ဖုန်းစွဲလမ်းမှုဆိုတာ ယနေ့ခေတ်မှာ တကယ်ဖြစ်နေတဲ့ ရောဂါတစ်ခုပါ။ ယနေ့ခေတ်ဟာ ဘာလုပ်လုပ်ဖုန်းရှိမှ အဆင်ပြေတယ်ဆိုတဲ့ ခေတ်ရောက်နေပါပြီ။ အိပ်ယာနိုးလာတာနဲ့ဖုန်းကြည့်ကြတယ်။ နိုးစက်ပေးပြီးမှ အိပ်ယာဝင်ကြတယ်။ ဒါကိုရိုးရိုးရှင်းရှင်းပဲလို့ လူတော်တော်များများကတွေးကြတယ်။ တကယ်တမ်းမှာတော့ ဒါကကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပါတယ်။ တစ်ခါတစ်လေ ရိုးရိုးရှင်းရှင်းပဲ ဖုန်းကို အိတ်ကပ်ထဲထည့်လိုက်ပေမယ့် ဒါက ကျန်းမာရေးအတွက် ဆိုးကျိုးတွေရှိစေနိူင်ပါတယ်။ ဒီနေ့တော့ ဖုန်းမထားသင့်တဲ့ နေရာတွေအကြောင်း ပြောပြပေးသွားမှာပါ။
အိတ်ကပ်

လူတော်တော်များများဟာ ဖုန်းကိုအလွယ်တကူဘဲ အိတ်ကပ်တွေထဲထည့်သိမ်းကြတယ်။ တစ်ခါတစ်လေ ဗိုက်နဲ့ ခြေထောက်တွေ နာကျင်တာကို ခံစားဖူးလား။ ဒါက အိတ်ကပ်ထဲ ဖုန်းထည့်သိမ်းခြင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ ဖုန်းကိုအိတ်ကပ်ထဲထည့်ထားခြင်းဟာ အမျိုးမျိုးသော ဓာတ်ရောင်ခြည်တွေနဲ့ ထိတွေ့တာထက်ပိုပြီး ဆိုးရွားတယ်လို့ သိရပါတယ်။ ပြီးတော့ ဓာတ်ရောင်ခြည်တွေက အမျိုးသားတွေရဲ့ မျိုးအောင်နိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။
ခေါင်းအုံးအောက်

လူအများစုက ဖုန်းကို ခေါင်းအုံးအောက် (သို့) ခေါင်းအုံးဘေးမှာ ထားပြီးအိပ်ခြင်းဟာ ပုံမှန်ပဲလို့ ယူဆထားကြတယ်။ တကယ်တော့ ဒါဟာ အလွန်ကိုအန္တရာယ်များတဲ့ လုပ်ရပ်ပါ။ နည်းပညာပိုင်းအရ ကျွန်တော်တို့ရဲ့ဖုန်းတွေကို အမြဲတမ်းလင်းအောင်လုပ်ထားရတဲ့အတွက် ဖုန်းမျက်နှာပြင်မှာရှိတဲ့ အပြာရောင်အလင်းတန်းက အိပ်ပျော်စေတဲ့ မယ်လတိုနင် (melatonin) ဆိုတဲ့ဟော်မုန်းမှာ သက်ရောက်မှုရှိစေပါတယ်။ လုံလောက်တဲ့အိပ်ချိန်ကို မရရှိအောင်လုပ်ဆောင်မှာဖြစ်ပြီး မူးဝေခေါင်းကိုက်သလို ခံစားရပြီး မနက်ခင်းနိုးထလာရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ အိပ်စက်တဲ့အခါ အိပ်ရာနဲ့ ဝေးဝေးမှာ ဖုန်းကိုထားတာအကောင်းဆုံးဖြစ်ပါတယ်။
အင်္ကျီအတွင်းထဲ/ အတွင်းခံ အင်္ကျီအထဲ

တချို့လူတွေက ဖုန်းကို အင်္ကျီအတွင်းထဲ၊ အတွင်းခံ အင်္ကျီအထဲ ထည့်တတ်တဲ့ အလေ့အကျင့်ရှိကြပါတယ်။ အတွင်းခံ အင်္ကျီအထဲ ဖုန်းထည့်တာက ရင်းသာကင်ဆာရောဂါဖြစ်ပွားနိုင်ချေကိုမြင့်မားစေပါတယ်။။ ချွေးစိုနေတဲ့အားကစားအင်္ကျီအတွင်းထဲကို ဖုန်းထားမယ်ဆိုရင်လည်း ဘက်တီးရီးယားပေါက်ဖွားလာစေဖို့အတွက် တွန်းအားဖြစ်စေပါတယ်။
မျက်နှာနဲ့နီးကပ်စွာမထားပါနဲ့

ဖုန်းနဲ့ မျက်နှာနဲ့မကပ်ဘဲ ပြောလို့ရတဲ့ နည်းလမ်းတွေအများကြီးရှိပါတယ်။ ဖုန်းဆိုတာ နေရာအနှံ့သယ်ဆောင်သွားနေရတာကြောင့် ဘက်တီးရီးယားပိုးမွှားတွေ သယ်ဆောင်ထားနိုင်ပါတယ်။ မျက်နှာနဲ့ ကပ်လိုက်တဲ့အခါမှာ ဘက်တီးရီးယားတွေက ဖုန်းကနေတစ်ဆင့် သင့်ထံသို့ ကူးစက်နိုင်ပါတယ်။ ပြီးတော့ ဖုန်းအကြာကြီးအသုံးပြုခြင်းဟာလည်း အရွယ်မတိုင်ခင် အိုမင်းခြင်းနဲ့လည်း သက်ဆိုင်မှုရှိနေပါတယ်။ ဒီလိုမဖြစ်ရလေအောင် ဖုန်းပြောတဲ့အခါမှာ နားကြပ်တပ်ပြီးပြောတာ (သို့) စပီကာဖွင့်ပြောတာတွေ လုပ်သင့်ပါတယ်။
Source: Bright Side
