ပီအက်စ်ဂျီအသင်းဟာ နည်းပြသောမတ်စ်တူချယ်ကို ခရစ်စမတ်အကြိုနေ့မှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါးနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်သွားမယ်လို့ မျှော်မှန်းရပါတယ်။
ပီအက်စ်ဂျီအသင်းနည်းပြသစ်ဖြစ်လာဖို့ ကောလာဟလတွေ ကြီးထွားနေချိန်မှာပဲ ပိုချက်တီနိုဟာ ပြင်သစ်မြေကို လီယွန်နယ်မက်ဆီနဲ့ ဒီပိုင်းတို့ကိုပါ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ပိုချက်တီနိုဟာ တစ်နိုင်ငံတည်းသား မက်ဆီကို ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းအတွက် ခေါ်ယူပေးပြီး ဥရောပအောင်မြင်မှုကို ရယူချင်နေတယ်လို့ La Parisien က ဖော်ပြခဲ့ပါတယ်။

Photo: ESPN
ပီအက်စ်ဂျီအသင်းဟာ ယခုရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့ သတင်းတွေအခိုင်အမာထွက်ပေါ်နေခဲ့တာဖြစ်ပြီး ပိုချက်တီနိုကလည်း အာဂျင်တီးနားကြယ်ပွင့်ကို နည်းပြချင်ကြောင်းကို လျှို့ဝှက်ထားခြင်းမရှိခဲ့တာဖြစ်ပါတယ်။
France Football ရဲ့ ဖော်ပြချက်အရ ပိုချက်တီနိုဟာ လိုင်ယွန်တောင်ပံကြယ်ပွင့် မန်းဖစ်ဒီပိုင်းကို ဦးစားပေးခေါ်သွားမယ်လို့ သိရပြီး ဒတ်ချ်ကြယ်ပွင့်ဟာ ယခင်တုန်းက ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။

Photo : Cartilage Free Captain
ပီအက်စ်ဂျီအားကစားဒါရိုက်တာ လီယိုနာဒိုက မန်းဖစ်ဒီပိုင်းကို တော်တော်လေးနည်းပါးတဲ့ပြောင်းရွှေ့ကြေး ယူရို ၅ သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းသွားဖွယ်ရှိတယ်လို့ ယုံကြည်ရပါတယ်။
