကိုယ်ကို ထိန်းချုပ်နိုင်မှဖြစ်မှာပါ။ ဖုန်း၊ တီဗီ နဲ့ ကွန်ပျူတာတွေကို ပိတ်ပစ်လိုက်ပါ။ စာလေ့လာမှုကို အနှောင့်အယှက်ဖြစ်စေနိုင်မယ့် အပန်းဖြေစရာကိစ္စရပ်အားလုံကို ရှင်းထုတ်ထားဖို့ လိုအပ်ပါတယ်။ အခန်းထဲမှာ အေးအေးဆေးဆေး အနှောင့်အယှက်ကင်းကင်းနဲ့ စာလေ့လာချင်တယ်ဆိုရင် မိမိကိုယ်ကို စည်းကမ်းတင်းကျပ်ဖို့ လိုအပ်ပါတယ်။