ကြည့်ကောင်းပြီး အချိုးအစားပြေပြစ်တဲ့ခန္ဓာကိုယ်ကို လူတိုင်းပိုင်ဆိုင်ချင်ကြပေမယ့် အစားအသောက်ခုံမင်တဲ့အလေ့အကျင့်ကိုတော့ ဘယ်သူမှ မဖျောက်ဖျက်နိုင်ကြပါဘူး။ ဒါပေမဲ့ ဖက်ရှင်ကျဖို့ဆိုတာကတော့ ပိန်ခြင်း၊ ဝခြင်းနဲ့ မသက်ဆိုင်ပါဘူး။ ဝတ်စားတတ်ဖို့ပဲလိုတာပါ။

တကယ်လို့ စာဖတ်သူရဲ့ခန္ဓာကိုယ်က ဝဝဖိုင့်ဖိုင့်ဖြစ်ပြီး ဖက်ရှင်ကျကျဝတ်စားတတ်ချင်တယ်ဆိုရင်တော့ ဒီနည်းလမ်းများကို လိုက်နာလိုက်ပါ။

အဖြူရောင် ဝတ်ဆင်ချင်တယ်ဆိုရင်

Source: fasbest.com

အင်္ကျီအဖြူရောင်၊ ဘောင်းဘီအနက်ရောင် တွဲဖက်ဝတ်ဆင်ချင်တဲ့အခါ အင်္ကျီအဖြူပေါ်မှာ ကုတ်အင်္ကျီတစ်ထပ် (သို့) ဘလေဇာအင်္ကျီတစ်ထပ် ထပ်ဝတ်ပေးရပါမယ်။

အလျားလိုက် အစင်းကျားဝတ်သင့်လား၊ ဒေါင်လိုက်အစင်းကျား ဝတ်သင့်သလား

Source: mensopedia.com

အစင်းကျားအင်္ကျီ၊ ဘောင်းဘီတွေ ဝတ်ဆင်ချင်တယ်ဆိုရင်တော့ ဒေါင်လိုက်အစင်းကျားများသာ ရွေးချယ်ပါ။ အလျားလိုက် အစင်းကျားများက ခန္ဓာကိုယ်ကို ပိုဝတဲ့ပုံပေါက်စေမှာပါ။

ကိုယ့်ခန္ဓာကိုယ်နဲ့ ကွက်တိကျမယ့် အဝတ်အစားကို ရွေးချယ်ပါ။

Source: theidleman.com

ကိုယ့်ခန္ဓာကိုယ်က ဝလို့ဆိုပြီး အဆီတွေဖုံးသွားအောင်လို့ အင်္ကျီပွပွကြီး ဝတ်ဆင်ခြင်း၊ ဒါမှမဟုတ် အရမ်းကျပ်တဲ့ အဝတ်အစားဝတ်ခြင်းမျိုး ရှောင်ကြဉ်ရပါမယ်။ ကိုယ်နဲ့ သက်သောင့်သက်သာဖြစ်ပြီး ခန္ဓာကိုယ်နဲ့ ကွက်တိကျမယ့် အဝတ်အစားရွေးချယ်ခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်။

လည်ပင်းကို ဆွဲဆန့်ပါ။

Source: bairefined.com

ဝတဲ့သူတွေက လည်ပင်းမှာအဆီတွေစုတတ်ပြီး လည်ပင်းနဲ့မေးစေ့ဆက်သွားကာ လည်ပင်းနှစ်ထပ်ဖြစ်နေတဲ့ပုံစံ ပေါက်နေတတ်ပါတယ်။ ဒါ့ကြောင့် လည်ပင်းအပိတ်နဲ့ လည်ပင်းအဝိုင်းအင်္ကျီတွေထက် V ပုံသဏ္ဍာန်ရှိတဲ့ လည်ပင်းပေါက်အင်္ကျီများ ဦးစားပေး ဝတ်ဆင်ရပါမယ်။

အရောင်များ ရွေးချယ်တဲ့အခါ

Source: fasbest.com

အမဲရောင်ကတော့ ဝတဲ့သူတွေကို ပိုပိန်တဲ့ပုံပေါက်အောင် ကူညီပေးနိုင်တဲ့အရောင်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်လုံး အမဲရောင်တွေပဲ ဝတ်ဆင်နေလို့ မရပါဘူး။ ကိုယ်က ပိန်တဲ့ပုံပေါက်အောင်လို့ အမဲရောင်ချည်းပဲ ဝတ်နေတာလို့ အထင်ခံရနိုင်ပါတယ်။ အမဲရောင်အပြင် အမဲရောင်ဘက်သမ်းတဲ့ အရောင်တွေဖြစ်သော နေဗီပြာရောင်၊ အညိုရောင်၊ အစိမ်းရင့်ရောင်တို့ကိုလည်း ရွေးချယ် ဝတ်ဆင်နိုင်ပါတယ်။