Poco ကနေ ဒီနှစ်အစောပိုင်း ဇန်နဝါရီလထဲမှာ POCO C50 ဖုန်းကို အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့ပြီး အခု ဒုတိယမြောက် ဖြန့်ချိမယ့် C-series Poco ဖုန်း Poco C55 ကို ထပ်မံကြေညာလိုက်ပါတယ်။ Poco C55 ဖုန်းဟာ Budget ဈေးတန်းထဲမှာ ရွေးချယ်စရာဖုန်းတစ်လုံး ဖြစ်လာမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ Chipset နဲ့ ပိုပြီး Powerful ဖြစ်တဲ့ ဖုန်း တစ်လုံးလို့ ပြောလို့ရပါတယ်။

Poco C55

Photo : GSMArena.com

၆.၇၁ လက်မ HD+ မျက်နှာပြင်ကို Panda Glass နဲ့ ကာကွယ်ပေးထားပြီး 5MP ဆယ်လ်ဖီကင်မရာထည့်သွင်းမြုပ်နှံထားတဲ့ Waterdrop Notch တစ်ခု ပါရှိပါတယ်။ Screen ရဲ့ Refresh Rate ကတော့ 60Hz ဖြစ်ပြီး 120Hz Touch Sampling Rate ၊ 20:9 Aspect Ratio နဲ့ 1500:1 Contrast Ratio တို့ ထောက်ပံ့ပေးထားပါတယ်။

ကျောဘက်မှာတော့ ဆွဲဆောင်မှုရှိတဲ့ လည်သာချုပ်ရိုး ဒီဇိုင်းပါရှိပြီး 50MP Main ကင်မရာကို 2MP Depth Sensor နဲ့ LED Flash ၁ လုံးတို့ တွဲဖက်တပ်ဆင် ပေးထားပါတယ်။ Portrait Mode ၊ Time-Lapse ၊ HDR နဲ့ Night Mode စတာတွေလည်း ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။
Poco C55 ဖုန်းမှာ Google Dialer အစား MIUI Dialer ပါဝင်တဲ့ MIUI 13 အခြေပြု Android 12 OS အသုံးပြုထားပါတယ်။

Helio G85 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 64/128GB Storage ထည့်သွင်းပေးထားကာ MicroSD Slot တစ်ခုလည်း ပါဝင်ပါတယ်။ ဘက်ထရီပိုင်းမှာတော့ 10W Charging စနစ်ထောက်ပံ့ပေးထားတဲ့ 5,000mAh ဘက်ထရီပါဝင်ပြီး microUSB ပေါက်ကနေတဆင့် အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Poco C55 ဖုန်းမှာ Dual SIM ၊ 4G VoLTE ၊ Dual-Band Wi-Fi ၊ Bluetooth 5.1 ၊ GPS နဲ့ 3.5mm နားကြပ်ပေါက်တွေလည်း ပါဝင်ပါတယ်။

Poco C55

Photo : GSMArena.com

Poco C55 ဖုန်းရဲ့ အရောင်တွေအနေနဲ့ကတော့ Power Black ၊ Cool Blue နဲ့ Forest Green ဆိုပြီး အရောင် ၃ မျိုးရွေးချယ်နိုင်မှာ ဖြစ်ပြီး 4 GB RAM + 64 GB ဗားရှင်းအတွက် ရူပီး ၉,၄၉၉ (ဒေါ်လာ ၁၁၅ ) နဲ့ 6 GB RAM + 128 GB ဗားရှင်းအတွက်ကိုတော့ ရူပီး ၁၀,၉၉၉ (ဒေါ်လာ ၁၃၃) ခန့် ကျသင့်မှာ ဖြစ်ပါတယ်။ Poco C55 ဖုန်းကို အိန္ဒိယနိုင်ငံမှာ လာမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကနေ စတင်ရောင်းချမယ်လို့သိရပြီး အစောဆုံး ဝယ်ယူသူတွေအနေနဲ့ ရူပီး ၁၀၀၀ ဝန်းကျင် လျော့ဈေးရရှိမှာ ဖြစ်ပါတယ်။

Featured Photo : GSMArena.com