ချည်ထည်အကွက်ဖက်ရှင်များသည် ၉၀ ခုနှစ်နောက်ပိုင်းတွင် ခေတ်စားလာတဲ့ ဖက်ရှင်တစ်ခုပဲဖြစ်ပါတယ်။ ထိုဖက်ရှင်သည် လူငယ်ဆန်ပြီး ပေါ့ပါးလွတ်လပ်သောစတိုင်လ်မျိုး ဖန်တီးချင်သူတွေအတွက် ပထမဦးစားပေးအနေနဲ့ ရွေးချယ်သင့်တာပဲ ဖြစ်ပါတယ်။

ချည်ထည်အကွက်ရှပ်အင်္ကျီများနှင့် လူငယ်ဆန်သောဖက်ရှင်မျိုး ဖန်တီးတဲ့အခါ သိထားသင့်တဲ့ ဖက်ရှင် Tips (၅) မျိုးရှိပါတယ်။

ဂျင်းနဲ့ ချည်ထည် ဖက်စပ်ဖက်ရှင်

plaid fashion style for men

ဘောင်းဘီကိုတော့ ဘယ်အရောင်နဲ့မဆိုလိုက်ဖက်တဲ့ အနက်ရောင်ဂျင်းဘောင်းဘီကို ရွေးချယ်သင့်ပြီး ဖိနပ်ကိုတော့ လူငယ်ဆန်တဲ့ Sneaker ဖိနပ်လေး ရွေးချယ်ပေးလိုက်ပါ။ အပေါ်ကနေပြီးတော့ Denim ဂျက်ကတ်လေး ထပ်ဝတ်ပေးနိုင်ပါတယ်။

အညိုရောင် Theme

plaid fashion style for men

ဂျင်းကို အပြာရောင် ဂျင်းဘောင်းဘီရွေးချယ်ပြီး အကွက်ရှပ်အင်္ကျီ၊ အညိုရောင်လက်ပြတ်ဂျက်ကတ်နှင့် အညိုရောင် ရှူးဖိနပ်ဖက်ရှင်တို့သည် ချမ်းအေးတဲ့ရာသီမှာ သင့်ကို အနွေးဓာတ်ပိုရအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။

Streetwear ဖက်ရှင်မျိုး ဖန်တီးချင်တယ်ဆိုရင်

plaid fashion style for men

ဘောင်းဘီကိုတော့ အားကစားဘောင်းဘီမျိုး ရွေးချယ်ပါ။ ချည်ထည်အကွက်ရှပ်အင်္ကျီကို အပေါ်ဝတ်အနေနဲ့ ဝတ်ဆင်ပြီး အောက်ခံတီရှပ်ကိုတော့ Graphic Tee ပုံစံလေးတွေ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ဖိနပ်ကိုတော့ ရှူးဖိနပ်အစား အားကစားဖိနပ်လေးတွေကို ဦးစားပေးဝတ်ဆင်ပါ။

စမတ်ကျကျဖက်ရှင် Look လေးကို ဖန်တီးချင်တယ်ဆိုရင်

plaid fashion style for men

အကွက်ရှပ်အင်္ကျီကို ချီနိုဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ပါ။ ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်ပါ။ ပိုပြီးစမတ်ကျတဲ့အသွင်ကို ရရှိသွားပါလိမ့်မယ်။ ဖက်ရှင်အသုံးအဆောင်ပစ္စည်းအနေနဲ့ကတော့ ခါးပတ်နဲ့ လက်ပတ်နာရီအသုံးပြုပါ။ ဖိနပ်ကိုတော့ သားရေပျော့ Loafers ဖိနပ်လေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ အပေါ်ဝတ်အင်္ကျီအနေနဲ့ ကုတ်အင်္ကျီ ထပ်ဝတ်နိုင်ပါတယ်။

သပ်ရပ်ခန့်ညားတဲ့အသွင်မျိုး ဖန်တီးချင်တဲ့အခါ

plaid fashion style for men

ချည်ထည်အကွက်အင်္ကျီကို ကာကီရောင်ဘောင်းဘီ (သို့) အရောင်နုဘောင်းဘီများနဲ့ တွဲဖက်ဝတ်ဆင်ပေးလိုက်ပါ။ ဖိနပ်ကိုတော့ အင်္ကျီအရောင်နဲ့ အနည်းငယ်ဆင်တူတဲ့ ရှူးဖိနပ်မျိုး ရွေးချယ်ဝတ်ဆင်ပေးလိုက်ပါ။ ဒါဆိုရင်တော့ သင့်ဖက်ရှင်အရောင်က ရှင်းရှင်းလင်းလင်းလေးနဲ့ သပ်ရပ်ခန့်ညားနေမှာအမှန်ပါပဲ။

သင်ရော ကိုယ်ကိုယ်တိုင် အကွက်ဖက်ရှင်လေးတွေ ဖန်တီးတဲ့အခါ ဘယ်လိုစတိုင်လ်မျိုးကို အများဆုံးဖန်တီးဖြစ်ပါသလဲ။

အခုဖော်ပြခဲ့တဲ့ ဖက်ရှင် (၅) မျိုးထဲကမှ ကိုယ်အနှစ်သက်ဆုံးဖက်ရှင်တစ်ခုအကြောင်းကိုလည်း ဝင်ရောက်ဆွေးနွေးပေးသွားနိုင်ပါတယ်။

Source: Trunkclub.com

Featured Image Source: Toptrendsguide.com