ကိုယ်သဘောကျနေတဲ့ မိန်းကလေးဆီကနေ အမှတ်ကောင်းကောင်း ရချင်တာဖြစ်ဖြစ်၊ ကိုယ့်လုပ်ငန်းခွင်ထဲမှာ မိန်းကလေးတွေရဲ့ အထင်သေးခြင်း၊ ကဲ့ရဲ့ခြင်းကို မခံရစေဖို့အတွက် ဈေးကြီးပေးဝယ်ရတဲ့ အဝတ်အစားတွေကို ဝတ်နေလို့မရပါဘူး။

မိန်းကလေးတစ်ယောက်အနေနဲ့ ‌ယောကျာ်းလေးတစ်ယောက်ကို မြင်လိုက်တဲ့အခါ ဘယ်လိုအချက်တွေကိုကြည့်ပြီးတော့ ဒီလူက ဘယ်လိုလူမျိုးလဲဆိုတာကို ဆုံးဖြတ်တတ်တဲ့အချက်လေးတွေကို သိထားမယ်ဆိုရင်တော့ ကွီးတို့အားလုံးအတွက် အင်မတန်အသုံးဝင်မှာဖြစ်ပါတယ်။

Shoes

Source: Pinterest

ဝတ်ဆင်တဲ့အဝတ်အစားထက် မိန်းကလေးတွေအရင်ဆုံးမြင်တာက ရှုးဖိနပ်တွေပဲဖြစ်ပါတယ်။ တကယ်လို့ ကိုယ်က Swag ပိုင်းကို လိုက်တယ်ဆိုရင်လည်း အဲ့ဒါကို မကြိုက်လောက်တဲ့ မိန်းကလေးတွေလည်း အများအပြားရှိတဲ့အတွက် Vans ၊ Converse နဲ့ Adidas Sneaker တွေလိုမျိုး ဘယ်တော့မှ ရိုးသွားမှာမဟုတ်တဲ့ Shoes တွေက အသင့်တော်ဆုံးပါ။ အရောင်စုံ လေ့ကျင့်ခန်းသုံး Shoes တွေ၊ ခြေအိတ်နဲ့ ဝတ်ရတဲ့ကြိုးသိုင်းတွေကိုတော့ လုံးဝရှောင်ပါ။

နှုတ်ဆက်ခြင်း

Source: ClipDealer

အခုမှ စပြီးတွေ့တာကိုတင်ပြောတာမဟုတ်ပါဘူး။ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ်က မိန်းကလေးတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို ရရှိစေတဲ့အရာတစ်ခုကတော့ တွေ့တဲ့အချိန်တိုင်း နှုတ်ဆက်တာပဲဖြစ်ပါတယ်။ လက်ဆွဲနှုတ်ဆက်ရတော့မယ်ဆိုရင်လည်း ကြိုတင်ပြီး လက်သည်းတွေကို သန့်ရှင်းထားတာ၊ နောက်ပိုင်းမှာလည်း တွေ့တဲ့အချိန်တိုင်း အခြားသူတွေထက် ပိုပြီးအလေးပေးတဲ့ နှုတ်ဆက်မှုတွေက နောက်ပိုင်းမှာ ပြန်ပြီး ကိုယ့်အပေါ်အလေးထားမှုကို ပြန်ရရှိစေမှာပါ။

လက်ချောင်းတွေ

Source: Elemental – Medium

ဒါကတော့ မိန်းကလေးတစ်ယောက်က ယောကျာ်းလေးတစ်ယောက်ရဲ့ နေထိုင်မှုကို အဓိကဆုံးဖြတ်တဲ့အရာတစ်ခုပါ။ ကိုယ့်ရဲ့ လက်ကို အမြဲတမ်းသန့်ရှင်းနေအောင်ထားတာ၊ လက်သည်းတွေကအစ သုံးတဲ့ Hand Cleaner အဆုံး လက်ချောင်းတွေက အမြဲတမ်းသန့်ရှင်းနေတယ်ဆိုရင် သင့်ကို မိန်းကလေးတိုင်းအထင်ကြီးနေမှာပါ။

အဝတ်အစားပုံစံ

Source: www.pinterest.ph

ဝတ်ဆင်တဲ့အဝတ်အစားက အရေးကြီးတယ်ဆိုပေမယ့် ဒါက မိန်းကလေးတွေအတွက်တော့ အပေါ်ကအချက်တွေပြီးမှ ကြည့်ပြီးဆုံးဖြတ်တဲ့အရာတစ်ခုပါ။ အမြဲတမ်း Formal ဝတ်ဆင်နေဖို့ မလိုအပ်ပေမယ့် အရမ်းကြီး စုတ်ပြတ်နေတာမျိုးကိုရှောင်ပြီး ကိုယ်ပိုင်စတိုင်တစ်ခုကို ဖန်တီးလိုက်ပါ။