ဘောလုံးအားကစားဟာ ပြိုင်ဆိုင်မှုပြင်းထန်ပြီး ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုလွယ်ကူတဲ့ ကစားနည်းတစ်ခုပါ။ ဒါ့ကြောင့် ကစားသမားတွေဟာ ဒိုင်လူကြီးရဲ့ အဝါကက် အနီကက် ပြသခံကြရတာ များပါတယ်။ ဒါပေမယ့် ကစားသမားသက်တမ်းတစ်လျှောက် အနီကက် တစ်ကြိမ်တစ်ခါမှ မပြသခံရဖူးတဲ့ ကစားသမားတွေလည်း ရှိနေပါသေးတယ်။

Gary Lineker (ဂယ်ရီ လှိုင်ကာ)

Source: Goal.com

စပါး၊ လက်စတာ စီးတီး နဲ့ ဘာစီလိုနာအသင်းတို့မှာ အင်္ဂလန်နိုင်ငံသား Gary Lineker ဟာဂိုးအများကြီးသွင်းယူခဲ့သလို ကွင်းအတွင်းမှာလည်း အနီကတ် တစ်ကြိမ်မှ ပြသခံရခြင်း မရှိခဲ့ပါဘူး။ သူဟာ သက်တမ်းတစ်လျှောက် ပွဲပေါင်း (၅၆၇) ပွဲကစားထားပြီး (၂၈၁) အထိသွင်းယူထားပါတယ်။ တကယ့်ကို လေးစားစရာ ကောင်းတဲ့ စံချိန်တစ်ခုပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ တီဗီဖန်သားပြင်ပေါ်မှာ ဘောလုံးသုံးသပ်သူအဖြစ် လုပ်ကိုင်လျက်ရှိနေပါတယ်။

Andreas Iniesta (အင်နီယေစတာ)

Source: Goal.com

အင်နီယေစတာဟာ ကလပ်အသင်းမှာရော နိုင်ငံအသင်းအတွက်ပါ ဖလားတွေ ရယူစုဆောင်းပေးနိုင်သူတစ်ယောက်ပါ။ ပရိသတ်တွေကတော့ သူ့ကို မှော်ခြေစွမ်းရှိတဲ့လူတစ်ယောက်လို့မြင်ကြပါတယ်။ သူဟာ ဘောလုံးကို အနုပညာဆန်ဆန်ကစားတက်သူတစ်ယောက်ဖြစ်ပြီး သူဘောလုံးကစားတဲ့ပုံစံက ဆွဲဆောင်မှုအလွန်ကောင်းပါတယ်။ ခြေစွမ်းကောင်းတာအပြင် ကွင်းအတွင်း သူ့ရဲ့ အပြုအမူကလည်း လေးစားချီးကျူးစရာ ကောင်းလှပါတယ်။ သူဟာ ဘာစီလိုနာနဲ့စပိန်နိုင်ငံအသင်းအတွက် ပွဲပေါင်း (၇၅၀) ကစားပေးခဲ့ပြီးပါပြီ။ ပြီးတော့ အနီကက် တစ်ကြိမ်တစ်ခါမျှ ပြသခံရဖူးခြင်း မရှိခဲ့ပါဘူး။ လက်ရှိမှာတော့  ဂျပန် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ဖြစ်တဲ့ ကိုဘီ အသင်းမှာ ကစားလျက်ရှိနေပါတယ်။

Raul Gonzalez (ရာအူး ဂွန်ဇာလေ)

Source: 09442623612

စပိန်ဘောလုံးလောကရဲ့ မင်းသား လို့တင်စားခေါ်ဝေါ်ကြတဲ့ ရာအူးဟာ သူဘောလုံးကစားခဲ့တဲ့ (၁၇) နှစ်တာသက်တမ်းတစ်လျှောက်မှာ အနီကပ် ပြသခံရဖူးခြင်း မရှိခဲ့ပါဘူး။ ကလပ်အသင်းတွေအတွက် ပွဲပေါင်း (၉၄၀) ကျော် ကစားပေးခဲ့ပြီး (၄၀၄) ဂိုးသွင်းယူပေးခဲ့ပါတယ်။ စပိန်လက်ရွေးစင်အတွက်လည်း ဂိုးပေါင်း (၄၄) ဂိုးသွင်းယူပေးထားခဲ့ပါသေးတယ်။

Philip Lahm (ဖီးလစ်ပ် လန်း)

Source: Handelsblatt

ဖီးလစ်ပ် လန်းဟာ သူတို့ခေတ်အခါတုန်းက ကမ္ဘာ့အကောင်းဆုံး နောက်ခံကစားသမားတစ်ယောက်ဖြစ်ခဲ့သလို အကြီးကျယ်ဆုံး ခံစစ်ကစားသမား လည်းဖြစ်ခဲ့ပါတယ်။ သူ့ရဲ့လက်အောက်မှာ ဂျာမနီဟာ ဘရာဇီးမှာ ကျင်းပခဲ့တဲ့ (၂၀၁၄) ဖီဖာ ကမ္ဘာ့ဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ပြီးတော့ သူဟာ ဘေယန်မြူးနစ်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ခဲ့ဖူးပြီး (၂၀၁၂-၂၀၁၃) ချန်ပီယံလိဂ်ဖလားအပါအဝင် ဘွန်ဒက်လီဂါ အမှတ်ပေးချန်ပီယံ (၈) ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးပါတယ်။ ဒီလို ကလပ်အသင်းနဲ့နိုင်ငံအသင်းအတွက် ပွဲတွေအများကြီး ကစားပေးခဲ့ပြီး အောင်မြင်မှုတွေ များစွာယူဆောင်ပေးခဲ့ပေမယ့် အနီကပ် တစ်ကြိမ်မျှပြသခံရဖူးခြင်းမရှိခဲ့တဲ့ ဖီးလစ်ပ် လန်း ဟာ လေးစားအားကျဖွယ်ကောင်းတဲ့ နောက်ခံကစားသမားတစ်ဦးဖြစ်ပါတယ်။