ယူအီးအက်ဖ်အေ အကြီးအကဲဟောင်း ပလာတီနီ ဟာ ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ခွင့်အတွက် ကာတာနိုင်ငံကနေ လာဘ်ငွေယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီး နာရီအနည်းငယ်ကြာ မေးမြန်းခံရပြီးနောက် ဗုဒ္ဓဟူးနေ့က ပြန်လည်လွှတ်မြောက်လာခဲ့ပါတယ်။

ပလာတီနီဟာ ၂၀၁၀ ခုနှစ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံကို အိမ်ရှင်အဖြစ် မဲပေးခဲ့မှုမှာ မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်ကြောင့် ဇွန်လ (၁၈) ရက်၊ မနက်ပိုင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ပြင်သစ်ရဲတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တာပါ။

Source: Fox Sports

“ယူရို ၂၀၁၆၊ ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအကြောင်းတွေ မေးမြန်းခံရတာပါ” လို့ ပလာတီနီက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ယူအီးအက်ဖ်အေနဲ့ ဖီဖာဒုဥက္ကဋ္ဌဖြစ်သူ ပလာတီနီဟာ ၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်က ပါရီမြို့မှာရှိတဲ့ Elysee နန်းတော်မှာ ပြင်သစ်သမ္မတဟောင်းဖြစ်တဲ့ ဆာကိုဇီ၊ ကာတာ နိုင်ငံရဲ့ မင်းသား တစ်ဦးဖြစ်သူ တာမီဘင်ဟာမက်အယ်လ်သာနီတို့နဲ့အတူ လျှို့ဝှက်စွာ တွေ့ဆုံမှုပြုလုပ်ခဲ့ကြတယ်လို့ ပြင်သစ် ဘောလုံး မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

တွေ့ဆုံမှုပြီးနောက် တစ်ပတ်လောက်အကြာမှာ ဖီဖာက ၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ကျင်းပခွင့်အတွက် ကာတာကို ပေးအပ်ဖို့ မဲပေးဆုံးဖြတ်ခဲ့ပါတယ်။

Source: The National

ဒီအမှုရဲ့ အချက်အလက်တွေကို ပလာတီနီ သိရှိခြင်း မရှိကြောင်း သူ့ရဲ့ ကိုယ်စားလှယ်တွေက ငြင်းဆိုထားပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပလာတီနီဟာ ဆပ်ဘလတ္တာဆီကနေ ယူရို ၁.၁၅ လာဘ်ငွေ ရယူမှုနဲ့ ဘောလုံးလောကနေ ၄ နှစ်ပိတ်ပင်ခံခဲ့ရပါတယ်။

ယခုအမှုကိုလည်း ပြင်သစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး (PNF) က ၂၀၁၆ ခုနှစ်မှာ စတင်စုံစမ်းစစ်ဆေးမူတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

ပလာတီနီဟာ ရွှေဘောလုံးဆု ၃ ကြိမ်ဆက်တိုက် ရရှခဲ့ဖူးပြီး ဥရောပဘောလုံးအဖွဲချုပ်ရဲ့ ဥက္ကဌအဖြစ် ၂၀၀၇ ကနေ ၂၀၁၅ အထိ ၈ နှစ်ကြာတာဝန်ယူခဲ့သူဖြစ်ပါတယ်။