ဘဝဟာဆန့်ကျင်ဖက်တွေနဲ့ပြည့်နေသလိုခံစားရတယ်။ ကျွန်ုပ်တို့အားလုံးဟာ နေ့စဉ်ပြသာနာတွေကို ကြိုးစားအားထုတ်ပြီး သော်လည်းပဲ တစ်ခါတစ်ရံတွင် ပြသနာတွေက ပိုပြီးရှုပ်ထွေးသွားတတ်ကြတယ်။ သေချာစဉ်းစားပြီးတော့ ဘာမှ အရာမရောက်တဲ့ အရာတွေလုပ်နေတာကို ရပ်သင့်ပါတယ်။ ဥပမာ ကြက်ငှက်တုပ်ကွေးဖြစ်လို့ ကြက်သားစားပွဲတွေ ကျင်းပသလိုမျိုးပေါ့။

ဒီနေ့တော့ ကျွန်ုပ်တို့နေ့စဉ်ဘဝမှာ လုပ်မိနေတဲ့ အဓိပ္ပာမရှိသော လုပ်ရပ်တွေက ဘာတွေလဲဆိုတာ ပြောပြပေးသွားမှာပါ။

ဈေးဝယ်တဲ့အချိန်မှာ ပလတ်စတစ်တွေ အများကြီးဝယ်ပြီးနေပေမယ့် အိတ်ကြီးတွေ အသုံးပြုခြင်း

တီဗီလှိုင်းတွေ ခဏခဏ ပြောင်းရင်း အချိန်ဖြုန်ခြင်း

စာမေးပွဲဖြေပြီး (သို့) အလုပ်လျှောက်လွှာတင်ပြီး နောက်စိုးရိမ်ပူပန်ခြင်း

Facebook app ကိုပိတ်ပြီးနောက်မကြာခင် ပြန်ဖွင့်ခြင်း (ခဏခဏပြုလုပ်နေခြင်း)

တီဗီကို မကြည့်ဘဲ ဖွင့်ထားခြင်း

စားစရာကုန်သွားပြီဖြစ်တဲ့ အိတ်တွေ ဗူးတွေကို ရေခဲသေတ္တာ (သို့) ကြောင်အိမ်တွေမှာ သိမ်းထားခြင်း

အစားအစာတွေ ရုတ်တရက်ရောက်လာမလားဆိုပြီး ရေခဲသေတ္တာကို မကြာခဏဖွင့်ကြည့်ခြင်း

ဘက်ထရီကုန်သွားတဲ့ ရီမု ကိုဒေါသတကြီး နှိပ်ခြင်း

မီးပွိုင့်မိနေချိန် (သို့) ကားလမ်းကြပ်နေချိန် ဟွန်းတီးခြင်း

သင်ရော ဘယ်လို အဓိပ္ပာမရှိတဲ့ လုပ်ရပ်တွေကို လုပ်မိနေပြီလဲ။

Source: Bright Side